Showing posts with label eBooks. Show all posts
Showing posts with label eBooks. Show all posts

ကတ်သီးကတ်သပ်အင်္ဂလိပ်စကားလုံးများ

ကျွန်တော်တို့ မြန်မာစကားတွေမှာလည်း ကတ်သီးကတ်သပ် ပြောတဲ့စကားတွေ ရှိပါတယ်။ ဥပမာအားဖြင့် - ကျောရရုံကြံတယ်၊ အပျိုရည်ဖျက်တယ် စသည်ဖြင့်ပေါ့ဗျာ။ အဲဒါလို ကတ်သီးကတ်သပ် စကားလုံးတွေကို အင်္ဂလိပ် ဘယ်လို ခေါ်သလဲဆိုတာကို သိထားရင် ဘယ်လောက် ကောင်းလိုက်မလဲနော်။ အဲဒါကို စုစည်းရေး သားထားတဲ့ တာရာမင်းဝေရဲ့ "ကတ်သီးကတ်သပ်အင်္ဂလိပ်စကားလုံးများ" စာအုပ်ကို အင်္ဂလိပ်စာ လေ့ လာ နေသူ သူငယ်ချင်းများ လေ့လာနိုင်ရန် ပြန်လည်မျှဝေလိုက်ပါတယ်။ ကျွန်တော်ကတော့ အရမ်းကို သဘောကျသွားတယ်ဗျာ။

ကတ်သီးကတ်သပ်အင်္ဂလိပ်စကားလုံးများ စာအုပ်အား ဒေါင်းယူရန်


ကျေးဇူးတင်စွာဖြင့်
iTFree4U

Facebook Hacking [eBooks]

ဒီနေ့တော့ Facebook Hacking ပိုင်းဆိုင်ရာ စာအုပ်လေးများကို စုစည်းပေးလိုက်ပါတယ်။ အခုဆိုရင် Hacking Hacking နဲ့ တော်တော်လေး ခေတ်စားလာသလို လေ့လာတဲ့သူတွေလည်း အတော်လေးကို များလာတာကို တွေ့ရပါတယ်။ ကျွန်တော်တော့ ပါမယ်မထင်ဘူး။ ဘာပဲပြောပြော အကောင်းဘက်က ကြည့်ရင် အားရစရာ အရမ်းကောင်းပါတယ်။ အဲဒီထဲကမှ ကမ္ဘာ့နံပါတ် ၁ Social Networking Site ဖြစ်တဲ့ Facebook ထဲမှာ သူများတွေရဲ့ အကောင့်တွေကို လက်တည့်စမ်းလာကြပါတယ်။ ဒါကို သိထားဖို့ မြန်မာနိုင်ငံသား ပညာရှင်တွေ ရေးသားထားတဲ့ Facebook Hacking နည်းလမ်း စာအုပ်လေးများကို စုစည်းပြီး ပြန်လည်မျှဝေ လိုက်ပါတယ်ဗျာ။ ကိုယ်တိုင် ဟက်တတ်ဖို့ထက် မိမိအကောင့်ကို ဟက်လာရင် ဘယ်လို ကာကွယ်ရမလဲဆိုတဲ့ ဟာလေး ကို သိစေချင်ပါတယ်။ စာရေးသူ မြန်မာပညာရှင်များကို ဒီနေရာကနေ သူငယ်ချင်းများအားလုံး ကိုယ်စား ကျေးဇူးတင်ပါတယ်ဗျာ။ ကဲ အတူတူ ဖတ်ရအောင်နော်။

Facebook Hacking စာအုပ်များ ဒေါင်းယူရန်

အော် ပြောရမှာ ကျန်ခဲ့လို့ အကယ်၍ Password မေးခဲ့ရင် iTFree4U လေး ရိုက်ထည့်လိုက်ပါနော်။


ကျေးဇူးတင်စွာဖြင့်
iTFree4U

WiFi Hacking [eBooks]


နည်းပညာတစ်ခုကို လေ့လာခြင်းဟာ ကောင်းမွန်တဲ့ အကျင့်တစ်ခုပါ။ ဒါပေမယ့်လည်း ခိုးယူခြင်း ဟာတော့ ကောင်း တဲ့ အကျင့်တော့ မဟုတ်ပါဘူးဗျာ။ အဲဒီတော့ ဒီအရာကိုတော့ နည်းပညာကို လေ့လာတဲ့ သဘောလောက် ပဲ သဘောထားပြီး လေ့လာစေချင်ပါတယ်ဗျာ။ ဒါကတော့ မိမိပါတ်ဝန်းကျင်အနီးနားက WiFi Password တွေ ကို hack လုပ်မယ့်နည်းလမ်းလေးတွေကို စုစည်းထားတဲ့ eBook လေးတွေပါ။ သူငယ်ချင်းများ အတွက် အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ စာရေးသူ ပညာရှင်များကို ဒီပို့စ်လေးနဲ့ ကျေးဇူး တင်ကြောင်း ပြောပါရစေဗျာ။

WiFi Hacking စာအုပ်များ ဒေါင်းယူရန်

Password လေး မေးခဲ့ရင် iTFree4U ဆိုပြီး ရိုက်ထည့်ပေးပါနော်။


ကျေးဇူးတင်စွာဖြင့်
iTFree4U

HACKING ဆိုင်ရာ eBook လေးများ

Hacking လေ့လာနေသူသူငယ်ချင်းများအတွက် အထောက်အကူပြု စာအုပ်လေးများကို စုစည်းပေးလိုက် ပါတယ်။ အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ။

ပါဝင်တဲ့ စာအုပ်များကတော့ ...
၁) Loic DDOS Tools ကိုအသုံးပြုနည်း
၂) The Hackers Handbook
၃) Wifi Basic Hacking
၎) Basic Hacking
၅) How to Hack Facebook Account
၆) Keylogger creation with notepad
၇) Wifi မှန်သမျှ လွယ်လွယ်ဟက်မယ်
၈) Xss Hacking

မူရင်း စာရေးသူများကို ဒီနေရာကနေ credit ပေးပါတယ်ဗျာ။ နည်းပညာတိုးတက်ဖို့ ဘက်ပေါင်းစုံကနေ ၀ိုင်းဝန်း ကူညီ ပေးနေ ကြတဲ့ အတွက်ကို အားလုံးကိုလည်း သူငယ်ချင်းများကိုယ်စား ကျေးဇူးတင်ပါတယ်။


ကျေးဇူးတင်စွာဖြင့်
iTFree4U

Pictionary ပိုစတာလေးများ (၄)

အင်္ဂလိပ်စာ ရုပ်ပြအဘိဓာန်ပိုစတာလေးများရဲ့ အဆက်ကို ထပ်တင်ပေးလိုက်ပါတယ်။ အင်္ဂလိပ်စာ လေ့ လာနေသူ သူငယ်ချင်းများအတွက် ပိုမိုလွယ်ကူစေရန် ရည်ရွယ်၍သော်လည်းကောင်း၊ ကလေးငယ်များကို သင်ကြားရေးတွင် အထောက်အကူပြုစေရန် လည်းကောင်း စုစည်းပေးထားခြင်းဖြစ်ပါတယ်။ အားလုံး အင်္ဂလိပ်စာ ဗဟုသုတ တိုးပွားကြပါစေဗျာ။




ကျေးဇူးတင်စွာဖြင့်
iTFree4U

CD/DVD ခွေ ဖန်တီးရာမှာ အသုံးဝင်လှတဲ့ Nero [Software + eBook]

Software + eBook ရဲ့ အဆက်လေးပါ။ ကျွန်တော် စုစည်းထားသမျှထဲကနေ အသုံးဝင်မယ့် Software လေးတွေ ကို အသုံးပြုနည်း(မြန်မာလို) စာအုပ် eBook လေးနဲ့တကွ တစ်ခုချင်း တင်ပေးသွား ပါ့မယ်။ ဒါဆိုတော့ စာအုပ်ရှိရင် Software ရှာရတဲ့ဒုက္ခ၊ Software ရှိရင် အသုံးပြုနည်း(မြန်မာလို) eBook ရှာရတဲ့ ဒုက္ခ ကင်းဝေးပြီပေါ့နော်။

ဒီတစ်ခါတော့ CD/DVD ခွေတွေ Copy, Burn, Create လုပ်ရုံမကဘဲ Photo Animation  ခွေလေးတွေပါ ဖန်တီးတဲ့ အင်မတန်ကို ကောင်းမွန်လှတဲ့ Nero ရဲ့ Software နဲ့ eBook လေးပါ။ အားလုံးအတွက် အသုံးဝင် လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Nero 8 [Software] ဒေါင်းယူရန်
Nero 8 [အသုံးပြုနည်း-မြန်မာလို] ဒေါင်းယူရန်


ကျေးဇူးတင်စွာဖြင့်
iTFree4U

Pictionary ပိုစတာကလေးများ(၃)

အင်္ဂလိပ်လေ့လာ/သင်ကြားရာမှာ အထောက်အကူပြုတဲ့ ပုံပြင်အဘိဓာန်(ခေါ်) Pictionary ပို့စတာကလေး များကို တတိယစုစည်းမှုအနေနဲ့ ထပ်မံတင်ပေးလိုက်ပါတယ်။ တချို့ဒေသတွေမှာတော့ Poster လေးတွေ အဖြစ် ၀ယ်ယူနိုင်ပါတယ်။ ဒါကတော့ Mobile Device သုံးပြီး လေ့လာမယ့် သူငယ်ချင်းများ၊ မိမိရဲ့ သားသမီးများကို သင်ကြားပေးမယ့် မိဘများအတွက် ရည်ရွယ်ပြီး စုဆောင်းရင်းနဲ့ ပြန်လည် မျှဝေ ပေးလိုက်ခြင်းဖြစ်ပါတယ်။







ဆက်လက်မျှဝေပါဦးမည်။
ကျေးဇူးတင်စွာဖြင့်
iTFree4U

နှလုံးသားနူးညံ့စေသော စာစုများ (သို့မဟုတ်) နှလုံးသားအာဟာရ



ကျွန်တော် အမြဲတမ်း ပြောနေကျ စကားလေးတစ်ခွန်း ရှိပါတယ်။ ဘယ်လူမျိုးနဲ့ တွေ့တွေ့၊ ဘယ်နိုင်ငံ ရောက်ရောက် ကျွန်တော် ပြောပါတယ်။ ငါဟာ ရင်ဘတ်(နှလုံးသား)ရယ်၊ ခေါင်း(ဦးဏှောက်) ရယ် ကို ဦးစားပေးပြီး ဖြည့်တည်းတယ်။ လောကမှာ လူတစ်ယောက်ဟာ ငွေဘယ်လောက် ချမ်းသာချမ်းသာ စာနာနားလည် တတ်တဲ့ နှလုံးသားတစ်စုံ၊ အမှား/အမှန်ကို ဝေဖန်ပိုင်းခြားတတ်တဲ့ ပညာကို တတ်မြောက်ထားခြင်းမရှိတဲ့ ဦးဏှောက်တစ်လုံး မရှိဘူးဆိုရင် အဲဒီလူဟာ လောကအတွက် အလကားလူပဲ။ ဒါဟာ ကျွန်တော့်ရဲ့ အတွေးအခေါ် ယူဆချက်ပါ။ သူငယ်ချင်းတို့နဲ့လည်း ကွဲလွဲကောင်း ကွဲလွဲနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲလို ကျွန်တော့်နှလုံးသား နူးညံ့လာအောင် ပြုပြင်ပြောင်းလဲပေးခဲ့တဲ့ စာအုပ်လေးတွေကတော့ ဆရာဖေမြင့်ရဲ့ နှလုံးသားအာဟာရများဆိုတဲ့ ပုံပြင်တို/စာစုများပါပဲ။

ကျွန်တော်ဟာ ငယ်ငယ်က စာဖတ်တာ ပျင်းပါတယ်။ ဒါပေမယ့် ဒီလို စာအုပ်ကလေးတွေ ဖတ်မိတဲ့အချိန် ကစပြီး စာဖတ်ဝါသနာ ပါခဲ့တာ အခုဆို စာမဖတ်ရရင် အိပ်မပျော်တဲ့အထိ ၀ါသနာရှိနေပါပြီ။ စာပေရဲ့ အကျိုးကျေးဇူးကို ကောင်းစွာ နားလည်နေပါပြီ။ ဒါကြောင့် သူငယ်ချင်းတို့ကိုလည်း မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိရဲ့ သားသမီး/ညီအစ်ကိုမောင်နှမများကိုသော်လည်းကောင်း ပြန်လည် ပြောပြနိုင်မယ့် ပုံပြင်ပတ်စ/စာစုများဖြစ်တဲ့ ဆရာဖေမြင့် နှလုံးသားအာဟာရစာအုပ်များကို စုစည်းပေးလိုက်ပါတယ်။

နှလုံးသားအာဟာရ(ပထမတွဲ)
နှလုံးသားအာဟာရ ရသစာပေများ(၁)
နှလုံးသားအာဟာရ ရသစာပေများ(၂)
နှလုံးသားအာဟာရ ရသစာပေများ(၃)


ကျေးဇူးတင်စွာဖြင့်
iTFree4U

Layout Designer သမားများ လေ့လာသင့်သော InDesign [Software + eBook]

စာစီစာရိုက်သမားတစ်ယောက်အနေနဲ့ဖြစ်ဖြစ်၊ Layout Designer ဖြစ်ချင်တဲ့ သူများ အတွက် ဖြစ်ဖြစ် လေ့လာ သင့်တဲ့အထဲ တစ်ခုအပါအ၀င်ဖြစ်တဲ့ Adobe InDesign Software ကို အသုံးပြုနည်း စာအုပ်လေးနဲ့ တကွ ပြန်လည်မျှဝေလိုက်ပါတယ်။ ကျွန်တော် ဒီလို တင်ပေးနေတဲ့ ရည်ရွယ်ချက်ကတော့ တစ်ခါတလေ တစ်ခုခုကို လေ့လာချင်လို့ ရှာတော့မယ်ဆို Software ကို တွေ့ပေမယ့် အသုံးပြုနည်းစာအုပ်(မြန်မာလို) မတွေ့ဘူးဖြစ်နေတတ်ပါတယ်။ အဲလို အခက်အခဲမျိုး မကြုံရစေဖို့ ရည်ရွယ်ချက်လေးနဲ့ စုစည်းပေးခြင်း ဖြစ်ပါတယ်။ ရှိပြီးသားသူငယ်ချင်းများအတွက်ကတော့ ထားလိုက်ပါ။ မရှိသေးတဲ့ သူငယ်ချင်းများအတွက် ရည်ရွယ်ခြင်းပါ။ အဆင်ပြေကြပါစေ ...။

Adobe InDesign CS 3.0 [Software]
Adobe InDesign CS 3.0 [အသုံးပြုနည်း-မြန်မာလို]


ကျေးဇူးတင်စွာဖြင့်
iTFree4U

ဓါတ်ပုံပြင်/ဒီဇိုင်းဆွဲ လေ့လာမယ့်သူများအတွက် Adobe Photoshop (Software + eBooks)

ဒီတစ်ခါတော့ ဓါတ်ပုံပြုပြင်ဖန်တီး၊ ဒီဇိုင်းရေးဆွဲခြင်း ပညာကို စတင် လေ့လာမယ့် သူငယ်ချင်းများအတွက် အင်မတန်ကို လေ့လာသင့်တဲ့ Adobe Photoshop များကို ကျွန်တော် လက်လှမ်းမှီသလောက် Software များနဲ့ အသုံးပြုနည်း စာအုပ်(eBook)များကို စုစည်းပေးထားပါတယ်။ အထူးသဖြင့်တော့  မြန်မာလို စာအုပ်များကို ဦးစားပေး တင်ပေးထားပါတယ်။ အကယ်၍ အင်္ဂလိပ် ရေးသားထားတဲ့ စာအုပ်များကို လိုချင်ရင်လည်း Comment မှာ ပြောခဲ့ပါ။ ကျွန်တော်တို့ ထပ်တင်ပေးပါ့မယ်။ အားလုံး အဆင်ပြေကြပါစေ။

Adobe Photoshop CS [Software]
Adobe Photoshop CS [အသုံးပြုနည်း-မြန်မာလို]
Adobe Photoshop CS3 [Software]
Adobe Photoshop CS3 [အသုံးပြုနည်း-မြန်မာလို]



ဆက်လက်မျှဝေပါဦးမည်။
ကျေးဇူးတင်စွာဖြင့်
iTFree4U

စာစီစာရိုက်သမားတစ်ယောက်အတွက် မရှိမဖြစ် Adobe PageMaker 7.0 (Software + eBook)

ကျွန်တော် နောက်ပိုင်း စိတ်ကူးလေးတစ်ခုရတယ်ဗျာ။ Software နဲ့ အသုံးပြုနည်း စာအုပ်လေးကို တွဲတွဲပြီး တင်ပေးမယ်လို့ပေါ့။ ကျွန်တော်က တကယ်တော့ ဘလော့လေးကို စရေးတုန်းက ပြောထားဖူး သလို လေ့လာဆဲလူငယ်တစ်ယောက်ပါ။ ကျွန်တော် တက်လာခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ Software တော်တော်များများကို စာအုပ်တွေ ဖတ်ပြီး သင်ယူခဲ့ရတာ များပါတယ်။ ဒါကြောင့် ကျွန်တော့်လိုပဲ သူငယ်ချင်းတို့လည်း Software တစ်ခုကို အသုံးပြုမယ်ဆိုတိုင်း အသုံးပြုနည်းကို ရှာစရာ မလိုအောင် Software + eBook ဆိုပြီး ကျွန်တော် တောက်လျှောက် တင်ပေးသွားပါ့မယ်။

ဒီတစ်ခါတော့ ကျွန်တော် စာစီစာရိုက်သမား လုပ်ခဲ့စဉ်ဘ၀က ၇ နှစ်ကျော် အသုံးပြုခဲ့တဲ့ အကျွမ်းကျင်ဆုံး ထဲက တစ်ခုဖြစ်တဲ့ Adobe PageMaker 7.0 ကို သူငယ်ချင်းများအတွက် အသုံးပြုနည်း စာအုပ်လေးနဲ့ တကွ ပြန်လည်မျှဝေလိုက်ပါတယ်။

Adobe PageMaker 7.0 ဒေါင်းယူရန်
Adobe PageMaker 7.0 အသုံးပြုနည်း eBook ဒေါင်းယူရန်


ဆက်လက်မျှဝေပါဦးမည်။
ကျေးဇူးတင်စွာဖြင့်
iTFree4U

Pictionary ပိုစတာကလေးများ (၂)

အင်္ဂလိပ်စာ လေ့လာရာမှာ ကလေးများအတွက်သာမကဘဲ၊ ကျွန်တော်တို့လို လူကြီးပိုင်းတွေအတွက်ပါ အလွန်အသုံးဝင်လှတဲ့ Pictionary Poster လေးများကို စုစည်းပြီး တဆင့် ပြန်လည်မျှဝေလိုက်ပါတယ်။ ကျွန်တော်တို့ နေ့စဉ် သုံးစွဲနေကျ အသုံးအဆောင်ပစ္စည်းတွေကို အင်္ဂလိပ်သိချင်တဲ့အခါ ပုံလေးတွေနဲ့ အတူ လေ့လာတော့ ပိုမိုလွယ်ကူစေပါတယ်။ ကလေးတွေကို အင်္ဂလိပ်စာ စသင်တဲ့အခါမှာလည်း အင်မတန်ကို အသုံးဝင်တဲ့ Poster လေးပါ။ အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။



 






ဆက်လက်မျှဝေပါဦးမည်။
ကျေးဇူးတင်စွာဖြင့်
iTFree4U

Facebook Data တွေကို ဘယ်လို Backup လုပ်မလဲ

မနေ့က ကျွန်တင်ပေးထားတဲ့ ထားတဲ့ ဆောင်းပါးလေးရဲ့ အဆက်ဆိုလည်း ဟုတ်ပါတယ်။ မနေ့ကတော့ ကျွန်တော်တို့ ဘာကြောင့် Facebook Content တွေကို Backup လုပ်သင့်သလဲဆိုတာကို တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီတော့ သိသင့်သလောက်လည်း သိပြီးပါပြီ။ ဒီတစ်ခါတော့ ဘယ်လို Backup လုပ်မလဲ။ ကဲ လွယ်ပါတယ်။ အဆင့်က (၅)ဆင့်တည်းပါ။ အတူတူ လုပ်ကြည့်ရအောင်နော်။ တကယ်တော့ Facebook built-in archival tool လေးကို အသုံးပြုပြီး လုပ်သွားတာပါပဲ။

အဆင့်(၁) ညာဘက်အပေါ်ထောင့်နားက ဂီယာသွားပုံလေးကို နှိပ်ပြီး Account Settings လေးကို ဖွင့်ပါ။
အဆင့်(၂) ကဲ ဘယ်ရောက်နေလဲ ကြည့်ရအောင်။ အဲဒီအောက်နားလေးမှာပဲ Download a copy ဆိုတာလေးကို တွေ့တယ်ဟုတ်။ အဲဒါလေးကို နှိပ်လိုက်ရင် confirm လုပ်ပေးဖို့ password တောင်းပါလိမ့်မယ်။ ထည့်ပေးလိုက်ပါ။ ပြီးရင် အောက်မှာ expanded archive လေးကိုတွေကို backup လုပ်ချင်သလားတဲ့။ ကဲ အပန်းမှမကြီးတာ အကုန်သာ လုပ်ပလိုက်။
အဆင့်(၃) Download Archive လေးနှိပ်ပြီး ဒေါင်းလိုက်ပါပြီ။ ကဲ ဘယ်လောက် အံ့သြဖို့ကောင်းလဲ။ ဆိုဒ်က MB လောက်ပဲ ရှိတယ်။ ဒီလောက် ကျွန်တော်တို့ နှစ်အတော်ကြာ တင်ထားတဲ့ ဓါတ်ပုံတွေ/သတင်းတွေ/ Post တွေဟာ ဒီလောက်ပဲ ရှိတယ်ဆိုတော့။
အဆင့်(၄) ကဲ ဖွင့်ကြည့်ရအောင်။ ဟောဗျာ။ အားလုံး folder လေးတွေနဲ့ တွေ့ရပြီ။ အဲဒီမှာ subfolders လေး ၂ ခုတွေ့မယ်။ html နဲ့ photos ဆိုပြီးတော့။ html folder ကတော့ တင့်ခဲ့သမျှ posts, likes, messages တွေပါ။ Friends ဆိုတာ အောက်မှာလည်း သင့်သူငယ်ချင်းတွေရဲ့ email စတာတွေ တွေ့ပါမယ်။ အဲဒီမှာ သင်တင်ထား ခဲ့တဲ့ ဓါတ်ပုံတွေကို html နဲ့လည်း တွေ့နိုင်ပါသေးတယ်။ ဒုတိယ main folder လေးကတော့ အင်မတန်ကို အံ့သြဖို့ကောင်းပါတယ်။ သင်တင်ထားခဲ့သမျှ ဓါတ်ပုံတွေကို .jpeg format နဲ့ တွေ့ရပါမယ်။
အဆင့်(၅) အကယ်၍ သင် expanded archive ကိုလည်း ဒေါင်းခဲ့မယ်ဆိုရင်တော့ သူငယ်ချင်းတွေရဲ့ အခြားအချက်အလက်တွေကိုပါ တွေ့ရမှာပါ။
ကဲ ဘယ်လောက်လွယ်ပြီး အံ့သြဖို့ကောင်းလဲနော်။ ကျွန်တော် အအံ့သြဆုံးကတော့ တင်ခဲ့သမျှ ဓါတ်ပုံတွေကို .jpeg အနေနဲ့ ပြန်ရတာကိုပါပဲ။ ဒါကတော့ Facebook built-in tool ကို အသုံးပြုပြီး backup လုပ်ခြင်းပါ။ တခြား tool တွေကိုလည်း အသုံးပြုပြီး backup လုပ်နိုင်ပါသေးတယ်။ ဆက်လက် ဖော်ပြပေးသွား ပါ့မယ်။ အားလုံး အဆင်ပြေကြပါစေ။


ဆက်လက်မျှဝေပါဦးမည်။
ကျေးဇူးတင်စွာဖြင့်
iTFree4U

ဟယ်ရီပေါ်တာ စာအုပ်များ(အင်္ဂလိပ်/မြန်မာ)

အင်္ဂလိပ်လေ့လာလိုက်စားတဲ့ သူငယ်ချင်းများအတွက်လည်း အသုံးဝင်၊ အိပ်ယာဝင်ပုံပြင် ဖတ်ရတာ ၀ါသနာ ရှိတဲ့ သူငယ်ချင်းများအတွက်လည်း အင်မတန်ကောင်းမွန်တဲ့ စာအုပ်လေးတွေဖြစ်တဲ့ Harry Potter စာအုပ်လေးတွေကို စုစည်းပေးလိုက်ပါတယ်။ အားလုံး မဟုတ်ပါဘူး။ အထူးသဖြင့် အင်္ဂင်္လိပ် ဘာသာပြန် လေ့လာနေတဲ့ သူငယ်ချင်းများအတွက် အသုံးဝင်အောင် ရည်ရွယ်တာကြောင့် မြန်မာလို ဘာသာပြန်ပြီးသား ရှိတဲ့ စာအုပ်များကို အင်္ဂလိပ် မူရင်းစာအုပ်များနှင့် တွဲလျက် တင်ပေးထားခြင်း ဖြစ်ပါတယ်။ မူရင်းစာအုပ်တွေကို လိုချင်ရင်တော့ comment မှာ ပြောခဲ့ပါ တင်ပေးပါ့မယ်။ ဘာသာပြန်စာအုပ်တွေကို တင်ပေးတဲ့ဆိုဒ်တွေက ဒီနေရာကနေ credit ပေးပါတယ်ဗျာ။ အားလုံး စာပေဗဟုသု တိုးပွားကြပါစေ .....။

ဟယ်ရီပေါ်တာနှင့်ပြဒါးရှင်လုံး
Harry Potter And the Sorcerers Stone
ဟယ်ရီပေါ်တာနှင့်အက်ဇခါဘန်အကျဉ်းသား
Harry Potter and the Prisoner of Azkaban
ဟယ်ရီပေါ်တာနှင့်မှော်ဝင်ရတနာ
Harry Potter and the Deadly Hallows
ဟယ်ရီပေါ်တာနှင့်သွေးတစ်ဝက်မှော်ဝိဇ္ဇာ
Harry Potter and Half Blood Prince



ဆက်လက်မျှဝေပါဦးမည်။
ကျေးဇူးတင်စွာဖြင့်
iTFree4U

Tech Space ဂျာနယ် [အမှတ်(၂) အတွဲ(၃၅)]

Tech Space ဂျာနယ် အမှတ်(၂) အတွဲ(၃၅) online ပေါ် ရောက်ရှိလို့ ဖတ်ရှုနိုင်ပါပြီဗျာ။ ထုတ်ဝေ ရက်စွဲ နိုဝင်ဘာလ ၃၀ ရက်ဆိုတော့ မကြာခင် ၀ယ်ယူဖတ်ရှုနိုင်ပါတော့မယ်။ ဒါကတော့ အဝေးရောက် သူငယ်ချင်းများအတွက် တဆင့် ပြန်လည်မျှဝေခြင်းမျှသာ ဖြစ်ပါတယ်။ ဒီတစ်ပါတ်မှာလည်း ....
  • ၂၄ နာရီအတွင်း XBOX ONE အလုံးရေး ၁ သိန်းကျော် ရောင်းချခဲ့ရ
  • Windows 7 ပိုမြန်အောင် လုပ်နည်း
  • အနာဂါတ်ရဲ့ tablet များ
  • Developing on Microsoft Platform စတဲ့ နည်းပညာဆောင်းပါးတွေနဲ့အတူ
  • ပြည်တွင်း/ပြည်ပ နည်းပညာ သတင်းများ
  • ပြည်တွင်း နည်းပညာသင်တန်းကျောင်းများ
  • ပြည်တွင်းသို့  ရောက်ရှိလာတဲ့ Gadget များရဲ့ မိတ်ဆက်
စသည့်  ဆောင်းပါး၊ သတင်း စုံစွာ ပါရှိပါတယ်။

ဖတ်ရှုလိုတယ်ဆိုရင်တော့ ဒီမှာ ဒေါင်းယူနိုင်ပါတယ်။


ဆက်လက်မျှဝေပါဦးမည်။
ကျေးဇူးတင်စွာဖြင့်
iTFree4U

Digital Life ဂျာနယ် [အမှတ်(၂) အတွဲ(၂၉)]

Technology Journal တစ်စောင်ဖြစ်တဲ့ Digital Life ဂျာနယ် အမှတ်(၂) အတွဲ(၂၉) online ပေါ် ရောက်ပါပြီဗျာ။ ထုတ်ဝေမယ့် ရက်စွဲကတော့ နိုဝင်ဘာ ၂၄ ဆိုတော့ ၀ယ်ယူဖတ်ရှုနိုင်နေပါပြီ။ ဒါကတော့ အဝေးရောက် သူငယ်ချင်းများအတွက် တဆင့် မျှဝေခြင်းပါ။ နည်းပညာဂျာနယ်တစ်စောင်ရဲ့ အင်္ဂါရပ်နဲ့ ညီညွှတ်စွာ အပါတ်စဉ် အစဉ်အလာမပျက် ....
  • အင်တာနက်မြေအောက်ကမ္ဘာ
  • Google ၏ Nexus 10 Tablet ရောင်းပြီ  စတဲ့ နိုင်ငံခြားဆောင်းပါးများ
  • ၂၀၁၄ ခုနှစ်မှာ Sim Card တွေကို လမ်းဘေးဆိုင်မှာ ၀ယ်ယူနိုင်တော့မည်
  • ဆက်သွယ်ရေးဥပဒေ(၂၀၁၃) ထွက်ရှိပြီး ရက်(၆၀)အတွင်း မိုဘိုင်းလ်အော်ပရေတာလိုင်စင်ပေးမည်
  • Telenor ၏ ဖြန့်ချီရေးအတွက် ခြေလှမ်းများ စတဲ့ ပြည်တွင်းနည်းပညာသတင်းများနှင့်အတူ
  • အသစ်ထွက် နည်းပညာပစ္စည်းမိတ်ဆက်များ
  • သင်တန်းကျောင်းများ/နည်းပညာပစ္စည်းဈေးနှုန်းများ
စုံလင်အောင် ဝေေ၀ဆာဆာ တင်ဆက်ထားပါတယ်။  အပါတ်စဉ်လည်း အလျင်းသင့်သလို ပြန်လည် မျှဝေ ပေးသွားပါ့မယ်။

ဂျယ်နယ်ဒေါင်းယူရန်



ဆက်လက်မျှဝေပါဦးမည်။
ကျေးဇူးတင်စွာဖြင့်
iTFree4U

အင်တာနက်ဂျာနယ် [အမှတ်(၁၄) အတွဲ(၄၆)]

အင်တာနက်ဂျာနယ် အမှတ်(၁၄) အတွဲ(၄၆) ကို ဖတ်ရှုနိုင်ပါပြီဗျာ။ ထုတ်ဝေရက်စွဲက နိုဝင်ဘာလ ၂၈ ရက် ဆိုတော့ ကြာသပတေးနေ့ ထုတ်ဝေမှာပါ။ ၀ယ်ဖတ်ဖို့ လွယ်ကူတဲ့ သူငယ်ချင်းများကတော့ ၀ယ် ဖတ် စေချင်ပါတယ်။ ဒါကတော့ အဝေးရောက် သူငယ်ချင်းများနဲ့ ဂျာနယ်ဝယ်ဖတ်ဖို့ ခက်ခဲတဲ့ ဒေသ ရောက် သူငယ်ချင်းများအတွက် ပြန်လည်မျှဝေခြင်းမျှသာ ဖြစ်ပါတယ်။ သက်တမ်း ကြာမြင့်တဲ့ နည်းပညာဂျာနယ် တစ်စောင်ဖြစ်သည်နှင့်အညီ ဒီတစ်ပါတ်မှာလည်း
  • မြန်မာနိုင်ငံမှာ လက်ခံကျင်းပမယ့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် နည်းပညာဆိုင်ရာ ပြင်ဆင်မှုများ
  • စမတ်ဖုန်းများ သုံးစွဲသူ များပြားလာသဖြင့် အင်တာနက်ဆိုင်များတွင် သုံးစွဲနည်းပါးလာ
  • သွင်းကုန်/ထုတ်ကုန်ဥပဒေတွင် ဆော့ဝဲလဲ ပါဝင်လာစေရန် ဆောင်ရွက်နေ စတဲ့ သတင်းဆောင်းပါးတွေနဲ့အတူ
  • ပြည်တွင်း/ပြည်ပ နည်းပညာသတင်းများ
  • အသစ်ထွက် နည်းပညာ၊ နည်းပညာ Gadget တွေရဲ့အကြောင်းမိတ်ဆက်များ
စုံလင်အောင် တက်ဆက်ထားပါတယ်။ အင်မတန်ကို ဖတ်ရှုရန် ကောင်းတဲ့ ဂျာနယ်တစ်စောင်လို့ ညွှန်းပါရစေဗျာ။ အပါတ်စဉ်လည်း အလျင်းသင့်သလို ပြန်လည် မျှဝေပေးပါ့မယ်။

ဂျာနယ်ဒေါင်းယူရန်



ဆက်လက်မျှဝေပါဦးမည်။
ကျေးဇူးတင်စွာဖြင့်
iTFree4U

Mobile Guide ဂျာနယ် [အတွဲ(၂) အမှတ်(၃၀)]

အပါတ်စဉ် ထုတ်ဝေလျှက်ရှိတဲ့ Mobile Guide ဂျာနယ် အတွဲ(၂) အမှတ်(၃၀) ထွက်ရှိလာပါပြီ။ ထုတ်ဝေမယ့် ရက်စွဲကတော့ November 27 ပါ။ ဂျာနယ်ကို ၀ယ်ဖတ်ရန် ခက်ခဲတဲ့ ဒေသရောက် သူငယ်ချင်းများ အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ အပါတ်စဉ် တင်ဆက်နေကျ Mobile Guide ရဲ့ထုံးစံအတိုင်း
  • Android ဖုန်းရဲ့ သော့ခလောက်များ
  • Apple မှာ Steve Jobs မရှိတော့တဲ့နောက်
  • iPhone အတွက် ထွက်ပေါ်လာတဲ့ Game Controller များ
  • ပြည်တွင်း/ပြည်ပ နည်းပညာသတင်းများ
  • ပြည်တွင်း သင်တန်းကျောင်းများ
  • ပြည်တွင်း/ပြည်ပ နည်းပညာပစ္စည်းဈေးနှုန်းများ
စုံလင်လို့ပါပဲဗျာ။ အပါတ်စဉ် အလျင်းသင့်သလို ပြန်လည်မျှဝေ ပေးသွားပါ့မယ်။

ဂျာနယ်ဒေါင်းယူရန်


ဆက်လက်မျှဝေပါဦးမည်။
ကျေးဇူးတင်စွာဖြင့်
iTFree4U

ဘာကြောင့် မိမိရဲ့ Facebook Content တွေကို Backup လုပ်ဖို့ လိုအပ်သလဲ

ကျွန်တော်ကိုယ်တိုင် ဒီရက်ထဲ မေးမိတဲ့ မေးခွန်းလေးတစ်ခုပါ။ သူငယ်ချင်းတို့အတွက်လည်း အသုံးဝင်ဖို့ အဖြေလေးတစ်ချို့ ရှာတွေ့သလောက် ပြန်လညှ်မျှဝေ ရေးသားလိုက်ပါတယ်။ ကဲ အတူတူ စဉ်းစား ကြည့်ရအောင်ဗျာ။ ဘာကြောင့် ကျွန်တော် နှစ်အတော်ကြာ တင်ထားသမျှ ဓါတ်ပုံတွေ/သတင်းတွေ/ sharing data တွေကို backup လုပ်ဖို့ လိုအပ်သလဲ။

၁) သင့် Facebook အကောင့် Hack ခံရပြီဆိုပါစို့။ ဒါဆို သင် တင်ထားသမျှ Photos, သူငယ်ချင်းစာရင်းတွေ၊ Status Update တွေ၊ Posted Link တွေ စတဲ့စတဲ့ အရာတွေကို အဆုံးရှုံးခံနိုင်မလား။ ဒီကနေ့ ခေတ်မှာ ဘယ် စာရွက်/စာတမ်း စာရင်းအင်းမဆို၊ အချက်အလက်မဆို backup ဆိုတာ ထားဖို့ လိုအပ်လာပါပြီ။

၂) Facebook က ၉၉.၉၉၉ ရာခိုင်နှုန်း လုံခြုံတယ် ပြောပါဦး။ နေ့စဉ်နဲ့အမျှ ကျွန်တော်တို့ ကိုယ်တိုင် အကောင့်တွေက Lock ကျကုန်တယ်။ အချက်အလက်တွေ ဆုံးရှုံးကုန်တယ်။ အဲဒီတော့ ပညာရေး/ စီးပွားရေး ရည်ရွယ်ချက်နဲ့ ဖွင့်ထားတဲ့ Page တွေကို ဘယ်လိုလုပ်ကြမလဲ။ ဒီအချက်ကလည်း အရေးကြီး ပါတယ်။

၃) ကျွန်တော်တို့ကတော့ သိပ်မသိကြပေမယ့် တကယ် Business , Education, Government ပိုင်းဆိုင်ရာ အသုံးပြုသူတွေရဲ့ Data Loss ပြသနာဟာ Facebook မှာ နေ့တိုင်း ကြုံတွေ့နေရပါတယ်။ ဒါတွေကိုကော ဘယ်လိုလုပ် ကာကွယ်ထားမလဲ။

၎) သင်ဟာ ကုမ္ပဏီတစ်ခုရဲ့ Facebook Page ကို post / edit လုပ်ပေးနေရတဲ့ admin ဆိုပါတော့။ သင် နေ့စဉ် တင်သမျှ အချက်အလက်တွေ ဆုံးရှုံးသွားပြီဆိုရင်ကော။ သင့်ရဲ့ အချိန်တွေ ဆုံးရှုံးသွားရုံတင်မကဘူးနော်။ သင့်ကုမ္ပဏီရဲ့ ငွေကြေးနဲ့ အချိန်တွေလည်း ဆုံးရှုံးသွားမှာပဲဆိုတာ ထည့်စဉ်းစားပါ။

၅) သင့်ရဲ့ Facebook ကို ကာကွယ်ခြင်းဟာ သင့်ရဲ့ Data ကို ကာကွယ်ရုံတင်မကဘူး Facebook နဲ့ နေ့စဉ် ချိပ်ဆက်အသုံးပြုနေတဲ့ Thirt-party Sites နှင့် services တွေက ရယူသွားမယ့် Data / credentials ပိုင်းဆိုင်ရာ တွေလည်း ဆုံးရှုံးသွားမှာပါ။

၆) ၃ သန်းကျော်သော Page တွေဟာ Facebook ပေါ်မှာ နေ့စဉ် စီးဆင်းနေပါတယ်။ သင့်ရဲ့ Page ပိုင်းဆိုင်ရာ Promote လုပ်တော့မယ်ဆိုရင်ကော အဲဒီထဲမှာ ပါတဲ့ Data တွေ ဆုံးရှုံးသွားရင်ကော .... ။ Promote လုပ်ရင် အချိန်ကုန်/ ငွေကုန်ကြေးကျခံရမှာလေ။

၇) ပျမ်းမျှအားဖြင့် တွက်ကြည့်ရင်တဲ့ Facebook အကောင့်တစ်ခုမှာ သူငယ်ချင်း ၁၃၀ ယောက် ရှိပါတယ်တဲ့။ ကဲ အကြောင်းအမျိုးမျိုးကြောင့် သင့်အကောင့် ပျောက်ဆုံးသွားပြီဆိုရင် ဒီသူငယ်ချင်းတွေကို အတိအကျ ဘယ်လိုလုပ် ပြန်ရှာပြီး add မလဲ။ backup ထားမယ်ဆိုရင်တော့ အားလုံး ပြန်ရနိုင်ပါတယ်တဲ့။

၈) Facebook အသုံးပြုသူတွေဟာ ပျမ်းမျှအားဖြင့် လစဉ် အနည်းဆုံး 4 Pages ကို Likes လုပ်ပါတယ်တဲ့။ အလုပ်များသူတွေရဲ့ သဘာဝအလျောက် သူတို့ဟာ Page တစ်ခုက နောက်တစ်ခါ ပြန် Like လုပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ကဲ သင့် Facebook Page ပျောက်သွားခဲ့ရင် သင့် Page ရဲ့ Fan တွေ ဘယ်လို ပြန်ရဖို့ လွယ်မလဲ။

၉) 10,000+ Likes ရှိတဲ့ Facebook Pages ဟာ ၄ ရာခိုင်နှုန်းခန့်သာ ရှိပါတယ်တဲ့။ ကဲ သင့်ရဲ့ Page သာ အဲဒီ ၄ ရာခိုင်နှုန်းထဲ ပါနေခဲ့ရင် သေချာသလောက်ပါပဲ။ သင့် Page ရဲ့ Fans တွေပျောက်သွားခဲ့ရင် အဲဒီလို ပြန်ရဖို့ဆိုတာ အင်မတန်ခက်ခဲမယ်နော်။

၁၀) Likes ပေါင်း 10,000+ ရှိနေတဲ့ Page တစ်ခုဖြစ်လာတယ်ဆိုတာ သူ တင်ထားတဲ့ ဗီဒီယို၊ ဓါတ်ပုံ၊ မှတ်တမ်း သတင်းတွေကြောင့်ပေါ့။ ကဲ အဲဒါတွေ ရင်းနှီးခဲ့ရတဲ့အတွက် ဆုံးရှုံးသွားခဲ့ရင်လည်း အင်မတန်ကို ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်မှာ သေချာပါတယ်။

၁၁) Facebook က သင့်သူငယ်ချင်းတွေ၊ Fan တွေရဲ့ လုပ်ဆောင်ချက်တွေ အားလုံးကို ပြသနေမှာ မဟုတ်တော့ပါဘူး။ အဲဒီတော့ သင့်ရဲ့ Content တွေ ပျောက်ဆုံးသွားရင် အဲဒီသူငယ်ချင်းတွေ ရေးထားမယ့် Comment တွေ၊ Likes တွေလည်း အတူတူ ပျောက်ကွယ်သွားမှာလေ။ Backup လုပ်ထားခြင်းဟာ အဲဒီအရာ တွေကို ကိုယ်ပွား သိမ်းထားပေးမှာပါ။

၁၂) အခုဆိုရင် Facebook ပေါ်မှာ Post တင်သမျှတွေဟာ Facebook ပေါ်မှာ ပေါ်လာသလို Google Search ပေါ်မှာလည်း ပေါ်လာတယ်နော်။ အဲဒီတော့ ဆုံးရှုံးခဲ့မယ်ဆိုရင် ၂ ဆ ဆုံးရှုံးမှာပါ။

ကဲ ဒီလောက်ဆို Facebook မှာ Backup ဟာ ဘယ်လောက် အရေးကြီးတယ်ဆိုရင် သူငယ်ချင်းတို့ သိလောက်ပါပြီနော်။ စီးပွားရေးဆိုင်ရာ/သတင်းအချက်အလက်ပိုင်းဆိုင်ရာ ဝေမျှနေတဲ့ ဆိုဒ်ဆို Backup လုပ်ထားခြင်းဟာ အင်မတန်ကို တန်ဖိုးရှိတဲ့ လုပ်ရပ်ဖြစ်မှာပါ။ ဘယ်လို backup လုပ်မလဲဆိုတာလေးကို ဆက်လက်မျှဝေ တင်ပြပေးသွားပါ့မယ်ဗျာ။ စောင့်မျှော်ဖတ်ရှုပါဦး။



ဆက်လက်မျှဝေပါဦးမည်။
ကျေးဇူးတင်စွာဖြင့်
iTFree4U

Net Guide ဂျာနယ် [အတွဲ(၃) အမှတ်(၁၁)]

Net Guide ဂျာနယ် အတွဲ(၃) အမှတ်(၁၁) ထွက်ပါပြီဗျာ။ ထုတ်ဝေမှာကတော့ လာမယ့်စနေနေ့၊ နိုဝင်ဘာလ ၂၃ ရက်နေ့ပါ။ ၀ယ်ဖတ်ရလွယ်ကူတဲ့ အရပ်ဒေသရောက် သူငယ်ချင်းများကတော့ ၀ယ်ဖတ်စေလိုပါတယ်။ ဒါမှလည်း သူတို့ရဲ့ Publishing လုပ်ငန်းလေး ဆက်လက်ရပ်တည်ပြီး ကျွန်တော်တို့လို စာဖတ်သူ နည်းပညာချစ် သူငယ်ချင်းများလည်း ဆက်လက် ဖတ်ရှုနိုင်မှာလေ။ ဒါကတော့ အဝေးရောက် ၀ယ်ယူဖတ်ရှုရန် မဖြစ်နိုင်တဲ့ သူငယ်ချင်းများအတွက် တဆင့် ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်ဗျာ။

ဒီအပါတ်ရဲ့ Review လေးကြည့်ရအောင်
  • Huawei ဖုန်းတွေမ၀ယ်ခင် ဒါလေးတွေ သိသင့်တယ်
  • မုံရွာမှာ န၀မအကြိမ်မြောက် ကွန်ပျူတာနဲ့ မိုဘိုင်းပြပွဲ ကျင်းပမည်
  • Apple ကို ယှဉ်ပြိုင်မည့် Dell ရဲ့ ထုတ်ကုန်သစ် စတင်ဖြန့်ချီပြီ စတဲ့စတဲ့ သတင်းတွေနဲ့အတူ
  • ပြည်တွင်း နည်းပညာပစ္စည်းဈေးနှုန်းများ
  • ပြည်တွင်း နည်းပညာသင်တန်းများ/အရောင်းဆိုင်များ
  • နည်းပညာသတင်းများ
စုံလင်စွာဖြင့် ဖတ်ရှုရမယ်တဲ့ဗျ။

Net Guide ဂျာနယ်အသစ်ထွက် ဒေါင်းယူရန်


ဆက်လက်မျှဝေပါဦးမည်။
ကျေးဇူးတင်စွာဖြင့်
iTFree4U