လက်ကွက်မြန်လာအောင် ဘယ်လိုလေ့ကျင့်မလဲ

လက်ကွက်သုံး နည်းပညာပစ္စည်းတွေ သုံးနေသမျှ လက်ကွက်မြန်ဖို့ဆိုတာလည်း မရှိမဖြစ် လိုအပ်လာပါတယ်။ အဲဒီတော့ လက်ကွက် မြန်လာဖို့ မှန်ကန်တဲ့ လေ့လာနည်းတွေဟာလည်း အရေးပါလှပါတယ်။ ကီးဘုတ်ကို မြန်မြန်ရိုက်နိုင်တာဟာ အလုပ်ကို မြန်မြန်ပြီးမြောက်စေရုံတင်မကပါဘူး၊  ကီးဘုတ် မြန်မြန် ရိုက်နိုင်ခြင်းဟာ သင့်ရဲ့ဦးဏှောက်ထဲမှာ ရှိနေတဲ့ Ideas မမေ့သွားခင် မြန်မြန် ပြီးမြောက်စေတဲ့အတွက် အလွန်ကို လိုအပ်လှပါတယ်။

ဒီဆောင်းပါးလေးမှာတော့ ကျွန်တော်တို့ ဘယ်လို လက်ကွက်ကို မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ရိုက်နိုင် အောင် လေ့လာမလဲဆိုတာ နည်းလမ်း(၅)သွယ်နဲ့ ဖော်ပြသွားပါ့မယ်။ တချို့ နည်းလမ်းတွေက အရမ်းကို မြင်သာတဲ့ နည်းလမ်းတွေပါ။ ဒါပေမယ့် တချို့နည်းလမ်းတွေကတော့ Application လေး တချို့ ကို အသုံးပြုပြီး လေ့လာရသွားရမှာပါ။

(၁) အကျင့်ဟောင်းတွေကို ဖျောက်ပါ။
သင် ရိုက်နေကျ နည်းလမ်းမှား/နည်းလမ်းအဟောင်းတွေကို ဖျောက်ပစ်ဖို့ဆိုတာ အင်မတန်ကို ခက်ခဲပါတယ်။ သင် ကီးဘုတ်ကို စတင်အသုံးပြုစဉ်ကတည်းက ဒီပုံစံအတိုင်း ရိုက်နေခဲ့တာဆိုတော့လည်း ဟုတ်ပါတယ်။ လက်ဝါးကို အောက်ချပြီး ရိုက်တဲ့အကျင့်ပါ။ သင်ဟာ First-person shooter ဂိမ်းတို့ ဂိမ်းတွေကို ဆော့တဲ့ Gamer တစ်ယောက်ဆိုရင်တော့ သေချာပါတယ် သင့်ဘယ်လက်ချောင်းတွေဟာ WASD Key တွေပေါ်မှာပဲ သန်နေပြီး ညာဖက်ထက်ကို ပို မိုမြန်ဆန် သန်မာနေတာကို တွေ့ရမှာပါ။
တချို့ဆို လက်နှစ်ချောင်းနဲ့ ရိုက်တဲ့အကျင့်ပါ။ အဲဒီတော့ သင့်မျက်လုံးက ရှိသင့်တဲ့နေရာမှာ မရှိဘဲ အမြဲတမ်း ကီးဘုတ်ပေါ်မှာ ရောက်နေပြီး ကီးတွေကို မမှားရအောင် လျှောက်ကြည့်နေရတော့တာပေါ့။ ကဲ မြန်မြန် ဆန်ဆန် ကီးဘုတ်ကို ရိုက်ချင်ဆိုရင်တော့ အခုချိန်က စပြီး အဲဒီအကျင့်ကို မြေလှန်ပစ်ရပါမယ်။

(၂) လက် ၁၀ ချောင်းစလုံးကို အသုံးပြုပါ။
နောက်တဆင့် အရေးကြီးဆုံးကတော့ လက် ၁၀ ချောင်းစလုံး ကီးဘုတ်ရဲ့ မှန်ကန်တဲ့ ကီးပေါ်မှာ ရှိနေဖို့ပါ။ ကီးဘုတ်ကို သေသေချာချာ ငုံ့ကြည့်ပါဦး။ [F] ကီးနဲ့ [J] ကီးပေါ်မှာ အဖုသေးသေးလေး ပါရှိနေတာကို တွေ့ရ ပါမယ်။ အဲဒါဟာ သင် ကီးဘုတ်ကို ငုံ့ကြည့်စရာမလိုလောက်အောင် လက်အထားအသိုမှန်အောင် အထောက် အကူပြုထားတာပါ။

အခြေခံအားဖြင့်တော့ သင့်ရဲ့ လက်ညှိုးကို [F] နဲ့ [J] ကီးပေါ်မှာ တင်ထားပြီး ကျန်တဲ့ လက်ချောင်းလေး  တွေကို သူ့အလိုက်အတိုင်း တင်ထားလိုက်ရုံပါပဲ။

အောက်ကပုံကို ကြည့်ပါ။ အရောင်နဲ့ ဖော်ပြထားတဲ့ ကီးလေးတွေ သင့်လက်ချောင်းတစ်ချောင်းစီရဲ့ နှိပ်ရမယ့် ကီးလေးတွေကို ဖော်ပြထားတာပါ။ လက်ခလယ်က ကီးဘုတ်မှာရှိတဲ့ ကီးအနည်းငယ်ကိုပဲ နှိပ်ရပြီး လက်ညှိုး ကတော့ အလယ်ဧရိယာ ကီးတွေကို နှိပ်ရမှာပါ။ Punctuation နဲ function ကီးတွေကိုတော့ လက်သန်းနဲ့ပဲ ရိုက်ရမှာပါ။

(၃) လက်ကို ထိပြီး ရိုက်တဲ့အကျင့်ကို လုပ်ပါ။
နောက်တစ်ခုကတော့ လက်ကို ထိပြီး ရိုက်တဲ့အကျင့်ပါ။ အထူးသဖြင့်တော့ သင် ကီးဘုတ်ကို မကြည့်ဘဲ ရိုက်တဲ့အခါမျိုးပေါ့။ သင် ကီးဘုတ်ကို ကြည့်ပြီးရိုက်နေမယ်ဆိုရင်တော့ သေချာပေါက် နှေးနေမှာပါပဲ။

အဲလို ရိုက်နိုင်ဖို့ဆိုတာလည်း လေ့ကျင့်မှုပါပဲ။ ဒီနေရာမှာ နာရီပိုင်းလောက် လေ့ကျင့်တာကို မပြောပါဘူး။ သင့် ရဲ့ လက်ချောင်းကလေး သူရိုက်နှိပ်ရမယ့် ကီးလေးတွေရဲ့ နေရာမှန်ကို ရောက်ဖို့ဆို အနည်းဆုံးတော့ ရက်သတ္တပါတ် အနည်းငယ် ကြာကောင်း ကြာနိုင်ပါတယ်။ နှေးနေသေးရင်လည်း စိတ်မပျက်ပါနဲ့။ ဆက်လေ့ကျင့်ပါ။

အဲဒီတော့ တဖြည်းဖြည်းနဲ့ ၀ါကျလေးတွေ ရိုက်နိုင်လာမယ်။ ဖြစ်နိုင်သမျှ ကီးဘုတ်ကို မကြည့်ဘဲ ရိုက်နိုင်အောင် ကြိုးစားပါ။ လက်ချောင်းကလေးကို မှတ်မိဖို့လည်း မမေ့ပါနဲ့။ တဖြည်းဖြည်းနဲ့တော့ မြန်လာမှာ အမှန်ပါပဲ။

တဖြည်းဖြည်းနဲ့ သင့်လက်ချောင်းက ဘယ်ပြီးရင် ဘယ်သွားရမယ်ဆိုတာ သိလာလေလေ သင် သေချာပေါက် ကီးဘုတ် နှိပ်တာ မြန်လာပါပြီ။

(4) Basic Keyboard Shortcuts လေးတွေ များမျာသုံးပါ။
ဘာကြောင့် Windows နဲ့ Mac OS မှာ ကီးဘုတ် Shortcuts တွေ ဖန်တီးပေးထားလည်း ဆိုတာ သိပ်တော့ မအံ့သြတော့ပါဘူး။ သင့်လက်က ကီးဘုတ်ပေါ် ရောက်နေမှာ တခုခုကို လှမ်းနှိပ်ဖို့ Mouse ကို ဘာလုပ်ဖို့ သုံးနေတော့မလဲ။ Shortcut အားလုံးကို မှတ်မိဖို့ မဆိုလိုပါ။ အခြေခံ လေးတချို့ကိုတော့ သိထားသင့်ပါတယ်။

အောက်ပါ Shortcuts တော့ စာရိုက်တဲ့ Program တော်တော်များများမှာ အသုံးပြုတဲ့ shortcut တွေပါ။
အင်တာနက် Browsers တွေကို သုံးတဲ့အခါမှာလည်း shortcut တွေကို သုံးနိုင်ပါတယ်။ ဒါကတော့ Browsers တွေမှာသုံးတဲ့ shortcut တချို့ပါ။
ဒါတွေကတော့ Windows ရဲ့ အသုံးဝင်တဲ့ Common shortcut တွေပါ။
ဒီ shortcut တွေကို အသုံးရာမှာ အထူးသဖြင့် လက်သန်းကို အသုံးပြုတာများပါတယ်။ ဘာကြောင့်လဲဆိုတော့ Ctrl , Shift နဲ့ Alt ကီးတွေဟာ လက်သန်းနဲ့ ပိုနီးတော့ သုံးရတာ ပိုလွယ်ပါတယ်။

(၅) Application များဖြင့် လေ့ကျင့်ပါ။
လက်ကွက်မြန်အောင် လေ့ကျင့်တာကို စိတ်ဖိစီးမှုတစ်ခုလို မသတ်မှတ်ပါနဲ့။ ဂိမ်းလေးတွေ ဆော့ပြီးတော့ လည်း လေ့ကျင့်ရင် ရနိုင်ပါတယ်။ အောက်မှာ အသုံးဝင်တဲ့ Typing လေ့ကျင့်တဲ့ Websites နဲ့ ဂိမ်းလေး တချို့ကို ဖော်ပြပေးလိုက်ပါတယ်။
TypeRacer
TypeRacer ဆိုတာက ကားတစ်စီးကို လူတစ်ယောက်အနေနဲ့ ကိုယ်စားပြုပြီး ဆော့ရတဲ့ typing game ပါ။ စာတစ်ပိုဒ်သို့မဟုတ် သီချင်းစာသားတစ်ခု ပေးမယ်။ စရိုက်တာနဲ့ ကားက စထွက်မယ်။ မြန်မြန်ပြီးအောင် ရိုက်နိုင်တဲ့သူဟာ ကားက ပန်းတိုင်ကို မြန်မြန်ရောက်တဲ့အတွက် အနိုင်ရမယ်။
Type Maniac
Type Maniac က Facebook Game လေးတစ်ခုပါ။ စာလုံးတွေ ကျလာမယ်။  စာလုံးတွေ မြေကြီးပေါ် မရောက်ခင် မြန်မြန်ရိုက်ရမှာပါ။ ရိုက်လိုက်ရင် စာလုံးတွေက ပျောက်သွားမယ်။ အမှတ်လည်း တက်လာမယ်။ အဲဒီတော့ စာလုံးပေါင်း မမှားဘဲ မြန်မြန်ရိုက်နိုင်လေလေ အမှတ်များများရပြီး Level တွေ တက်သွားမယ်။
Keybr.com
Keybr ကတော့ သင့်ကို အစီအစဉ် မကျတဲ့ စကားလုံးကို ရိုက်ခိုင်းပါမယ်။ အဲဒီတော့ ပုံမှန်မဟုတ်တဲ့ အစီအစဉ် မကျတဲ့ စာလုံးတွေကို ရိုက်နှိပ်ပြီး လေ့ကျင့်ရမှာပါ။ အဲဒီတော့ ပြီးသွားတာနဲ့ သင်ဟာ ဘယ်စာလုံးမှာ ရိုက်တာ အားနည်းချက်ရှိနေတယ် ဆိုတာ ဇယားနဲ့တကွ ပြသပါလိမ့်မယ်။ နောက်တစ်ခုကောင်းတာက မတူညီတဲ့ ဘာသာစကား/ မတူညီတဲ့ ကီးဘုတ်အမျိုးအစားတွေနဲ့လည်း ရိုက်ပြီး လေ့ကျင့်နိုင်ပါတယ်။
Touch Typing Study
ဒီသင်ခန်းဆိုဒ်ကတော့ သင့်ကို တူညီတဲ့ လက်ကွက်(ကီး)လေးတွေကို အကြိမ်ကြိမ်အခါခါ ရိုက်ခိုင်းမယ်။ ဒါဆို သင်ဟာ လက်အထားအသို မှန်ကန်လာမယ်။ တခြား ဘာသာစကားအနေနဲ့လည်း လေ့ကျင့်နိုင်ပါတယ်။
Learn Typing
Learn Typing ကတော့ လက်ကို ထိပြီး ရိုက်နိုင်အောင် လေ့ကျင့် အရမ်းကို အခြေခံကျတဲ့ ဆိုဒ်လေးပါ။ အခြေခံ ကျေသွားရင်တော့ နောက်အဆင့်တွေကို ဆက်လက် လေ့ကျင့်နိုင်ဖို့ လေ့ကျင့်ခန်းတွေများစွာလည်း ပါဝင်ပါတယ်။
"Practice makes perfect." တဲ့။ တဖြည်းဖြည်း လေ့ကျင့်ပါက အချိန်ကာလတစ်ခုကြာခဲ့ရင်တော့ သင်ဟာ မြန်မြန်ဆန်ဆန် ရိုက်နိုင်တဲ့ Typist တစ်ယောက် သေချာပေါက် ဖြစ်လာမယ်ဆိုတာ ယုံကြည်ပါတယ်။


ဆက်လက်မျှဝေပါဦးမည်။
ကျေးဇူးတင်စွာဖြင့်
iTFree4U

1 comment:

  1. လက်ကွက်မြန်လာအောင် ဘယ်လိုလေ့ကျင့်မလဲ ~ It4U >>>>> Download Now

    >>>>> Download Full

    လက်ကွက်မြန်လာအောင် ဘယ်လိုလေ့ကျင့်မလဲ ~ It4U >>>>> Download LINK

    >>>>> Download Now

    လက်ကွက်မြန်လာအောင် ဘယ်လိုလေ့ကျင့်မလဲ ~ It4U >>>>> Download Full

    >>>>> Download LINK

    ReplyDelete