Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Excel Formulas Part (1)

စာမရေးတာတောင် အတော်ကြာပါပြီ။ အလုပ်တွေ များနေတာရယ်၊ လူမှုရေးကိစ္စတွေကြောင့် မရေးဖြစ်တာ တောင်းပန်ပါတယ်။ အခု အလုပ်တွေ လုပ်နေရင်းနဲ့ တွေ့ကြုံနေရတဲ့ ပြသနာလေးတွေ အပေါ် အခြေခံပြီး လုပ်ငန်းခွင်တော်တော်များများမှာ ကြုံတွေ့ရမယ့် ကြုံတွေ့နေရတဲ့ Excel နဲ့ပတ်သက် သမျှ Formula လေးတွေကို စုဆောင်းထားသမျှ ဖော်ပြပေးလိုက်ပါတယ်။

သိတဲ့အတိုင်းပဲ ဒီဘက်ခေတ်မှာ ဘယ်ရာထူး၊ ဘယ်လုပ်ငန်းခွင်ဝင်ဝင် Microsoft Excel က မဖြစ်မနေ နီးပါး ပါဝင်လာပါတယ်။ ဒါကြောင့် ကိုယ်တွေ့အခက်အခဲတွေကို အများအတွက် အသုံးဝင်စေချင်တဲ့ ဆန္ဒ နဲ့ အလုပ်မအားတဲ့ ကြားက ရေးသားစုစည်းပေးလိုက်ပါတယ်။

တစ်ခုပြောဖို့ ကျန်သွားတယ်။ အခု Microsoft Excel က 2007 နောက်ပိုင်းကို အခြေခံပြီး ရေးထားခြင်း ဖြစ်ပါတယ်။




ပေါင်းခြင်း
=SUM(CELL+CELL)

=SUM(CELL[အစ]:CELL[အဆုံး])




နှုတ်ခြင်း
=SUM(CELL-CELL)


ပထမတော့ လွယ်တာ၊ သိပြီးတာတွေက စတယ်ဆိုပေမယ့် နောက်ပိုင်းမှာတော့ အားရင် အားသလို ထပ်ထပ် တင်ပေးပါ့မယ်။ ဥပမာ - VLOOKUP, PIVOT TABLE, CHART, KURTOOL သုံးနည်းတွေ အထိ ပါဝင်အောင် စုဆောင်းထားပါတယ်။

ကျေးဇူးတင်စွာဖြင့်
မောင်မင်းသိန်း(ရန်ကုန်) 

https://www.tusfiles.net/ မှ ဒေါင်းလော့ဆွဲနည်း

ဒေါင်းလော့ လုပ်တဲ့နေရာမှာ ဆိုဒ်တစ်ဆိုဒ်နှင့် တစ်ဆိုဒ် ဒေါင်းလော့ လုပ်ရတာ မတူတာလေးတွေရှိပါတယ်။ အခုမှ Online ကိုစတင်သုံးစွဲသူညီငယ် ညီမငယ်များ ဒေါင်းလော့ဆွဲရာမှာ အဆင် မပြေတာလေးတွေ ရှိနိုင်မယ်ဆိုတဲ့ အတွေးလေးနဲ့ ဒေါင်းလော့လုပ်နည်း အကြောင်းလေးတွေကို
Hosting အသုံးများသော ဆိုဒ်သော ဆိုဒ်များကို တစ်ခုချင်း တင်ပေးရင်ကောင်းမှာပဲဆိုတဲ့ အတွေးလေးပိုလာလို့ အခု Post လေးကို စတင်ရေးသားလိုက်ပါတယ်..။ သိတဲ့သူတွေအတွက် အရေးမပါပေမယ့် အခုမှ စတင်လေ့လာသုံးစွဲတဲ့ ညီငယ် ညီမငယ်လေးများ မသိကြသေးတဲ့ သူငယ်ချင်းများအတွက် ရည်ရွယ်ပြီး ရေးလိုက်ပါတယ်။
ဒီနေ့မှာတော့ TUSFILES https://www.tusfiles.net/ ကဒေါင်းလော့ ဆွဲနည်းလေးကို တင်ပြလိုက်ပါတယ်။
  • https://www.tusfiles.net/ မှာ ဒေါင်းလော့ဆွဲ ရတော့မယ်ဆို ကိုယ်ဒေါင်းချင်တဲ့ ဖိုင်လေးက https://www.tusfiles.net/ မှာတင်ထားတယ် ဆိုရင်တော့ အောက်မှာ Screenshot ရိုက်ပြီး တင်ပေးထားပါတယ်။
အရင်ဆုံး Use our download manager and get recommended downloads ဆိုတဲ့ စာသားလေးရှေ့က အမှန်ခြစ်လေးကို ဖြုတ်ပေးပါ...။ မဖြုတ်ဘူးဆိုရင်တော့ မိမိလိုချင်တဲ့ File ကို https://www.tusfiles.net/ ကထုတ်လုပ်ထားတဲ့ download manager နဲ့ မိမိလိုချင်တဲ့ File ကို ဒေါင်းမယ်ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်...။ဖြုတ်လိုက်ရင်တော့ ကျနော်တို့ ကန်ပူတာမှာ သွင်းထားတဲ့ IDM တိုလို့ မိမိ ကန်ပူတာမှာ သုံးနေတဲ့ download manager နဲ့ လိုချင်တဲ့ဖိုင်ကို ဒေါင်းမယ်ဆိုတဲ့ သဘောပဲဖြစ်ပါတယ်...။

အမှန်ခြစ်လေးကို ဖြုတ်ပြီးတဲ့နောက်မှာတော့ Direct Download Link ဆိုတာလေးကို ကလစ်လိုက်ပါ..။
New Tab တွေ နှစ်ခု သုံးခုလောက် တတ်လာတတ်ပါတယ်...။ ဒါကတော့ သူ့ဆိုဒ်ရဲ့ ကြော်ငြာကလစ်များဖြစ်ပါတယ်...။ အသစ်ဖွင့်လာတဲ့ New Tab တွေကို ပြန်ပိတ်လိုက်လို့ ရပါတယ်..။ ပြီးရင်တော့ စက္ကန့်အနည်းငယ်ကြာတဲ့ အခါမှာ မိမိဒေါင်းလိုတဲ့ File က မိမိ computer မှာ download manager နဲ့ ဒေါင်းလော့ဆွဲနေတာကို တွေ့မှာ ဖြစ်ပါတယ် .....။

သိပြီးသား ညီအကို မောင်နှမများ များပါတယ်...။ ကျနော်ရည်ရွယ်တာက Self-stuy  လုပ်နေကြတဲ့ မသိသေးသော ညီငယ်များ ညီမငယ်များ သင်တန်းတွေတတ်ဖို့ အတွက် အခွင့်အရေး မရခဲ့တဲ့ သူများအတွက်ပါ...။ ကျနော်ကိုယ်တိုင်လဲ သင်တန်းတက်ခွင့်မရခဲ့တာကြောင့် ကျနော့်ကဲ့သို့သော ညီငယ် ညီမငယ်လေးများ အတွက် အထောက်အကူလေးများ ဖြစ်စေပါကြောင်း ဆန္ဒဖြင့် ရေးသားလိုက်ရခြင်းသာဖြစ်ပါသည်...။ဆက်လက် တင်ပြပါဦးမည်...။

အားလုံးသော သင်ဆရာ မြင်ဆရာ အွန်လိုင်းဆရာများ နှင့် သူငယ်ချင်းများကို အစဉ်လေးစားလျှက်
မောင်အေးလွင် (ဘူးရေမျက်ရွာ)


ဒါလေးကို ဖတ်ပေးပါဒီဘလော့လေးသည် ဘူးရေမျက်ရွာ (wall.fm) ဆိုဒ်လေးမှ တည်ထောင်ထားပါသည် ဘာကြောင့်လဲဆိုတော့ wall.fm ဆိုဒ်များ free မရတော့လျှင် ယ္ခုဘလော့တွင် ဆက်လက်မျှဝေသွားနိုင်ရန် စီစဉ်ထားခြင်းဖြစ်ပါသည်


ကွန်ပျူတာဆိုင်ရာ နည်းပညာလေးများ (၁)


အခုပြောပြမယ့် အကြောင်းအရာကတော့ ကွန်ပျူတာ Boot နှင့် Post တို့အကြောင်းပဲဖြစ်ပါတယ်။
Post နှင့် Boot ဆိုတာဘာကိုပြောတာလဲ။ တစ်ချို့တွေကတော့ သိချင်သိကြပါလိမ့်မယ်။ ဒါပေမယ့်
မသိသေးတဲ့သူတွေလည်း ရှိမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် သိထားပြီးသားလည်း ပြန်ဖတ်ကြည့်လိုက်ပါ။
ဒါမှပိုပြီးတော့ အသေးစိတ်သိသွားတာပေါ့။ မသိသေးတဲ့သူတွေကတော့ သေချာဖတ်နော်။ သေချာဖတ်မှ
ကိုယ်သုံးတဲ့ ကွန်ပျူတာမှာ Post ဆိုတာဘယ်လို၊ Boot ဆိုတာဘယ်လို သိသွားမှာပေါ့။
အရင်ဦးဆုံး Post အကြောင်းကို ပြောမယ်။ Post ဆိုတာက တကယ်တော့ ကွန်ပျူတာ Program
တစ်ခုဖြစ်တဲ့ BIOS ရဲ့ Program ပဲဖြစ်ပါတယ်။ BIOS ရဲ့ Program မှာ Post ရယ် Boot ရယ် Low Level
Interface ရယ်ဆိုပြီးတော့ သုံးမျိုးရှိပါတယ်။ အဲ့ဒီ ထဲကမှ အခုရှင်းပြမှာက Post နှင့် Boot
အကြောင်းပဲဖြစ်ပါတယ်။ ဒီတော့ ပြောရမယ်ဆိုရင် Post နှင့် Boot ဆိုတာဟာလည်း ကွန်ပျူတာ BIOS ရဲ့
Program ကနေမှ လုပ်ဆောင်တဲ့ Process တစ်ခုပဲဖြစ်ပါတယ်။ Post ဆိုတာကကွန်ပျူတာမှာခေါ်တဲ့ Terms
အခေါ်အဝေါ်ပဲဖြစ်ပါတယ်။ Post ဆိုတာအတိုကောက်ခေါ်တာပါ။ သူ့ရဲ့အပြည့်အစုံကတော့ Power On Self
Test ပဲဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် Boot မလုပ်ခင် အရင် Post လုပ်တာဖြစ်ပါတယ်။ အဓိပ္ပာယ်က
ကွန်ပျူတာကို Power စဖွင့်လိုက်တာနဲ့ တပြိုင်တည်းမှာပင် ကွန်ပျူတာထဲမှာရှိတဲ့ အစိတ်အပိုင်းတွေမှန်သမျှ
အလုပ်လုပ်ဆောင်နိုင်ဖို့ရာ ပစ္စည်းတွေကောင်းမကောင်းကို အရင်စစ်ဆေးကြတာကိုပြောတာပါ။
အဲဒီအချိန်လေးဟာ ဘာမှမကြာပါဘူး။ ကွန်ပျူတာကို ဖွင့်လိုက်ပြီးလို့ ကွန်ပျူတာမှာ ဒီလို စစ်ဆေးပြီးလို့
အစိတ်အပိုင်းတွေအကုန်လုံး တစ်ခုမကျန် ကောင်းမွန်စွာ အလုပ်လုပ်တယ်ဆိုမှ ကွန်ပျူတာစပြီး Boot
လုပ်ပါတယ်။
ဒီတော့ Post ဆိုတာ ကွန်ပျူတာကို Power ဖွင့်လိုက်တာနဲ့ ချက်ချင်း Process လုပ်တဲ့အဆင့် ဆိုတော့
ကွန်ပျူတာတစ်လုံးမှာ Post ဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ သဘောပေါက်လောက်ပါတယ်နော်။
ဆိုတော့က ကွန်ပျူတာကြီးတစ်ခုလုံးမှာ Post လုပ်လို့မအောင်မြင်ဘူးဆိုရင် boot လုပ်ငန်းစဉ်ကို
မရောက်တော့ပါဘူး။ Post လုပ်လို့ အစိတ်အပိုင်းတစ်စုံတစ်ရာဟာ ချို့ယွင်းချက်ရှိပြီဆိုတာနဲ့ ကွန်ပျူတာဟာ
တက်လာတော့မှာ မဟုတ်ပါဘူး။ ဒါကို Post လုပ်တာမအောက်မြင်ဘူးလို့ဆိုလိုတာပေါ့။ အဲသလိုဆိုရင်
ကိုယ်က Post ကို မသိထားဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ ဘယ်ကပျက်မှန်းလည်းမသိ။
ဘာကြောင့်မှန်းလည်းမသိနဲ့။ တော်တော်ခက်တာပဲပေါ့။ တကယ်လို့ သိရင် ဘာမှမခက်ပါဘူး။ အဲသလို Post
လုပ်တာမအောက်မြင်ဘူးဆိုရင် ကွန်ပျူတာဟာ Error လေးတွေထုတ်ပြတတ်ပါတယ်။ ဒီတော့ကိုယ်က Error
လေးတွေပြပြီဆိုရင် ကိုယ်ကဘာတွေလုပ်ပေးရမှာလဲ။(မှတ်ချက်။ ။error တွေနဲ့ ပတ်သက်ပြီးတော့ post
error များအကြောင်း မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။) အဲ့ဒီတော့ ဘာတွေလုပ်ပေးရတယ်ဆိုတာ မပြောခင်
ကွန်ပျူတာ Power စဖွင့်လိုက်ပြီဆိုတာနဲ့ကွန်ပျူတာမှာ Post ဘယ်လိုလုပ်သလဲ။ အစိတ်အပိုင်းတွေဟာ
ဘယ်လိုမျိုး ကိုယ့်ဘာသာကို စစ်ဆေးကြတာလဲ၊ ဘာတွေကို ဘယ်လိုစစ်ဆေးကြသလဲဆိုတာကို
အရင်ပြောပြပါမယ်။
တကယ်တော့ Post လုပ်တယ်ဆိုတာက တစ်ခြားမဟုတ်ပါဘူး။ ကွန်ပျူုတာမှာ အသုံးပြုနေတဲ့၊
အသုံးပြုမည့် အစိတ်အပိုင်းတွေတစ်ခုချင်းစီဟာ ကွန်ပျူတာ Power ကိုဖွင့်လိုက်ပြီဆိုတာနဲ့ အလုပ်လုပ်ဖို့
ပစ္စည်းတွေကောင်းမကောင်းကို သူတို့ဘာသာသူတို့ သက်ဆိုင်ရာ ကိုယ်စီစစ်ဆေးကြတာပါပဲ။
မြင်သာအောင်ပြောရလျင် ကွန်ပျူတာကို Power ဖွင့်လိုက်ပြီးတာနဲ့ ချက်ချင်း စာတန်းလေးတွေ
ဖျတ်ခနဲဖျတ်ခနဲ စပေါ်တယ်လေ။ အဲဒီအချိန်ဟာ Post လုပ်နေတဲ့အဆင့်ပဲဖြစ်တယ်။ Post လုပ်တယ်ဆိုလို့
သိပ်အကြာကြီးဖြစ်မယ်လို့တော့ မထင်ပါနဲ့။ အဲဒီ စာလုံးလေးတွေ ပေါ်တဲ့ခဏလေးအတွင်းမှာပဲ
ကွန်ပျူတာထဲမှာရှိတဲ့ အစိတ်အပိုင်းတွေ၊ Device တွေအကုန်လုံးက ကိုယ့်ဘာသာကိုယ်စစ်ဆေးကြတာပါ။
ဒါကိုပဲ အင်္ဂလိပ်လို Power On Self Test (Post) လို့ခေါ်တာဖြစ်ပါတယ်။ အဓိပ္ပယ်ကိုက Power On Self Test
တဲ့။ Power ကို On လိုက်ပြီဆိုတာနဲ့ Self Test ကိုယ့်ဘာသာကိုယ် Test စစ်ဆေးကြလို့ပြောတာပါ။
ကဲအခု Post လုပ်ဆောင်ချက်တွေကိုပြောပြပါမယ်။
၁။ BIOS ဟာကွန်ပျူတာကို စဖွင့်လိုက်ပြီဆိုတာနဲ့ သူ့ကိုယ်သူ အရင် စစ်ဆေးပါတယ်။
ကောင်းမကောင်းပေါ့။ ကောင်းပြီဆိုမှ အောက်မှာပြောထားတဲ့ အချက်တွေကိုဆက်လက် စစ်ဆေးပါတယ်။
၂။ နောက်ပြီး ကွန်ပျူတာ Signal တွေအတွက် Device တွေအတွက် Power ထုတ်ပေးနိုင် မပေးနိုင်ကို
Power Supply ဟာ ကိုယ့်ဘာသာကို စစ်ဆေးပါတယ်။ မကောင်းဘူးဆိုရင် Error ထုတ်ပြပါတယ်။
၃။ ပြီးရင် ကွန်ပျူတာထဲမှာရှိတဲ့ Memory ဟာသူ့ဘာသာသူ စစ်ဆေးပါတယ်။ အဲ့ဒီ Memory ရဲ့ Size
အရွယ်အစားကို ဘယ်လောက်ရှိသလဲဆိုတာကို စစ်ဆေးပါတယ်။ ကောင်းတယ်ဆိုရင်
ဆက်စစ်ဆေးသွားတယ်။
၎။ Memory ကိုစစ်ဆေးပြီးရင် ကွန်ပျူတာ CPU ကိုထပ်မံစစ်ဆေးပါတယ်။ ကွန်ပျူတာမှာရှိတဲ့
Instruction တွေ၊ command တွေကို Process လုပ်နိုင်သလား၊
တွက်ချက်မှုကိုကောင်းကောင်းအလုပ်လုပ်နိုင်သလား ဆိုတာကိုလည်း စစ်ဆေးပါတယ်။
အဲဒီလိုစစ်ဆေးတဲ့အခါမှာ CPU ဟာ Memory module ရယ်၊ Memory Bus ရယ်၊ Memory Controller
ရယ်ဆိုပြီး Memory တွေဆီက Data အချက်အလက်တွေကို read ဖတ်နိုင်မဖတ်နိုင် စစ်ဆေးပါတယ်။
ပုံမှန်ဆို CPU ဟာ Data အချက်အလက်တွေကို read လုပ်နိုင်ရပါမယ်။ တကယ်လို့ read မလုပ်နိုင်ဘူးဆိုရင်
ဒါ CPU တစ်ခုခု ချို့ယွင်းချက်ရှိလို့ဆိုတာသိနိုင်တာပေါ့။ အဲလိုမျိုးဆိုရင် Error လေးတွေထုတ်ပြပါလိမ့်မယ်။
ဒါဆို အဲဒီ Error တွေကိုကြည့်ပြီး ဒါ CPU မကောင်းလို့ဆိုတာကို သိနိုင်တာပေါ့။ သိတော့ ပြုပြင်နိုင်တာပေါ့။
၅။ အဲသလိုမျိုး ကွန်ပျူတာရဲ့ System Memory ကိုစစ်ဆေးပြီးလို့ရှိရင် ကွန်ပျူတာမှာရှိတဲ့ System Bus
တွေနှင့် Devices တွေကိုရှာပါတယ်။ ကောင်းမကောင်းစစ်ဆေးပါတယ်။ ဘယ် Device
ကများဘာများဖြစ်နေတာရှိနိုင်သလဲဆိုတာတွေကိုစစ်ဆေးပါတယ်။
၆။ တကယ်လို့ လိုအပ်ရင်လိုအပ်သလို နောက်ထပ် သတ်မှတ်ထားတဲ့ BIOS Feature
တွေကိုစစ်ဆေးပါတယ်။
၇။ ပြီးရင် System ကို Configuration လုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ User Interface တွေကို Support
လုပ်ပါတယ်။
၈။ နောက်ပြီး Boot လုပ်ဖို့အတွက်လိုအပ်သော Device တွေကို Identify လုပ်ပေးတယ်။ Organize
စုစည်းပေးတယ်။
၉။ နောက်တစ်ခါ I/O Bus ဒါမမဟုတ် Controller ကိုစစ်ဆေးပါတယ်။ I/O Bus သို့မဟုတ် Controller
တွေဟာ Video Subsystem တွေကိုလည်း Read/Write လုပ်နိုင်ရပါမယ်။
၁၀။ နောက်ဆုံးမှာ သတ်မှတ်ထားတဲ့ OS (Windows ) အတွက်လိုအပ်သော သ့မို ဟုတ် အသုံးပြုနေတဲ့
Windows က ဘယ် Program တွေလိုအပ်သလဲဆိုတာကို Construct စုစည်းပေးပါတယ်။
တကယ်လို့ ကွန်ပျူတာဟာ အထက်မှာပြောထားတဲ့ အချက်တွေအားလုံးထဲက
တစ်ခုခုချွတ်ယွင်းခဲ့မယ်ဆိုရင် Post Error တွေထုတ်ပြပေးမှာဖြစ်ပါတယ်။ Post Code Error
ကိုထုတ်ပြပေးမှာဖြစ်ပါတယ်။ ဥပမာ-CH000607 လိုမျိုးဖြစ်ပါလိမ့်မယ်။ အဲ့ဒီ Code ကိုကြည့်ပြီး ကိုယ်က
ကွန်ပျူတာ ဘာကြောင့် Post ကို ကောင်းကောင်းမလုပ်နိုင်သလဲ ဒါမမဟုတ် ဘယ် Hardware
အစိတ်အပိုင်းကပျက်သလဲဆိုတာကို သိနိုင်မှာပါ။ အဲ့ဒီ Code Error
မှာပြတဲ့အစိတ်အပိုင်းကိုလိုက်ပြင်ပေးလိုက်ရင် ကောင်းသွားမှာပါ။ ဒါဆိုရင် ကွန်ပျူတာမှာ Post ဆိုတာ
ဘယ်အပိုင်းကိုပြောတာလဲ။ သိမယ်နော်။ Post ဆိုတာ ကွန်ပျူတာကို Power ဖွင့်လိုက်ပြီဆိုတာနဲ့
လုပ်ဆောင်တဲ့ အလုပ်ဟာ Postပဲ ဖြစ်ပါတယ်။
အဲဒီ Post လုပ်ပြီးလို့ Post ကိုအောင်မြင်ပြီဆိုတာနဲ့ Boot ကိုဆက်လုပ်ဆောင်တာဖြစ်ပါတယ်။
အဲဒီတော့ Boot Features ကိုရောက်ဖို့အတွက် Post အောင်မြင်မှ ဖြစ်မှာပါ။
အဲဒီလို ကွန်ပျူတာ Post လုပ်တဲ့အဆင့်ကိုအောင်မြင်စွာပြီးဆုံးသွားပြီဆိုရင် ဒုတိယ အဆင့်အနေနဲ့
ကွန်ပျူတာ Boot စလုပ်ပါတယ်။ Boot လုပ်တယ်ဆိုတာ ဘာကိုပြောတာလဲ။ Boot လုပ်တယ်ဆိုတာက
ကွန်ပျူတာမှာ အသုံးပြုတဲ့ Program တွေကို သွားခေါ်တာဖြစ်ပါတယ်။ ဘယ်လိုမျိုး Program တွေလဲ။
System Files တွေနှင့် Windows ကိုသွားပြီး Loading လုပ်တာ၊ သွားခေါ်တာဖြစ်ပါတယ်။
အဲဒါက ကွန်ပျူတာ Boot လုပ်တာပဲဖြစ်ပါတယ်။ Boot ဆိုတာ Bootstraps Load ရဲ့
အတိုကောက်ခေါ်တာဖြစ်ပါတယ်။ အဲဒီ ကွန်ပျူတာ Boot လုပ်တာကို Boot Loader
ကနေလုပ်ပေးတာဖြစ်ပါတယ်။ ကွန်ပျူတာ Boot လုပ်တယ်ဆိုတာက ကွန်ပျူတာ System Files နှင့် (OS)
Windows ကို Loading လုပ်တာပါ။ အဲဒါကို တနည်းအားဖြင့် Boot Sequences လို့လည်းခေါ်ပါတယ်။
System File တွေကို သွားခေါ်တယ်ဆိုတာက ကွန်ပျူတာမှာ အသုံးပြုနေတဲ့ Windows ( Operating System
) ကအသုံးပြုတဲ့ Files တွေကို သွားခေါ်တာဖြစ်တယ်။ System Files တွေဆိုတာက ဘာတွေလဲ။ System
Files တွေဆိုတာက Windows ( Operating System ) ကအလုပ်လုပ်နိုင်ဖို့အတွက် အသုံးပြုရတဲ့ Files
တွေဖြစ်တယ်။ Operating System ဖြစ်တဲ့ Windows ဟာ အဲဒီ Files တွေရှိမှ အလုပ်လုပ်တာဖြစ်ပါတယ်။
အဲဒီ System File တွေဟာ မိမိရဲ့ ကွန်ပျူတာမှာ Windows ကိုစပြီးတင်လိုက်ကတည်းက Windows နှင့်အတူ
Default ပါလာတဲ့ File တွေပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ Windows ကောင်းကောင်းအလုပ်လုပ်ဖို့အတွက် ဒီ
System File ဆိုတာကိုသွားခေါ်ရပါတယ်။ အဲဒီ System File တွေကို Hard Disk ကနေမှ Memory
ပေါ်သို့ဆွဲတင်တာဖြစ်ပါတယ်။ အဲဒီ System File တွေကို Shortcut Key နှိပ်ပြီးကြည့်လို့ရပါတယ်။
Ctrl+Alt+Del နှိပ်ပြီးကြည့်လို့ရပါတယ်။ Windows Task Manager ဆိုတဲ့ Box လေးနဲ့ပြပေးပါလိမ့်မယ်။
အဲဒီ File တွေကအရမ်းအရေးကြီးပါတယ်။ ဒီ System File တွေ Loading လုပ်လို့မရဘူးဆိုရင်တော့
Windows တက်မှာမဟုတ်ပါဘူး။ ကွန်ပျူတာတစ်လုံးမှာ ဒီ Windows နဲ့ပဲ အဓိက အလုပ်လုပ်နေတာပါ။ ဒီ
Windows မရှိဘူးဆိုမှတော့ ကွန်ပျူတာမှာ သိပ်ကိုအရေးပါပါတယ်ဆိုတဲ့ Devices တွေ၊ Bus တွေ၊ RAM တွေ၊
CPU တွေက ဘာမှလုပ်လို့မရတော့ဘူး။ ဟုတ်တယ်နော်။ ဒီတော့ ဒီအဆင့်ဟာ သိပ်ကိုအရေးကြီးပါတယ်။
နောက်ပြီး System Files တွေကို မှာပြီးဖျက်တာတွေဘာတွေ မလုပ်မိပါစေနဲ့။ System Files တွေကိုသွားပြီး
Loading လုပ်ပြီးတာနဲ့ Windows ကိုသွားခေါ်ပြန်ပါတယ်။ အဲဒါတွေက System ပိုင်းအရသာပြောလို့ရပါတယ်။
Application တွေကိုအသုံးပြုသလိုမျိုး ကိုယ်တိုင်ကိုယ်ကျသွားလုပ်လို့မရပါဘူး။ ဒါက System က
သူ့ဘာသာသူ လုပ်နေတဲ့အဆင့်ပဲ ဖြစ်ပါတယ်။ ဒီအဆင့်တွေကိုကျော်မှပဲ ကွန်ပျူတာကို
မိမိသုံးချင်တာသုံးလို့ရမှာပါ။
ဒီလို System File လေးတွေခေါ်တင်လိုက်တာကိုပဲ Boot လုပ်တယ်လို့ခေါ်တာပါ။
ကွန်ပျူတာတစ်လုံးမှာ Post ရယ် Boot ရယ်အောင်မြင်ပါမှ ကျန်တဲ့ Application တွေအသုံးပြုမှုတွေ
ကို စတင်ပြီးတော့လုပ်လို့ရမှာ ဖြစ်ပါတယ်။ ကဲ ဒါဆို Post ရယ်၊ Boot ရယ်ဆိုတာကို နားလည်မယ်လို့
ထင်ပါတယ်။ ဒါဆို Post နှင့် Boot ကိုရှင်းတာကို ဒီမှာတင်ပဲ အဆုံးသတ်လိုက်တော့မယ်နော်။

ဒီ Post လေးကိုတော့ YOUTH COMPUTER မှ ထုတ်ဝေသော စာအုပ်လေးမှ ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။

pdf အနေနဲ့ သိမ်းထားချင်တဲ့ သူငယ်ချင်းများ ဒီမှာ ဒေါင်းယူနိုင်ပါတယ်ခင်ဗျာ။။

upload 1 time to all my 12 accounts


ကျနော် ဒီနေ့ရေးမယ့် အကြောင်းလေးကို ရေးမယ်လုပ်တာ နည်းနည်းတော့ ကြာသွားပါပြီ မရေးဖြစ်သေးဘူး...။ မရေးဖြစ်တာကလဲ ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းများ သိပြီးသား အကြောင်းလေး ဖြစ်နေမလားလို့ တွေဝေနေလို့ပါ။ ကျနော်တို့ ဘလောဂါတွေ ဖိုင်တွေ Upload တင်ရာမှာ
ဆိုဒ်တစ်ခု နှစ်ခုလောက်မှာပဲ Upload တင်တာများတာကိုတွေ့ရပါတယ်။ တော်တော်လေးကိုလဲ အချိန်ပေးတင်ရမှာ ဖြစ်ပါတယ်..။ မြန်မာနိုင်ငံရဲ့ Connection ကလဲ သိတဲ့အတိုင်းပဲလေ။ကျနော်ကိုယ်တိုင် သုံးနေရတာကလဲ လိုင်းက မကောင်းလှပါဘူး။ သိပြီးသား သူငယ်ချင်းများတော့ ကျော်ပြီးဖတ်ပေးကြပါ။ Blogspot အသစ်လေးတွေလဲ တော်တော်များများ ဖြစ်လာတော့ အားရမိပါတယ်။ စတင်လေ့လာမျှဝေသူ များအနေနဲ့ ရော မသိသေးတဲ့ သူငယ်ချင်းများအတွက် ဒီ အခု ကျနော်ပြောမယ့် အကြောင်းလေးကတော့ တော်တော်လဲကို အသုံးတည့်ပါလိမ့်မယ်ခင်ဗျာ....။

ကျနော်တို့ ဘလော့ တစ်ခုကို စတင်လုပ်ပြီဆိုရင်တော့ Hosting ကိုတော့ မဖြစ်မနေလုပ်ရပါတော့မယ်။
ကျနော်တို့တွေက ကိုယ်ပိုင် Hosting လေး မဝယ်နိုင်တော့ Free Hosting ဆိုဒ်လေးတွေမှာပဲ အကောင့်ဖွင့်ပြီး သုံးရပါတယ်။ hosting site လေး အဆင်ပြေတာလေးတွေ အနည်းငယ်ဖော်ပြပေးလိုက်ပါတယ်။
1) tusfiles
2) solidfiles
3) Zippyshare
4) Sharebeast
5) Ziddu
6) hotfile
7) ge.tt 
တို့ဖြစ်ပါတယ်။

အပေါ်က ဖော်ပြထားတာ့ Hosting တွေမှာ မိမိ ကြိုက်နှစ်သက်ရာမှာ အကောင့် ဖွင့်ထားလိုက်ပါ။

အခုမှ စမှာနော်...။ ကျနော်တို့ Upload တင်တဲ့အချိန်မှာ အဲ site တွေမှာ တစ်ခုချင်းလိုက်တင်နေရင် လိုင်းကလဲ မကောင်းတော့ အချိန်ဘယ်လောက်ပေးပြီး တင်ရဆိုတာကို တင်ဖူးသူတိုင်း ခံစားဖူးမှာပါ။ Upload တစ်ကြိမ်တင်လိုက်တာနဲ့ အပေါ်က ဖော်ပြထားတဲ့ Site တွေမှာ ရှိတဲ့ ကိုယ့်အကောင့်ထဲကို ရောက်အောင်တင်နည်းလေးကို ပြောမှာ ဖြစ်ပါတယ်။ 12 ဆိုဒ်ထိကို တင်လို့ ရပါတယ်။ သုံးဖူးတဲ့ သူတွေ လဲ ရှိမှာပါ။

ပေါ်က ဆိုဒ်တွေမှာ အကောင့်ဖွင့်ထားပြီလို့ သဘောထားပြီးပြောမယ်နော်။

ဒီတစ်ခါတော့ http://www.mirrorcreator.com/ မှာ အကောင့်တစ်ခု ဖွင့်ရပါတယ်။ မကြာပါဘူး ဖွင့်လိုက်ပါ။ ဖွင့်ပြီးပြီ။။။ အယ်... မြန်ထှာာာာာာ :P။


အကောင့် ရပြီဆိုတော့ ကျနော် ပြင်ဆင်မှုတွေ လုပ်ကြမယ်။ My Account ကို သွားလိုက်ပါ။ အောက်ပါအတိုင်း တွေ့ ရပါမယ်။

ဒီမှာ Account Setting ကို ဆက်သွားလိုက်ပါ။ Account Details နှင့် Your Filehosts Account Details ဆိုတာကို ရှိပါတယ်။ Your Filehosts Account Details လက်ယာဘက်ဘေးက Edit ဆိုတာလေးက ကလစ်ပြီး ကျနော်တို့ ပြင်ဆင်ရပါမယ်။

အပေါ်က ပုံကျတော့ ကျနော် setting လုပ်ထားပြီးသားဖြစ်နေလို့ ပါ..။ သူငယ်ချင်းတို့ မလုပ်ရသေးဘူးဆိုရင်တော့ Filehost ,username,password နေရာတွေ ရှိမှာ မဟုတ်သေးပါဘူး။
ကျနော်တို့ Edit ကလစ်ပြီး အောက်က ပုံလေးလိုရောက်နေပါပြီ။
အဲပုံမှာ အောက်ဘက်ကို Scroll Down ဆင်ပြီး ဆိုဒ်တွေကို ရှာကြည့်ပါ။ Solidfile တို့ zippyshare တို့ စသည်ဖြင့် ဆိုဒ်တွေ ရှိပါတယ်။ အဲမှာ ကျနော်Zippyshare မှာ ကျနော့် Zippyshare က Username နှင့် Password ကို ထည့်လိုက်ပါတယ်။ အခြားသော ဆိုဒ်တွေက အကောင့်အမည်နှင့် ပစဝ တွေကို ထည့်ပေးလိုက်ပါတယ်။ ပြီးရင်တော့ အောက်မှာ ရှိတဲ့ Save ပေါ့။

ပြီးရင်တော့ Favorite Mirrors ဆိုတာကို ထပ်ပြီးတော့ Edit လုပ်ပါမယ် မလုပ်ထားရင်လဲ ရတော့ ရပါတယ်..။ ကျနော်တို့ upload တင်တဲ့ အခါမှာ ပြန်လုပ်နေစရာမလိုအောင် လုပ်ထားတာကောင်းပါတယ်။
Edit ကို ဝင်ပြီး ကျနော့်တို့ အကောင့် ထည့်ထားတာ့ ဆိုဒ်တွေကို အမှတ်လေး ပေး ရွေးထားလိုက်ပါ။ ပြီးရင်တော့ Save ပေါ့နော်။ ကဲ ကျနော်တို့ အားလုံး ပြင်ဆင်လို့ ပြီးပါပြီ။ Upload စမ်းတင်ကြည့်လိုက်ပါ။
Solidfile,Tusfiles ,Zippyshare,Sharebeast,Zuddi,hotfiles,gett တို့မှာ ရှိတဲ့ ကိုယ့်အကောင့်တွေထဲ မှာ အားလုံး တင်ပြီးသား ဖြစ်ပါတယ်ခင်ဗျာ...။ 12 site ထိ တင်လို့ရပါတယ်.။ အချိန်ကုန်သက်သာစေပြီး upload တင်ရတာ အဆင်ပြေ ချောမွေ့ ကြပါစေ။

Windows 8 Keyboard Shortcut များ


Microsoft က အောင်မြင်မှုကြီးကြီးမားမားတစ်ခုအနေနဲ့ Windows 8 ကို ဖြန့်ချီလိုက်နိုင်ပါပြီ။ Windows 8 ဟာ multi-touch interfaces ပုံစံအတွက် ထုတ်လုပ်ထားတာကို တွေ့ရပေမယ့်လည်း touch ကို အသုံးမပြုသူတဲ့ user များအတွက် keyboard shortcut များ ရှိပါတယ်။

Keyboard Shortcut ဆိုတာကတော့ mouse တို့၊ အခြား pointing device တို့လို ကွန်ပျူတာမှာ လွန်အပ်တဲ့ ညွှန်ကြားချက်တစ်ခုကို လုပ်ဆောင်စေဖို့ ကီး ၂ ခုနှင့်အထက် ပေါင်းစပ် နှိပ်ရတာမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။ Keyboard shortcut ကို အသုံးပြုခြင်းဟာ ကွန်ပျူတာအလုပ်လုပ်ရာမှာ အချိန်ကုန် သက်သာစေခြင်း၊ windows နှင့် အခြား applications တွေကို အသုံးပြုရာမှာ လွန်စွာ မြန်ဆန်သည့်အတွက် လုပ်ငန်းတွင်ကျယ်စေခြင်း စသည့် အကျိုးကျေးဇူးကောင်းတွေ ရရှိစေနိုင်ပါတယ်။ ဒါကြောင့် Windows 8 ရဲ့ Keyboard Shortcut များ အပြည့်အစုံကို ကျွန်တော် စုစုစည်းစည်း ဖော်ပြပေးလိုက်ပါတယ်။ သူငယ်ချင်းများအတွက် အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

WINDOWS 8 KEYBOARD SHORTCUTS
Windows key: Switch between Modern Desktop Start screen and the last accessed application
Windows key + C: Access the charms bar
Windows key + Tab: Access the Modern Desktop Taskbar
Windows key + I: Access the Settings charm
Windows key + H: Access the Share charm
Windows key + K: Access the Devices charm
Windows key + Q: Access the Apps Search screen
Windows key + F: Access the Files Search screen
Windows key + W: Access the Settings Search screen
Windows key + P: Access the Second Screen bar
Windows key + Z: Brings up the App Bar when you have a Modern Desktop App running
Windows key + X: Access the Windows Tools Menu
Windows key + O: Lock screen orientation
Windows key + . : Move the screen split to the right
Windows key + Shift + . : Move the screen split to the left
Windows key + V: View all active Toasts/Notifications
Windows key + Shift + V: View all active Toasts/Notifications in reverse order
Windows key + PrtScn: Takes a screenshot of the screen and automatically saves it in the Pictures folder as Screenshot
Windows key + Enter: Launch Narrator     
Windows key + E: Open Computer
Windows key + R: Open the Run dialog box
Windows key + U: Open Ease of Access Center
Windows key + Ctrl + F: Open Find Computers dialog box
Windows key + Pause/Break: Open the System page
Windows key + 1..10: Launch a program pinned on the Taskbar in the position indicated by the number
Windows key + Shift + 1..10: Launch a new instance of a program pinned on the Taskbar in the position indicated by the number
Windows key + Ctrl + 1..10: Access the last active instance of a program pinned on the Taskbar in the position indicated by the number
Windows key + Alt + 1..10: Access the Jump List of a program pinned on the Taskbar in the position indicated by the number
Windows key + B: Select the first item in the Notification Area and then use the arrow keys to cycle through the items Press Enter to open the selected item
Windows key + Ctrl + B: Access the program that is displaying a message in the Notification Area
Windows key + T: Cycle through the items on the Taskbar
Windows key + M: Minimize all windows
Windows key + Shift + M: Restore all minimized windows
Windows key + D: Show/Hide Desktop (minimize/restore all windows)
Windows key + L: Lock computer
Windows key + Up Arrow: Maximize current window
Windows key + Down Arrow: Minimize/restore current window
Windows key + Home: Minimize all but the current window
Windows key + Left Arrow: Tile window on the left side of the screen
Windows key + Right Arrow: Tile window on the right side of the screen
Windows key + Shift + Up Arrow: Extend current window from the top to the bottom of the screen
Windows key + Shift + Left/Right Arrow: Move the current window from one monitor to the next
Windows key + F1: Launch Windows Help and Support

PageUp: Scroll forward on the Modern Desktop Start screen
PageDown: Scroll backward on the Modern Desktop Start screen
Esc: Close  a charm
Ctrl + Esc: Switch between Modern Desktop Start screen and the last accessed application
Ctrl + Mouse scroll wheel: Activate the Semantic Zoom on the Modern Desktop screen

Alt: Display a hidden Menu Bar
Alt + D: Select the Address Bar
Alt + P: Display the Preview Pane in Windows Explorer
Alt + Tab: Cycle forward through open windows
Alt + Shift + Tab: Cycle backward through open windows
Alt + F: Close the current window Open the Shut Down Windows dialog box from the Desktop
Alt + Spacebar: Access the Shortcut menu for current window
Alt + Esc: Cycle between open programs in the order that they were opened
Alt + F4: Close Application

Alt + Enter: Open the Properties dialog box of the selected item
Alt + PrtScn: Take a screen shot of the active Window and place it in the clipboard
Alt + Up Arrow: Move up one folder level in Windows Explorer (Like the Up Arrow in XP)
Alt + Left Arrow: Display the previous folder
Alt + Right Arrow: Display the next folder
Shift + Insert: CD/DVD Load CD/DVD without triggering Autoplay or Autorun
Shift + Delete: Permanently delete the item (rather than sending it to the Recycle Bin)
Shift + F6: Cycle backward through elements in a window or dialog box
Shift + F10: Access the context menu for the selected item
Shift + Tab: Cycle backward through elements in a window or dialog box
Shift + Click: Select a consecutive group of items
Shift + Click on a Taskbar button: Launch a new instance of a program
Shift + Right-click on a Taskbar button: Access the context menu for the selected item
Ctrl + A: Select all items
Ctrl + C: Copy the selected item
Ctrl + X: Cut the selected item
Ctrl + V: Paste the selected item
Ctrl + D: Delete selected item
Ctrl + Z: Undo an action
Ctrl + Y: Redo an action
Ctrl + N: Open a new window in Windows Explorer
Ctrl + W: Close current window in Windows Explorer
Ctrl + E: Select the Search box in the upper right corner of a window
Ctrl + Shift + N: Create new folder
Ctrl + Shift + Esc: Open the Windows Task Manager
Ctrl + Alt + Tab: Use arrow keys to cycle through open windows
Ctrl + Alt + Delete: Access the Windows Security screen
Ctrl + Click: Select multiple individual items
Ctrl + Click and drag an item: Copies that item in the same folder
Ctrl + Shift + Click and drag an item: Creates a shortcut for that item in the same folder
Ctrl + Tab:  Move forward through tabs
Ctrl + Shift + Tab: Move backward through tabs
Ctrl + Shift + Click on a Taskbar button: Launch a new instance of a program as an Administrator
Ctrl + Click on a grouped Taskbar button: Cycle through the instances of a program in the group
F1: Display Help
F2: Rename a file
F3: Open Search
F4: Display the Address Bar list
F5: Refresh display
F6: Cycle forward through elements in a window or dialog box
F7: Display command history in a Command Prompt
F10: Display hidden Menu Bar
F11: Toggle full screen display
Tab: Cycle forward through elements in a window or dialog box
PrtScn: Take a screen shot of the entire screen and place it in the clipboard
Home: Move to the top of the active window
End: Move to the bottom of the active window
Delete: Delete the selected item
Backspace: Display the previous folder in Windows Explorer  Move up one folder level in Open or Save dialog box
Esc: Close a dialog box
Num Lock Enabled + Plus (+): Display the contents of the selected folder
Num Lock Enabled + Minus (-): Collapse the selected folder
Num Lock Enabled + Asterisk (*): Expand all subfolders under the selected folder 

Press Shift 5 times Turn StickyKeys on or off
Hold down right Shift for 8 seconds Turn FilterKeys on or off
Hold down Num Lock for 5 seconds Turn ToggleKeys on or off

(မူရင်းလင့် - Complete List Of Windows 8 keyboard Shortcuts)

ကျေးဇူးတင်စွာဖြင့်
မောင်မင်းသိန်း(ရန်ကုန်)