Android Device Manager သုံးပြီး ဖုန်းပျောက်ရှာနည်း

Android Device Manager ဆိုတာက Google ရဲ့ တရားဝင် 'find my phone' feature တစ်ခုပါ။ သင့် Android Smart ဖုန်း ပျောက်ဆုံးသွားရင်သော်လည်းကောင်း၊ အခိုးခံရရင်သော် လည်းကောင်း ပြန်လည် ခြေရာ ခံတဲ့ နေရာ မှာ အထောက်အကူပြုတဲ့ free online service တစ်ခုပါ။



Android Device Manager က သင့်ရဲ့ ဖုန်း တည်ရှိရာနေရာကို တိတိကျကျ ရှာဖွေပေးနိုင်ပါတယ်။ Android 2.2 နဲ့အထက်ကို compatible ဖြစ်ပါတယ်။ သင့်ဖုန်းကို နေရာထားမှားခဲ့သော်လည်းကောင်း၊ ပျောက်ဆုံး သွားခဲ့ရင်သော်လည်းကောင်း ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို Android Device Manager က အခက်အခဲ မရှိ ရှာဖွေပေးပါလိမ့်မယ်။ လွယ်လွယ်လေးပါပဲ။

Android Device Manager ကို သွားလိုက်ပါ။ သင့်ရဲ့ Login တောင်းပါလိမ့်မယ်။ သင့် Android Smart Phone မှာ အသုံးပြုတဲ့ Google Account အတိုင်း Login ၀င်လိုက်ပါ။ ဒါဆို သင့်ဖုန်းရဲ့တည်နေရာကို အတိ အကျ ဖော်ပြ ပေးမယ့် Google Map ပုံစံ မြေပုံလေး တက်လာပါလိမ့်မယ်။ မြေပုံထဲမှာ မှိတ်တုတ် မှိတ်တုတ် နဲ့ တွေ့ရမယ့် အစက်ကလေးက သင့်ဖုန်းရဲ့ တည်နေရာပါ။ အကယ်၍ သင့်ဖုန်းက သင်နဲ့ အနီးအနားမှာ ရှိနေရင်တယ်ဆိုရင် Ring ဆိုတဲ့ function လေးကို တွေ့ပါလိမ့်မယ်။ အကယ်၍ သင့်ဖုန်းကို silent လုပ်ထား ရင် တောင်မှ Volume အမြင့်ဆုံးနဲ့ Ring ပြုလုပ်ပေးပါလိမ့်မယ်။ ဒါဆို နေရာအထားမှာလို့ မိမိအိမ်ထဲမှာတင် ပျောက်နေတာမျိုးဆိုရင် ချက်ချင်းတွေ့ပြီပေါ့။ ၅ မိနစ် ကြာတဲ့အထိ  မြည်နေပါလိမ့်မယ်။ ဖုန်းကို သွားကိုင်ပြီး ဖွင့်လိုက်ရင်တော့ Ring သံလေး ရပ်သွားပါလိမ့်မယ်။ ဖုန်း ဘက်ထရီမကုန်မချင်း ဆက်ပြီး Ring ဆက်လုပ်လို့ရပါတယ်။

နောက်တစ်ခုကတော့ Wipe Out feature လေးပါ။ သင့်ဖုန်းမှာ သိမ်းဆည်းထားတဲ့ ဓါတ်ပုံ၊ သီချင်း၊ ကိုယ်ရေး ကိုယ်တာ အချက်အလက်တွေကိုအပြင် settings တွေကိုပါ အဝေးကနေ လှမ်းပြီး delete ပြု လုပ် ပေး နိုင် ပါတယ်။ တစ်ခုတော့ ရှိတာပေါ့ဗျာ။ သင့်ဖုန်းကို လုံးဝ ပျောက်သွားပြီ (သို့မဟုတ်) အခိုးခံရလို့ဆိုရင်တော့ ဒီ feature လေးကို အသုံးပြုပြီး မိမိရဲ့ data / information တွေကို တခြားသူလက်ထဲ ပါမသွားရလေအောင် delete လုပ်လိုက်ပါ။ အကယ်၍ အထားမှားတယ်ဆိုရင်တော့ delete မလုပ်မိဖို့ သတိ ထားစေချင်ပါတယ်။ ဒီ feature လေးကို အသုံးပြုချင်တယ်ဆိုရင်တော့ သင့်ဖုန်းထဲမှာ remote wipe out feature လေးကို activate လုပ်ထားဖို့ လိုပါလိမ့်မယ်။ ဘယ်လို လုပ်မလဲ ကြည့်ရအောင်။

  • Google Settings ကို ဖွင့်လိုက်ပါ။
  • Android Device Manager ကို ဖွင့်လိုက်ပါ။
  • Allow remote lock and factory reset ကို အမှန်ခြစ် ခြစ်ပေးလိုက်ပါ။
  • အဲလို အမှန်ခြစ်ထားမယ်ဆိုရင် အောက်ပါ အချက်(၃)ချက်ကို လုပ်ဆောင်ပေးနိုင်ပါတယ်။
           ၁) Data တွေအားလုံးကို Erase လုပ်ပေးမယ်။
           ၂) Screen Lock Password ကို ပြောင်းနိုင်မယ်။
           ၃) Screen ကိုလည်း Lock လှမ်းချပေးမယ်။
  • ပြီးရင်တော့ Activate ဆိုတဲ့ ခလုတ်ကို နှိပ်ပေးလိုက်ရုံပါပဲ။

ဒါကတော့ Google ရဲ့ တရားဝင် service လေးတစ်ခုပေါ့ဗျာ။ တခြား third party apps တွေလည်း အသုံးပြုနိုင် ပါသေးတယ်။ Where's My Droid, Plan B, Android Lost Free, AntiDroid Theft စတဲ့ app တွေကလည်း ဖုန်းပျောက်တာတို့၊ အခိုးယူခံရတာတို့ ဖြစ်ပေါ်ခဲ့ရင် ရှာဖွေပေးနိုင်ပါသေးတယ်။ အားလုံး အဆင်ပြေ ကြပါစေ။


ဆက်လက်မျှဝေပါဦးမည်။
ကျေးဇူးတင်စွာဖြင့်
iTFree4U

6 comments:

  1. GPS မဖွင့်တဲ့ဖုန်းပျောက်သွားတာ ရှာလို.ရလား

    ReplyDelete
  2. ပျောက်သွားတယ်ဗျာ ဖုန်းကပိတ်ထားတယ်

    ReplyDelete
  3. ဖုန်း​ပျောက်​သွားတယ်​ ဖုန်း​ခေါ်လို့ရတယ်​...ပြီး​တော့ကိုင်​တယ်​ခင်​ဗျ..ပြန်​ချသွားတယ်​ ရှာလို့ရပါ့မလား

    ReplyDelete
  4. မပျောက်ခင်လုပ်ရမယ့်ဟာလားဗျ ပျောက်သွားမှရှာတဲ့နည်းလမ်းလေးရှိလားဗျ

    ReplyDelete
  5. မပျောက်ခင်လုပ်ရမယ့်ဟာလားဗျ ပျောက်သွားမှရှာတဲ့နည်းလမ်းလေးရှိလားဗျ

    ReplyDelete
  6. google acc ကိုဘယ်​လိုသိရမလည်း တခါမှ internet မသုံးဘူးလိုက်​ဘူး ​ပျောက်​သွားတဲ့ဖုန်းနဲ့

    ReplyDelete