Showing posts with label Hacking. Show all posts
Showing posts with label Hacking. Show all posts

Facebook Hacking [eBooks]

ဒီနေ့တော့ Facebook Hacking ပိုင်းဆိုင်ရာ စာအုပ်လေးများကို စုစည်းပေးလိုက်ပါတယ်။ အခုဆိုရင် Hacking Hacking နဲ့ တော်တော်လေး ခေတ်စားလာသလို လေ့လာတဲ့သူတွေလည်း အတော်လေးကို များလာတာကို တွေ့ရပါတယ်။ ကျွန်တော်တော့ ပါမယ်မထင်ဘူး။ ဘာပဲပြောပြော အကောင်းဘက်က ကြည့်ရင် အားရစရာ အရမ်းကောင်းပါတယ်။ အဲဒီထဲကမှ ကမ္ဘာ့နံပါတ် ၁ Social Networking Site ဖြစ်တဲ့ Facebook ထဲမှာ သူများတွေရဲ့ အကောင့်တွေကို လက်တည့်စမ်းလာကြပါတယ်။ ဒါကို သိထားဖို့ မြန်မာနိုင်ငံသား ပညာရှင်တွေ ရေးသားထားတဲ့ Facebook Hacking နည်းလမ်း စာအုပ်လေးများကို စုစည်းပြီး ပြန်လည်မျှဝေ လိုက်ပါတယ်ဗျာ။ ကိုယ်တိုင် ဟက်တတ်ဖို့ထက် မိမိအကောင့်ကို ဟက်လာရင် ဘယ်လို ကာကွယ်ရမလဲဆိုတဲ့ ဟာလေး ကို သိစေချင်ပါတယ်။ စာရေးသူ မြန်မာပညာရှင်များကို ဒီနေရာကနေ သူငယ်ချင်းများအားလုံး ကိုယ်စား ကျေးဇူးတင်ပါတယ်ဗျာ။ ကဲ အတူတူ ဖတ်ရအောင်နော်။

Facebook Hacking စာအုပ်များ ဒေါင်းယူရန်

အော် ပြောရမှာ ကျန်ခဲ့လို့ အကယ်၍ Password မေးခဲ့ရင် iTFree4U လေး ရိုက်ထည့်လိုက်ပါနော်။


ကျေးဇူးတင်စွာဖြင့်
iTFree4U

WiFi Hacking [eBooks]


နည်းပညာတစ်ခုကို လေ့လာခြင်းဟာ ကောင်းမွန်တဲ့ အကျင့်တစ်ခုပါ။ ဒါပေမယ့်လည်း ခိုးယူခြင်း ဟာတော့ ကောင်း တဲ့ အကျင့်တော့ မဟုတ်ပါဘူးဗျာ။ အဲဒီတော့ ဒီအရာကိုတော့ နည်းပညာကို လေ့လာတဲ့ သဘောလောက် ပဲ သဘောထားပြီး လေ့လာစေချင်ပါတယ်ဗျာ။ ဒါကတော့ မိမိပါတ်ဝန်းကျင်အနီးနားက WiFi Password တွေ ကို hack လုပ်မယ့်နည်းလမ်းလေးတွေကို စုစည်းထားတဲ့ eBook လေးတွေပါ။ သူငယ်ချင်းများ အတွက် အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ စာရေးသူ ပညာရှင်များကို ဒီပို့စ်လေးနဲ့ ကျေးဇူး တင်ကြောင်း ပြောပါရစေဗျာ။

WiFi Hacking စာအုပ်များ ဒေါင်းယူရန်

Password လေး မေးခဲ့ရင် iTFree4U ဆိုပြီး ရိုက်ထည့်ပေးပါနော်။


ကျေးဇူးတင်စွာဖြင့်
iTFree4U

HACKING ဆိုင်ရာ eBook လေးများ

Hacking လေ့လာနေသူသူငယ်ချင်းများအတွက် အထောက်အကူပြု စာအုပ်လေးများကို စုစည်းပေးလိုက် ပါတယ်။ အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ။

ပါဝင်တဲ့ စာအုပ်များကတော့ ...
၁) Loic DDOS Tools ကိုအသုံးပြုနည်း
၂) The Hackers Handbook
၃) Wifi Basic Hacking
၎) Basic Hacking
၅) How to Hack Facebook Account
၆) Keylogger creation with notepad
၇) Wifi မှန်သမျှ လွယ်လွယ်ဟက်မယ်
၈) Xss Hacking

မူရင်း စာရေးသူများကို ဒီနေရာကနေ credit ပေးပါတယ်ဗျာ။ နည်းပညာတိုးတက်ဖို့ ဘက်ပေါင်းစုံကနေ ၀ိုင်းဝန်း ကူညီ ပေးနေ ကြတဲ့ အတွက်ကို အားလုံးကိုလည်း သူငယ်ချင်းများကိုယ်စား ကျေးဇူးတင်ပါတယ်။


ကျေးဇူးတင်စွာဖြင့်
iTFree4U

Best Hacking Operating System

ကဲ ဒီတစ်ခါ မျှဝေပေးချင်တာကတော့ အကောင်းဆုံး Hacking Operation System တွေရဲ့ Download Link တွေ စုစည်းမှုလေးပါ။ ဒါကိုတော့ အစ်ကို AC Vs DC က စုဆောင်းပေးထားတာပါ။ Hacking ကို ၀ါသနာ ရှိတဲ့သူငယ်ချင်းများ ဒေါင်းထားကြနော်။ ဆက်လက်ပြီး အဲဒီ OS တွေနဲ့ ပါတ်သက်တဲ့ install လုပ်ပုံလုပ်နည်း၊ အသုံးပြုပုံ အသုံးပြုနည်း စတဲ့ အရာတွေလေးကို အလျင်းသင့်သလို မျှဝေပေးသွားပါ့မယ်။

  1. kali Linux http://www.kali.org/downloads/
  2. BackTrack 5r3 http://www.backtrack-linux.org/downloads/
  3. NodeZero. http://www.nodezero-linux.org/downloads
  4. BackBox Linux http://www.backbox.org/downloads
  5. Blackbuntu. http://www.pen-tests.com/blackbuntu-download.html
  6. Samurai Web Testing Framework. http://sourceforge.net/projects/samurai/files/
  7. Knoppix STD. http://s-t-d.org/download.html
  8. Pentoo. http://www.pentoo.ch/download/
  9. WEAKERTH4N. http://hr.weaknetlabs.com/
  10. Matriux Krypton. http://www.ulozto.net/xC6VodE/linux-matriux-krypton-1-2-iso
  11. DEFT. http://www.deftlinux.net/download/
  12. CAINE http://www.caine-live.net/page5/page5.html

အစ်ကို အေစီကို ဒီပို့စ်လေးနဲ့ ကျေးဇူးတင်ကြောင်း ပြောပါရစေ။


ဆက်လက်မျှဝေပါဦးမည်။
ကျေးဇူးတင်စွာဖြင့်
iTFree4U

Facebook အကောင့်အား ကာကွယ်ရန် နည်းလမ်း(၉)သွယ်

သန်းပေါင်းများစွာသော ဆိုဒ်တွေထဲမှာ Facebook ဟာ နံပါတ်(၁) ဖြစ်လာခဲ့ပါပြီ။ သင်ဟာ နေ့တိုင်း Device ပေါင်းစုံကနေ Facebook အကောင့်ထဲကို login ၀င်နေတာဆိုတော့ တစ်နေရာမဟုတ် တစ်နေရာမှာ သင် logout လုပ်ဖို့ မေ့ကောင်းမေ့နိုင်မယ်။ အဲဒီတော့ အခြားသူတွေက သင်မေ့ခဲ့တဲ့ Facebook အကောင့်ကို မလိုအပ်တဲ့ နည်းလမ်းနဲ့ အသုံးချသွားမယ်။ ဒါတွေကို ဘယ်လို နည်းလမ်းနဲ့ ကာကွယ်မလဲ။ ဒီလိုပဲ အခြားနည်းလမ်းတွေနဲ့လည်း သင့်ရဲ့ အကောင့်ကို Hacker / Attacker တွေက အဝေးတနေရာကနေ လှမ်းပြီး access ရမသွားရလေအောင် ဘယ်နည်းလမ်းတွေ နဲ့ ကာကွယ်မလဲဆိုတာကို နည်းလမ်း(၉)သွယ်နဲ့ တင်ပြသွားပါ့မယ်။

၁) အကောင်းဆုံး/အခိုင်မာဆုံး Password ကို ဖန်တီးထားပါ။
သင့်ဆီမှာ Facebook အကောင့်အတွက် သင့်ရဲ့ ကိုယ်ပိုင် Password ရှိတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် Facebook အကောင့်အတွက် အခြား ဆိုဒ်ရဲ့ Password တွေနဲ့ လုံးဝ မတူရင် ပိုကောင်းပါတယ်။ ဥပမာ- email, blog, hosting, စသည်ဖြင့် ....


Facebook မှာ Password ချိန်းချင်တယ်ဆိုရင်တော့ Account Settings > General > Password ထဲ ကနေ ၀င်ရောက်ပြီး ပြောင်းလဲနိုင်ပါတယ်။
အကောင်းဆုံး Password ဘယ်လို ဖန်တီးမလဲဆိုတာ ဒီမှာ လေ့လာနိုင်ပါတယ်။

၂) ဖုန်းနံပါတ်ကို ထည့်သွင်းပြီး Confirm လုပ်ထားပါ။
ဖုန်းနံပါတ်ကို ထည့်သွင်းပြီး confirm လုပ်ထားခြင်းဟာ Facebook လုံခြုံရေးအတွက် အကောင်းဆုံးထဲက နည်းလမ်းတစ်သွယ်ဖြစ်ပါတယ်။ ဒီလို ထည့်သွင်းထားခြင်းအားဖြင့်လည်း  အကယ်၍ သင့် Password မေ့သွား ခဲ့ရင်လည်း Facebook ကနေ SMS ကနေတဆင့် ပြန်လည် ရယူနိုင်ပါတယ်။

ဖုန်းနံပါတ်ကို ထည့်သွင်းဖို့ကိုတော့ Account Settings > Mobile ထဲကနေ Add a Phone ကို နှိပ်ပါ။
Country ကို ရွေးပါ။ ပြီးရင်တော့ Carrier ကို ရွေးပေးပါ။ ပြီးရင်တော့ Next ကို နှိပ်ပါ။
ဒါဆို သင်ပြုလုပ်ရမယ့် ညွှန်ကြားချက်လေးတစ်ခု ကျလာပါမယ်။ F ဆိုတဲ့ စာလုံးလေးကို SMS ဖြင့် နံပါတ်တစ်ခုကို ပို့ပေးရပါမယ်။ ပြီးတာနဲ့ confirmation code ကို ဖုန်းက လက်ခံရရှိပါလိမ့်မယ်။ နောက်ပြီး သူ့အောက်မှာလည်း ဖုန်းနံပါတ်ကို သူငယ်ချင်းများနဲ့ share လုပ်မလား/ သူငယ်ချင်းများ ဖုန်းကို text လုပ်ခွင့်ပြုမလား စသည်ဖြင့် ရွေးချယ်နိုင်ပါသေးတယ်။
ကဲ ဒါဆိုရင်တော့ သင့်ဖုန်းနံပါတ်ကို Facebook နဲ့ Register လုပ်ပြီးသွားပါပြီ။

၃) Secure Browsing ကို Activate လုပ်ပေးပါ။
အခြားလုပ်ရမယ့်အရာတွေနဲ့အတူ Facebook အတွင်း မိမိလုပ်ဆောင်သမျှ Browsing Activity လည်း လုံခြုံဖို့ လိုအပ်ပါတယ်။ အဲဒီအတွက် Secure Browsing ကို ဖွင့်ပေးရမှာပါ။ ဒါဆို ပြင်ပကနေ သင့်ဆီ ၀င်လာမယ့် applications တွေ၊ သင့်ရဲ့ information တွေကို လှမ်းယူမယ့် အရာတွေကို သင့်ရဲ့ ခွင့်ပြုချက်မရဘဲ ဘာမှ လုပ်ဆောင်လို့ မရတော့ဘူးပေါ့။

အဲဒီလို Secure Browsing ကို activate လုပ်ဖို့အတွက် Account Settings ထဲက Security ထဲကို ၀င်လိုက်ပါ။


Secure Browsing ထဲကနေ ညာဖက်ခြမ်းက Edit ဆိုတာလေးကို နှိပ်လိုက်ပါ။
အဲဒါလေး ပွင့်လာရင် Browse Facebook on a secure connection ဆိုတာလေးကို အမှန်ခြစ်လေး ခြစ်ပေးလိုက်ပါ။ ပြီးရင်တော့ Save Changes ခလုတ်ကို နှိပ်လိုက်ပါ။

၎) Login Approvals ကို Activate လုပ်ထားပါ။
Login Approvals ဆိုတာကတော့ မိမိရဲ့အကောင့်ကို သုံးနေကျ devices မဟုတ်တဲ့ တခြားတစ်နေရာကနေ ဖွင့်တိုင်းမှာ  security code တောင်းစေဖို့ လုပ်ထားတာပါ။ ဒါလေးကို activate လုပ်ဖို့အတွက်ကတော့ Account Settings>Security သွားပါ။ Login Approvals ကို ဖွင့်ပြီး Edit ဆိုတာလေးကို နှိပ်ပါ။
အဲဒီမှာ ပေါ်လာတဲ့ Check box လေးကို အမှန်ခြစ်လေး ခြစ်လိုက်ပါ။
ဒါဆို နောက်ထပ် Box လေးတစ်ခု ပေါ်လာပါလိမ့်မယ်။ Set Up Now ခလုတ်ကို နှိပ်ပါ။
သင့်ဖုန်းနံပါတ်ကို Register လုပ်ပြီးသားဆိုရင်တော့ Facebook ကနေ သင့်ဆီကို Confirmation code ကို SMS အလိုအလျောက် ပို့ပေးပါလိမ့်မယ်။ အဲဒီ code လေးကို ပေးထားတဲ့ အကွက်လေးထဲမှာ ရိုက်ထည့်ပြီး Submit Code ကို နှိပ်လိုက်ပါ။
ဒါဆိုရင်တော့ Login Approvals လေး ပြီးဆုံးသွားပြီ ဖြစ်တဲ့အတွက် Next လေးကို နှိပ်ပြီး ဆက်သွားပါ။
နောက်တစ်ခုအနေနဲ့ကတော့ သင့်ဖုန်းအတွက် Facebook က ပေးပို့မယ့် code ကို လက်ခံရရှိခြင်း မရှိဘူးဆိုရင် အသုံးဝင်မယ့် Code Generator ဆိုတာလေးကို အသုံးပြုနိုင်ပါသေးတယ်။

Facebook app ကို ဖုန်းမှာ အရင်ဆုံး install လုပ်ရပါမယ်။ ကျွန်တော်ကတော့ Android သမားဆိုတော့ Google Play ကနေ သွားဒေါင်းလိုက်ပါတယ်။ ဒေါင်းပြီး install လုပ်ပြီးပြီဆိုရင်တော့ Next ဆိုတာလေး နှိပ်ပြီးဆက်သွားပါမယ်။
ပြီးပြီဆိုရင်တော့ Facebook ကနေ Code Generator လေးကို download လုပ်ဖို့ ညွှန်ကြားချက် ပေးပါ လိမ့်မယ်။ install လုပ်ဖို့အတွက်ကို Facebook app လေးကို ဖွင့်လိုက်ပါ။ menu > Account > Code Generator > Add app ဆိုတာလေးကို နှိပ်ပြီး Finish Setup ဆိုတာလေးကို နှိပ်ပါ။
ဒါဆို Code Generator လေး အသက်ဝင်သွားပါပြီ။ ဒါဆို Facebook က သင့်ကို Code Generator ဘယ်လို ဆက်လုပ်ရမယ်ဆိုတာကို ပြောပါလိမ့်မယ်။ ဆက်ကြည့်ရအောင်နော်။ အကယ်၍ နောက်တစ်ကြိမ် သင်က new code ကို ပြောင်းချင်ရင် Facebook app လေးကို ဖွင့်။ Account > Code Generator လေးကို နှိပ်လိုက် တာနဲ့ code ပေါ်လာပါလိမ့်မယ်။ ကဲ ဒါဆို Login Approvals အဆင့် ပြီးဆုံးသွားပြီဆိုတော့ Close လေး ကို နှိပ်ပြီး ထွက်လိုက်ပါ။

၅) အရင်က ၀င်ခဲ့ဖူးတဲ့ Active Sessions တွေကို ပိတ်ပစ်ပါ။
Facebook မှာ ကောင်းတဲ့အချက်က သင်ဝင်ခဲ့ဖူးတဲ့ Device, Date, Location စတာတွေကို အတိအကျ ဖော်ပြ ပေးပါတယ်။ အဲဒီတော့ သင့်ရဲ့ Facebook ကို လုံခြုံဖို့အတွက် အဲဒါတွေကို ပိတ်ပစ် ရပါမယ်။ Account Settings >Security page ထဲကနေ Active Sessions ကို ရှာပြီး Edit ဆိုတာကို နှိပ်ပါ။
ဒါဆို သင်ဝင်ရောက် အသုံးပြုခဲ့ဖူးတဲ့ Device, Location, Date တွေကို လက်ရှိ အပါအ၀င် အားလုံးကို စာရင်းပြုစုပေးထားပါလိမ့်မယ်။ အဲဒီတော့ အခြား Device နေရာကနေ ၀င်ထားခဲ့ဖူးတဲ့ Activity တွေကို End Activity နှိပ်ပြီး ပိတ်ပစ်လိုက်ပါ။

၆) Private Browsing ကို Activate လုပ်ပါ။
အခြားသူတစ်ယောက်ကနေ မိမိအကောင့်ကို မ၀င်ရောက်နိုင်ဖို့ လုံခြုံရေး နောက်ထပ် နည်းလမ်းတစ်ခုကတော့ Private Browsing ပါ။ မိမိအသုံးပြုတဲ့ Browsers တိုင်းလိုလိုမှာ ပါဝင်ပါတယ်။ အဲဒီ Private Browsing တွေကို Active လုပ်ပြီး အသုံးပြုမယ်ဆိုရင်တော့ မိမိလုပ်ဆောင်နေသမျှဟာ Browser ရဲ့ history ထဲကို ၀င်မသွားတော့ပါဘူး။
Safari
Mac ကနေ Safari အသုံးပြုနေတယ်ဆိုရင်တော့ Safari > Private Browsing ကို သွားပါ။
Firefox
Firefox main menu ကနေ New Private Window ကို ဖွင့်ပြီး အသုံးပြုပါ။
Maxthon
ညာဖက်အပေါ်ထောင့်ကနေ ဖွင့်ပြီး Private ဆိုတာလေးကို ရွေးပါ။ ဒါဆို Private Window ပွင့်လာပါမယ်။

၇) ဘယ်တော့မှ Keep me logged in ကို မရွေးထားပါနဲ့။
သင် Facebook ကို Login ၀င်တိုင်းမှာ တွေ့ပါလိမ့်မယ်။ Keep me logged in ဆိုတာလေးကို အမြဲတမ်း အမှန် ခြစ် ဖြုတ်ထားပေးပါ။ ပုံမှန်အတိုင်းလေးပဲ ၀င်ပါ။ ဒါဆို သင် Login ၀င်တဲ့အခါတိုင်းမှာ email နဲ့ password ကို တောင်းပါလိမ့်မယ်။

၈) Spam Links တွေကို ရှောင်ကြဉ်ပါ။
Facebook က Spam တွေနဲ့ပါတ်သက်လာရင် အရမ်းကို သတိထားရပါတယ်။ မလိုအပ်ဘဲ ၀င်ရောက်လာမယ့် money scams / phishing links / malicious links တွေရဲ့ သားကောင် မဖြစ်အောင် ရှောင်ကြဉ် ရပါမယ်။ တစ်ခါတလေ သင့်ရဲ့ အီးမေးထဲကို Facebook ကနေ အီးမေးတွေ ရောက်လာတတ်ပါတယ်။ အဲဒါမျိုးဟာ တစ်ခါတရံဟာ phishing website ကနေ ပေးပို့တာမျိုး ဖြစ်တတ်ပြီး သင့်ရဲ့ information တွေကို ရယူသွားတတ်ပါတယ်။

အဲလိုမျိုး အန္တရာယ်တွေရဲ့ သားကောင်မဖြစ်ဖို့ ရှောင်ကြဉ်ဖို့ နည်းလမ်းတွေအမျိုးမျိုးရှိပါတယ်။
  • သံသယရှိတဲ့ link တွေ လက်ခံရရှိမယ်ဆိုရင် (သင့်သူငယ်ချင်းဆီကနေ လက်ခံရမယ်ဆိုရင်တောင်) အလွယ် တကူ မနှိပ်မိပါစေနဲ့။ အကယ်၍ သင့်သူငယ်ချင်းဆီကနေ ပို့တယ်ဆိုရင်လည်း အဲဒီ သူငယ်ချင်းကို မေးပါ။ ဘာလင့်လဲ။ ဘာပို့လိုက်တာလဲ စသည်ဖြင့်ပေါ့။ တစ်ခါတလေ ပို့တဲ့သူရဲ့ ပယောဂမပါဘဲ မိမိဆီကို ရောက်လာ တတ်ပါတယ်။ Facebook Chat ကနေသော်လည်းကောင်း၊ Messages ကနေသော်လည်းကောင်း၊ Post ပေါ်မှာ သော်လည်းကောင်း၊ အီးမေးထဲကိုသော် လည်းကောင်း ရောက်လာနိုင်ပါတယ်။
  • သင့်ရဲ့ user name နဲ့ password ကို အလွယ်တကူ မပေးပါနဲ့။ သံသယရှိတဲ့ website တွေထဲကိုသော် လည်းကောင်း၊ link တွေထဲကိုသော်လည်းကောင်း လွယ်လွယ်နဲ့ မဖြည့်သွင်းပါနဲ့။ ထည့်သွင်းမိရင် အချိန်မရွေး သင့်ရဲ့ အကြောင်းချင်းရာ ကိုယ်ရေးကိုယ်တာ(personal information) တွေကို ရယူသွားနိုင်ပါတယ်။
  • သင် ကွန်ပျူတာနဲ့ သုံးနေတယ်ဆိုရင် www.facebook.com ကနေ သုံးပါ။ တခြား ဘယ်လင့်ကနေ တဆင့်မှ facebook ကို မသုံးပါနဲ့။ Mobile Facebook app ကို သုံးမနေဘူးဆိုရင်ပေါ့ဗျာ။
  • အမြဲတမ်း Browser ကို update လုပ်ပြီး security ပိုင်းကိုလည်း up-to-date ဖြစ်ပါစေ။ ဒါမှလည်း သံသယ ရှိတဲ့ phishing site တွေထဲကို ၀င်ရောက်နေမိတဲ့အခါ warning ပေးမှာပါ။

၉) Facebook သုံးပြီးတိုင်း Sign out လုပ်ပါ။
အမြဲတမ်းလည်း သတိထားရမယ့် အားလုံးထက် အရေးကြီးဆုံးလည်း ဖြစ်တဲ့အချက်ကတော့ Facebook ကို အသုံးပြုပြီးတိုင်း Log out လုပ်ဖို့ကို လုံးဝ မမေ့ပါနဲ့။

အဲဒီ ၉ ချက်နဲ့ကို  သတိထားပြီး ပြုလုပ်ထား လိုက်နာမယ်ဆိုရင်တော့ Facebook ကို စိတ်ချလက်ချ အသုံးပြု နိုင်ပါပြီ။ ဘယ်လောက်ပဲ လုံခြုံတယ်ပြောပြော မရ,ရအောင် access ရယူမယ့်သူကတော့ အမြဲတမ်း ရှိနေတာပါပဲ။ အဲဒီလို လူမျိုး(Hacker/Attacker)တွေ အလွယ်တကူ မိမိရဲ့ အကောင့်ကို ရယူမသွားနိုင်အောင် လုံခြုံရေးကို အတတ်နိုင်ဆုံး ဂရုစိုက်ပါ။

ကျွန်တော်တို့ တင်ပြသွားတဲ့အထဲမှာ မပါဝင်တဲ့ Security ပိုင်းဆိုင်ရာ အချက်အလက်တွေ လုပ်ဆောင်ချက်တွေ ရှိနေသေးရင်လည်း Comment box မှာ ဖော်ပြပေးပါနော်။ သင့်ရဲ့ အကြံဉာဏ်ဟာ ကျွန်တော်တို့အတွက် အားဆေး တစ်ခွက်ပါပဲ။ အားလုံး အဆင်ပြေကြပါစေ။


ဆက်လက်မျှဝေပါဦးမည်။
ကျေးဇူးတင်စွာဖြင့်
iTFree4U

HomeGuard Activity Monitor 1.8.1+Crack+Key

HomeGuard Activity Monitor က မိမိ ကွန်ပျူတာရဲ့ လုပ်ရပ်တွေကို စောင့်ကြည့်ပေးနိုင်တဲ့ လုံခြုံရေး program ဖြစ်ပါတယ်။ သင်ကွန်ပျူတာမှာ အသုံးပြုနေတဲ့ online/offline activity မှန်သမျှကို မှတ်တမ်း တင်ထားပေးမှာပါ။ အသုံးပြုသူ ရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ Keylogger တစ်ခုလို့ ကွန်ပျူတာတစ်ခုလုံး လုပ်ဆောင်ချက်တွေကို မှတ်တမ်းတင်ပေးပြီး ဓါတ်ပုံအဖြစ်လည်း သိမ်းဆည်းထားပေးနိုင်စွမ်း ရှိပါတယ်။ အောက်မှာလည်း သူ့ရဲ့ စွမ်းဆောင်ချက်တွေကို မူရင်းအတိုင်းလေး ဖတ်ကြည့်လိုက်ပါဦးနော်။

HomeGuard Activity Monitor
HomeGuard Activity Monitor in a software monitor and control the activities of users of a particular system. using this software all the activities that take place in online or offline systems will be recorded and will be available., this software is able to Create a clear keyloggers that will give you the ability to chat with other users on the system, all you are doing photography and photo file formats can provide. general purpose software is spying on management control and help many conditions you will. Homeguard Activity Monitor Software features: - Full-time surveillance system without user intervention - record all actions and events online and offline systems - making keyloggers and photographed the time specified in the system - full control of chat by your system - Compatible with different versions of Windows

Install လုပ်ပုံလုပ်နည်းကတော့
1.setup file ကို ဖွင့်လိုက်ပြီး install လုပ်လိုက်ပါ။
2.crack file ကို install folder ကို copy ကူးထည့်လိုက်ပါ။
3.ပေးထားတဲ့ key လေးကို အသုံးပြုပြီး activate လုပ်လိုက်ပါ။
ဒါဆို ရင်တော့ full version အဖြစ် အပြည့်အ၀ အသုံးပြုနိုင်ပါပြီ။

လိုအပ်မယ်ဆိုရင်တော့ ဒီမှာ ဒေါင်းယူနိုင်ပါတယ်


ဆက်လက်မျှဝေပါဦးမည်။
ကျေးဇူးတင်စွာဖြင့်
iTFree4U

H4cK3R Hanbook


Hacking ကိုစိတ်ဝင်စားတဲ့ညီငယ်လေးတွေအတွက်
Bots အကြောင်း၊ Ddos အကြောင်းတွေအပြင်အခြား
သော Stealing အကြောင်းလေးတွေကိုဖတ်လို့ရ
အောင်လို့ Software လေးတစ်ခုတင်ပေးပါရစေ...



Software Title ကတော့ Hacker Handbook ဖြစ်
ပီး Logo ကတော့ Black Hat ဆိုပေမယ့် မြန်မာပြည်
တွင်းမှ ညီငယ်၊ ညီမငယ် Hacking ကိုစိတ်ဝင်စားသူ
တွေအားလုံးကို  Gray အဆင့်လောက်တော့ရှိစေချင်
ပါတယ်....တစ်ခုမှာချင်တာက စစ်မှန်သော Anonymous တို့မည်
သည် သူတို့ကို သူတို့ ဘယ်သောအခါမှ I’m a Anonymous
ဟု မကျွေးကြော်ပါ..... ဒါလေးတစ်ခုတော့မှတ်ထားစေချင်
ပါတယ်.... မိမိတတ်ကျွမ်းသွားတဲ့ Hacking Technique ပိုင်း
ကို ကောင်းတဲ့ဘက်မှာ အသုံးချတတ်စေပီး၊ Security ပိုင်း
နဲ့ Recovery အပိုင်းကိုသာ အလေးထားလေ့လာစေလိုပါ
တယ်။ Attacking ကတော့ မိမိဘာသာ၊ မိမိလူမျိုး၊ မိမိနိုင်ငံ
ကိုထိပါးလာတဲ့အခါမှာတော့...... ??????????????????
Software ကိုစိတ်ဝင်စားလို့ဒေါင်းချင်သပဆိုရင်တော့ အောက်မှာ ဒေါင်းယူနိုင်ပါတယ်ခင်ဗျာ...။

ဒီ Post လေးကို တော့ အာရှသားရဲ့ နည်းပညာ မှ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်

Tanks & Credit >>> ဦးဇာနည် <<<



ဒါလေးကို ဖတ်ပေးပါဒီဘလော့လေးသည် ဘူးရေမျက်ရွာ (wall.fm) ဆိုဒ်လေးမှ တည်ထောင်ထားပါသည် ဘာကြောင့်လဲဆိုတော့ wall.fm ဆိုဒ်များ free မရတော့လျှင် ယ္ခုဘလော့တွင် ဆက်လက်မျှဝေသွားနိုင်ရန် စီစဉ်ထားခြင်းဖြစ်ပါသည်

Zippyshare ဒေါင်းလော့လင့်
Solidfiles ဒေါင်းလော့လင့်

မြန်မာပြည်ရဲ့ ပထမဆုံး Hacking Magazine

ခုနောက်ပိုင်း မြန်မာပြည်မှာ Hacking နဲ့ပတ်သက်ပြီး လူငယ် ကွန်ပျူတာဝါသနာရှင်/ပညာရှင်တွေကြား တော်တော်လေး ခေတ်စားလာတာကို တွေ့ရပါတယ်။ လေ့လာလိုက်စားသူတွေလည်း များပြားလာတာ ဟာလည်း ၀မ်းမြောက်ဖွယ်ရာတစ်ခုပါ။ ဒါပေမယ့် အကောင်းဖက်က လေ့လာအသုံးချသူ(White Hacker)၊ အဆိုးဖက်(တပါးသူအား ဒုက္ခရောက်စေလိုသောဆန္ဒဖြင့်) လေ့လာအသုံးချသူ(Black Hacker)ဆိုတဲ့အထဲက အကောင်းဖက်က ဖြစ်ဖို့ဆိုတာတော့ လိုအပ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လေ့လာလိုက်စားသူများအတွက် မြန်မာပြည်ရဲ့ ပထမဆုံးထုတ်ဝေလိုက်တဲ့ Hacking Magazine ကို လေ့လာကြည့်ကြရအောင်ဗျာ ....




Magazine အားဒေါင်းယူရန်

ကျေးဇူးတင်စွာဖြင့်
မောင်မင်းသိန်း(ရန်ကုန်)

International H4ck3r News Magazine





နိုင်ငံတကာ h4cking သတင်းနှင့် h4ck3r အကြောင်းကို ပြုစုထားသော မဂ္ဂဇင်းလေးကို ပြန်လည်မျှဝေလိုက်ပါတယ်..။ လိုအပ်သော သူငယ်ချင်းများ အောက်မှာ ဒေါင်းယူနိုင်ပါတယ်ခင်ဗျာ..။


ဒေါင်းလော့ဖိုင်အမျိုးအစားဒေါင်းလော့ဖိုင်ဆိုဒ်ဒေါင်းလော့ယူရန်ဖိုင်အမျိုးအစား
6.4MB


Gmail ကို Hacking အလုပ်ခံရတယ်ဆိုတာ

Gmail ကို Hacking အလုပ်ခံရတယ်ဆိုတာ ကိုယ်ရဲ့အမှားကြောင့် ဖြစ်တာများပါတယ်...အဲ့ဒီတော့ ကိုယ့်ရဲ့ Gmail ကို Hacking အလုပ်မခံရအောင် ရှောင်သင့်တဲ့ အချက်လေးတွေကို လေ့လာမှတ်သားထားသလောက်လေးကို post အဖြစ်တင်လိုက်တာပါ......။


gtalk နဲ့  gmail ကို Sing in လုပ်တဲ့အခါမှာ remember password ကို အမှတ်ခြစ်ထားမိရင်
ကိုယ်ရဲ့ Password ကို ကိုယ်အသုံးပြုတဲ့ IE , Mozilla , Chrome တို့ က မှတ်ထားသားပေးတဲ့အတွက် browser တွေထဲကနေ hack မယ့်လူက ရှာတွေ့ သွားနိုင်ပါတယ်.. အဲ့ဒါကြောင့် remember password မှာ အမှတ်ခြစ်ပီး sing in လုပ်မိရင် မိမိရဲ့ password ကို ပြန်ချိန်းလိုက်တာ အကောင်းဆုံးပါပဲ... ။
နောက်ပီး ကိုယ်က သုံးပီးလို့  sing out လုပ်ပီးတဲ့အခါမှာ password ရေးတဲ့အကွက်ထဲမှာ password တွေကို ပုံဖျက်ထားတဲ့ အမဲလုံးလေးတွေ ၊ ********* ဆိုတဲ့ ပုံလေးတွေကျန်နေတတ်ပါတယ်..အဲ့ဒါလေးတွေကို ပြန်မဖျက်ခဲ့ရင်လည်း ဆော့ဝဲလ်သုံးပီး အလွယ်တကူ အဲ့ဒီ ******** လေးတွေကို ဖော်ကြည့်လို့ ရပါတယ်...အဲ့ဒီအတွက် sing out လုပ်ပီးရင် သတိထားပီး စစ်စေချင်ပါတယ်... ။



ပီးတော့ browser တွေက မှတ်သားထားတတ်တဲ့ history တွေကို ဖျက်ထားလိုက်ပါ...



IE မှာဆိုရင် Tools -InternetOptions - General အောက်က Browsing history မှာ delete browsing history on exit မှာ အမှတ်လေးခြစ်ပီး delete လုပ်ပေးလိုက်ပါ ။





Mozilla မှာဆိုရင် Tools -Clear Recent History လေးနဲ့  ၇ှင်းပေးလိုက်ပါ...

ပီးတော့ Tools - Options -Privacy Tab က Firefox will : မှာ never rememberhistory ကိုရွေးပေးပီး Security Tab က Remember passwords for sites ဆိုတာကို အမှတ်ခြစ်ထားတာလေး ဖြုတ်ပေးခဲ့လိုက်ပါ ။





Chrome မှာဆိုရင် customize and control Google Chrome ကိုသွား...ပီးရင် options - personal stuff -passwords ဆိုတဲ့နေရာလေးမှာ never save password ကို ရွေးပေးလိုက်ပါ...။



ဒီလိုလေးတွေလုပ်လိုက်ရင် browser တွေရဲ့ မှတ်ဥာဏ်ကို ပိတ်ထားလိုက်သလို နောက်သုံးတဲ့ လူတွေအတွက်ပါ အဆင်ပြေသွားတာပေါ့... ။



ပီးတော့ ကိုယ်နဲ့ မသိပဲ တခါမှ mail မပို့ ဖူးပဲ ၀င်လာတဲ့ mail တွေကို သတိထားစေချင်ပါတယ်...ဘာလို့ လည်းဆိုတော့ password ကို ယူမဲ့လူက mail တစ်ခုကို စိတ်ဝင်စားလာအောင် လုပ်ပီးယူသွားနိုင်ပါတယ် .. ဥပမာဗျာ.. ဒီလင့်လေးကို နှိပ်လိုက်ပါ....ဟိုမော်ဒန်လ်ရဲ့ pic လေးပါဆိုပီးတော့ပေါ့...ပုံလည်းမကြည့်ရပဲ password ပါသွားတတ်ပါတယ် ..password ကို ယူသွားမယ့် Program တစ်ခုက သီချင်း ၊ ဆော့ဝဲလ် ၊ လင့် တစ်ခုခုဖြစ်နိုင်ပါတယ် ...ဒါကြောင့် သတိထားစေချင်တာပါ...



နောက်တစ်ခုက website တွေမှာ member ၀င်တဲ့အခါ browser ကနေ remember password လုပ်မလားမေးရင် မလုပ်ပါနဲ့ ....။





ပီးတော့ တချို့  hacker တွေက Gmail Login Page အတုတွေနဲ့  password တွေကို Hacking လုပ်ပါတယ်..အဲ့ဒီတော့ Gmail Login Page ကို အတုနဲ့ အစစ်ခွဲဖို့  ပုံလေး အောက်မှာ တင်ပေးထားပါတယ်... ။











နောက်တစ်ခုက နာမည်ကြီး ဖြစ်တဲ့ keylogger ပါ..တချို့ တွေက computer တွေမှာ keylogger တွေကိုတပ်ဆင်ထားပါတယ်...



အောက်ကပုံလေးတွေကတော့ Key Logger ကို ကြားခံတပ်ဆင်ထားတာပါ..














ကိုယ်သုံးတဲ့စက်ကို မသုံးခင်မှာ ကီးဘုတ်ရဲ့ကြိုးမှာ ဒီလို Key Loggerကို ကြားခံ တပ်ဆင်ထားတာ ရှိမရှိ အရင်စစ်ကြည့်ပါ .....တွေ့ ရင်တော့ ထသာလစ်တော့ဗျို့ ..ဒီလိုမှမဟုတ်ရင်တော့ gmail ဆုံးဖို

့သာပြင်ပေတော့ :)

တချို့ ကြတော့ computer မှာ keylogger software ကို run ထားတတ်ပါတယ်... ရှိမရှိ စစ်ချင်ရင်တော့ Ctrl+Atl+ Del နဲ့ Task manager ကို ခေါ်လိုက်ပါ ..။ Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe နဲ့ MPKview.exe ဆိုတာကို လိုက်ရှာကြည့်လိုက်ပါ ။ ရှိတယ်ဆို keylogger သုံးထားတာကျိန်းသေပါတယ် ။ အမြန် သာ click နှိပ်ပြီး End process ပေးလိုက်ပေတော့ ။ အဲဒါဆိုရင်တော့ keylogger ကို ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။