Showing posts with label facebook. Show all posts
Showing posts with label facebook. Show all posts

Facebook ရဲ့ နောက်ခံပုံလေး ပြောင်းကြည့်ရအောင်

ကျွန်တော်တို့ ပုံမှန် မြင်နေကျ Facebook နောက်ခံပုံလေးကို ရိုးလာပြီဆိုရင်တော့ မိမိစိတ်ကြိုက်ပုံလေးကို FB Refresh လို့ခေါ်တဲ့ Google Chrome Extension လေး သုံးပြီး ပြောင်းကြည့်ရအောင်ဗျာ။ လုပ်ပုံလုပ်နည်းကလည်း အင်မတန်ကို ရိုးရှင်းလွယ်ကူပါတယ်။

၁) Chrome App Store ကနေ FB Refresh ဆိုတဲ့ Extension လေးကို install လုပ်လိုက်ပါ။

၂) ကဲ install လုပ်ပြီးပြီဆိုရင်တော့ adress bar မှာ "chrome://extension/s" လေးကို ရိုက်ထည့်ပြီး ဖွင့်လိုက်ပါ။

၃) အဲဒီအောက်မှာ Chrome Browser ထဲမှာ သွင်းထားတဲ့ Extension လေးတွေကို တွေ့ပါလိမ့်မယ်။ အဲဒီထဲကမှ FB Refresh အောက်မှာ Options ဆိုတာလေးကို နှိပ်လိုက်ပါ။

၎) နှိပ်လိုက်ပြီဆိုရင်တော့ အပေါ်က ပုံလေးအတိုင်း တွေ့ပါမယ်။ ဒါဆိုရင်တော့ Choose files ဆိုတဲ့ခလုတ်လေး ကို နှိပ်ပြီး မိမိကြိုက်တဲ့ ပုံလေးကို ထည့်ပေးလိုက်ပါ။ သို့တည်းမဟုတ်ရင်လည်း သူ ပေးထားတဲ့ theme ထဲက ပုံလေးတွေကိုလည်း ရွေးနိုင်ပါတယ်။

၅) ပြီးပြီဆိုရင်တော့ Save ခလုတ်လေးကို နှိပ်လိုက်ပါ။

ကဲ ရိုးအီလာတဲ့ Facebook Background လေးကို ပြောင်းပြီး သုံးပေါ့ဗျာ။ ကျွန်တော့်ကတော့ ချက်ချင်းကို ပြောင်းပ လိုက်ပြီဗျာ။  သူငယ်ချင်းများအားလုံး အဆင်ပြေကြပါစေ။



မူရင်းလင့် [How To Change Facebook Background With FB Refresh]

ကျေးဇူးတင်စွာဖြင့်
iTFree4U

Facebook Hacking [eBooks]

ဒီနေ့တော့ Facebook Hacking ပိုင်းဆိုင်ရာ စာအုပ်လေးများကို စုစည်းပေးလိုက်ပါတယ်။ အခုဆိုရင် Hacking Hacking နဲ့ တော်တော်လေး ခေတ်စားလာသလို လေ့လာတဲ့သူတွေလည်း အတော်လေးကို များလာတာကို တွေ့ရပါတယ်။ ကျွန်တော်တော့ ပါမယ်မထင်ဘူး။ ဘာပဲပြောပြော အကောင်းဘက်က ကြည့်ရင် အားရစရာ အရမ်းကောင်းပါတယ်။ အဲဒီထဲကမှ ကမ္ဘာ့နံပါတ် ၁ Social Networking Site ဖြစ်တဲ့ Facebook ထဲမှာ သူများတွေရဲ့ အကောင့်တွေကို လက်တည့်စမ်းလာကြပါတယ်။ ဒါကို သိထားဖို့ မြန်မာနိုင်ငံသား ပညာရှင်တွေ ရေးသားထားတဲ့ Facebook Hacking နည်းလမ်း စာအုပ်လေးများကို စုစည်းပြီး ပြန်လည်မျှဝေ လိုက်ပါတယ်ဗျာ။ ကိုယ်တိုင် ဟက်တတ်ဖို့ထက် မိမိအကောင့်ကို ဟက်လာရင် ဘယ်လို ကာကွယ်ရမလဲဆိုတဲ့ ဟာလေး ကို သိစေချင်ပါတယ်။ စာရေးသူ မြန်မာပညာရှင်များကို ဒီနေရာကနေ သူငယ်ချင်းများအားလုံး ကိုယ်စား ကျေးဇူးတင်ပါတယ်ဗျာ။ ကဲ အတူတူ ဖတ်ရအောင်နော်။

Facebook Hacking စာအုပ်များ ဒေါင်းယူရန်

အော် ပြောရမှာ ကျန်ခဲ့လို့ အကယ်၍ Password မေးခဲ့ရင် iTFree4U လေး ရိုက်ထည့်လိုက်ပါနော်။


ကျေးဇူးတင်စွာဖြင့်
iTFree4U

Facebook Data တွေကို ဘယ်လို Backup လုပ်မလဲ

မနေ့က ကျွန်တင်ပေးထားတဲ့ ထားတဲ့ ဆောင်းပါးလေးရဲ့ အဆက်ဆိုလည်း ဟုတ်ပါတယ်။ မနေ့ကတော့ ကျွန်တော်တို့ ဘာကြောင့် Facebook Content တွေကို Backup လုပ်သင့်သလဲဆိုတာကို တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီတော့ သိသင့်သလောက်လည်း သိပြီးပါပြီ။ ဒီတစ်ခါတော့ ဘယ်လို Backup လုပ်မလဲ။ ကဲ လွယ်ပါတယ်။ အဆင့်က (၅)ဆင့်တည်းပါ။ အတူတူ လုပ်ကြည့်ရအောင်နော်။ တကယ်တော့ Facebook built-in archival tool လေးကို အသုံးပြုပြီး လုပ်သွားတာပါပဲ။

အဆင့်(၁) ညာဘက်အပေါ်ထောင့်နားက ဂီယာသွားပုံလေးကို နှိပ်ပြီး Account Settings လေးကို ဖွင့်ပါ။
အဆင့်(၂) ကဲ ဘယ်ရောက်နေလဲ ကြည့်ရအောင်။ အဲဒီအောက်နားလေးမှာပဲ Download a copy ဆိုတာလေးကို တွေ့တယ်ဟုတ်။ အဲဒါလေးကို နှိပ်လိုက်ရင် confirm လုပ်ပေးဖို့ password တောင်းပါလိမ့်မယ်။ ထည့်ပေးလိုက်ပါ။ ပြီးရင် အောက်မှာ expanded archive လေးကိုတွေကို backup လုပ်ချင်သလားတဲ့။ ကဲ အပန်းမှမကြီးတာ အကုန်သာ လုပ်ပလိုက်။
အဆင့်(၃) Download Archive လေးနှိပ်ပြီး ဒေါင်းလိုက်ပါပြီ။ ကဲ ဘယ်လောက် အံ့သြဖို့ကောင်းလဲ။ ဆိုဒ်က MB လောက်ပဲ ရှိတယ်။ ဒီလောက် ကျွန်တော်တို့ နှစ်အတော်ကြာ တင်ထားတဲ့ ဓါတ်ပုံတွေ/သတင်းတွေ/ Post တွေဟာ ဒီလောက်ပဲ ရှိတယ်ဆိုတော့။
အဆင့်(၄) ကဲ ဖွင့်ကြည့်ရအောင်။ ဟောဗျာ။ အားလုံး folder လေးတွေနဲ့ တွေ့ရပြီ။ အဲဒီမှာ subfolders လေး ၂ ခုတွေ့မယ်။ html နဲ့ photos ဆိုပြီးတော့။ html folder ကတော့ တင့်ခဲ့သမျှ posts, likes, messages တွေပါ။ Friends ဆိုတာ အောက်မှာလည်း သင့်သူငယ်ချင်းတွေရဲ့ email စတာတွေ တွေ့ပါမယ်။ အဲဒီမှာ သင်တင်ထား ခဲ့တဲ့ ဓါတ်ပုံတွေကို html နဲ့လည်း တွေ့နိုင်ပါသေးတယ်။ ဒုတိယ main folder လေးကတော့ အင်မတန်ကို အံ့သြဖို့ကောင်းပါတယ်။ သင်တင်ထားခဲ့သမျှ ဓါတ်ပုံတွေကို .jpeg format နဲ့ တွေ့ရပါမယ်။
အဆင့်(၅) အကယ်၍ သင် expanded archive ကိုလည်း ဒေါင်းခဲ့မယ်ဆိုရင်တော့ သူငယ်ချင်းတွေရဲ့ အခြားအချက်အလက်တွေကိုပါ တွေ့ရမှာပါ။
ကဲ ဘယ်လောက်လွယ်ပြီး အံ့သြဖို့ကောင်းလဲနော်။ ကျွန်တော် အအံ့သြဆုံးကတော့ တင်ခဲ့သမျှ ဓါတ်ပုံတွေကို .jpeg အနေနဲ့ ပြန်ရတာကိုပါပဲ။ ဒါကတော့ Facebook built-in tool ကို အသုံးပြုပြီး backup လုပ်ခြင်းပါ။ တခြား tool တွေကိုလည်း အသုံးပြုပြီး backup လုပ်နိုင်ပါသေးတယ်။ ဆက်လက် ဖော်ပြပေးသွား ပါ့မယ်။ အားလုံး အဆင်ပြေကြပါစေ။


ဆက်လက်မျှဝေပါဦးမည်။
ကျေးဇူးတင်စွာဖြင့်
iTFree4U

ဘာကြောင့် မိမိရဲ့ Facebook Content တွေကို Backup လုပ်ဖို့ လိုအပ်သလဲ

ကျွန်တော်ကိုယ်တိုင် ဒီရက်ထဲ မေးမိတဲ့ မေးခွန်းလေးတစ်ခုပါ။ သူငယ်ချင်းတို့အတွက်လည်း အသုံးဝင်ဖို့ အဖြေလေးတစ်ချို့ ရှာတွေ့သလောက် ပြန်လညှ်မျှဝေ ရေးသားလိုက်ပါတယ်။ ကဲ အတူတူ စဉ်းစား ကြည့်ရအောင်ဗျာ။ ဘာကြောင့် ကျွန်တော် နှစ်အတော်ကြာ တင်ထားသမျှ ဓါတ်ပုံတွေ/သတင်းတွေ/ sharing data တွေကို backup လုပ်ဖို့ လိုအပ်သလဲ။

၁) သင့် Facebook အကောင့် Hack ခံရပြီဆိုပါစို့။ ဒါဆို သင် တင်ထားသမျှ Photos, သူငယ်ချင်းစာရင်းတွေ၊ Status Update တွေ၊ Posted Link တွေ စတဲ့စတဲ့ အရာတွေကို အဆုံးရှုံးခံနိုင်မလား။ ဒီကနေ့ ခေတ်မှာ ဘယ် စာရွက်/စာတမ်း စာရင်းအင်းမဆို၊ အချက်အလက်မဆို backup ဆိုတာ ထားဖို့ လိုအပ်လာပါပြီ။

၂) Facebook က ၉၉.၉၉၉ ရာခိုင်နှုန်း လုံခြုံတယ် ပြောပါဦး။ နေ့စဉ်နဲ့အမျှ ကျွန်တော်တို့ ကိုယ်တိုင် အကောင့်တွေက Lock ကျကုန်တယ်။ အချက်အလက်တွေ ဆုံးရှုံးကုန်တယ်။ အဲဒီတော့ ပညာရေး/ စီးပွားရေး ရည်ရွယ်ချက်နဲ့ ဖွင့်ထားတဲ့ Page တွေကို ဘယ်လိုလုပ်ကြမလဲ။ ဒီအချက်ကလည်း အရေးကြီး ပါတယ်။

၃) ကျွန်တော်တို့ကတော့ သိပ်မသိကြပေမယ့် တကယ် Business , Education, Government ပိုင်းဆိုင်ရာ အသုံးပြုသူတွေရဲ့ Data Loss ပြသနာဟာ Facebook မှာ နေ့တိုင်း ကြုံတွေ့နေရပါတယ်။ ဒါတွေကိုကော ဘယ်လိုလုပ် ကာကွယ်ထားမလဲ။

၎) သင်ဟာ ကုမ္ပဏီတစ်ခုရဲ့ Facebook Page ကို post / edit လုပ်ပေးနေရတဲ့ admin ဆိုပါတော့။ သင် နေ့စဉ် တင်သမျှ အချက်အလက်တွေ ဆုံးရှုံးသွားပြီဆိုရင်ကော။ သင့်ရဲ့ အချိန်တွေ ဆုံးရှုံးသွားရုံတင်မကဘူးနော်။ သင့်ကုမ္ပဏီရဲ့ ငွေကြေးနဲ့ အချိန်တွေလည်း ဆုံးရှုံးသွားမှာပဲဆိုတာ ထည့်စဉ်းစားပါ။

၅) သင့်ရဲ့ Facebook ကို ကာကွယ်ခြင်းဟာ သင့်ရဲ့ Data ကို ကာကွယ်ရုံတင်မကဘူး Facebook နဲ့ နေ့စဉ် ချိပ်ဆက်အသုံးပြုနေတဲ့ Thirt-party Sites နှင့် services တွေက ရယူသွားမယ့် Data / credentials ပိုင်းဆိုင်ရာ တွေလည်း ဆုံးရှုံးသွားမှာပါ။

၆) ၃ သန်းကျော်သော Page တွေဟာ Facebook ပေါ်မှာ နေ့စဉ် စီးဆင်းနေပါတယ်။ သင့်ရဲ့ Page ပိုင်းဆိုင်ရာ Promote လုပ်တော့မယ်ဆိုရင်ကော အဲဒီထဲမှာ ပါတဲ့ Data တွေ ဆုံးရှုံးသွားရင်ကော .... ။ Promote လုပ်ရင် အချိန်ကုန်/ ငွေကုန်ကြေးကျခံရမှာလေ။

၇) ပျမ်းမျှအားဖြင့် တွက်ကြည့်ရင်တဲ့ Facebook အကောင့်တစ်ခုမှာ သူငယ်ချင်း ၁၃၀ ယောက် ရှိပါတယ်တဲ့။ ကဲ အကြောင်းအမျိုးမျိုးကြောင့် သင့်အကောင့် ပျောက်ဆုံးသွားပြီဆိုရင် ဒီသူငယ်ချင်းတွေကို အတိအကျ ဘယ်လိုလုပ် ပြန်ရှာပြီး add မလဲ။ backup ထားမယ်ဆိုရင်တော့ အားလုံး ပြန်ရနိုင်ပါတယ်တဲ့။

၈) Facebook အသုံးပြုသူတွေဟာ ပျမ်းမျှအားဖြင့် လစဉ် အနည်းဆုံး 4 Pages ကို Likes လုပ်ပါတယ်တဲ့။ အလုပ်များသူတွေရဲ့ သဘာဝအလျောက် သူတို့ဟာ Page တစ်ခုက နောက်တစ်ခါ ပြန် Like လုပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ကဲ သင့် Facebook Page ပျောက်သွားခဲ့ရင် သင့် Page ရဲ့ Fan တွေ ဘယ်လို ပြန်ရဖို့ လွယ်မလဲ။

၉) 10,000+ Likes ရှိတဲ့ Facebook Pages ဟာ ၄ ရာခိုင်နှုန်းခန့်သာ ရှိပါတယ်တဲ့။ ကဲ သင့်ရဲ့ Page သာ အဲဒီ ၄ ရာခိုင်နှုန်းထဲ ပါနေခဲ့ရင် သေချာသလောက်ပါပဲ။ သင့် Page ရဲ့ Fans တွေပျောက်သွားခဲ့ရင် အဲဒီလို ပြန်ရဖို့ဆိုတာ အင်မတန်ခက်ခဲမယ်နော်။

၁၀) Likes ပေါင်း 10,000+ ရှိနေတဲ့ Page တစ်ခုဖြစ်လာတယ်ဆိုတာ သူ တင်ထားတဲ့ ဗီဒီယို၊ ဓါတ်ပုံ၊ မှတ်တမ်း သတင်းတွေကြောင့်ပေါ့။ ကဲ အဲဒါတွေ ရင်းနှီးခဲ့ရတဲ့အတွက် ဆုံးရှုံးသွားခဲ့ရင်လည်း အင်မတန်ကို ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်မှာ သေချာပါတယ်။

၁၁) Facebook က သင့်သူငယ်ချင်းတွေ၊ Fan တွေရဲ့ လုပ်ဆောင်ချက်တွေ အားလုံးကို ပြသနေမှာ မဟုတ်တော့ပါဘူး။ အဲဒီတော့ သင့်ရဲ့ Content တွေ ပျောက်ဆုံးသွားရင် အဲဒီသူငယ်ချင်းတွေ ရေးထားမယ့် Comment တွေ၊ Likes တွေလည်း အတူတူ ပျောက်ကွယ်သွားမှာလေ။ Backup လုပ်ထားခြင်းဟာ အဲဒီအရာ တွေကို ကိုယ်ပွား သိမ်းထားပေးမှာပါ။

၁၂) အခုဆိုရင် Facebook ပေါ်မှာ Post တင်သမျှတွေဟာ Facebook ပေါ်မှာ ပေါ်လာသလို Google Search ပေါ်မှာလည်း ပေါ်လာတယ်နော်။ အဲဒီတော့ ဆုံးရှုံးခဲ့မယ်ဆိုရင် ၂ ဆ ဆုံးရှုံးမှာပါ။

ကဲ ဒီလောက်ဆို Facebook မှာ Backup ဟာ ဘယ်လောက် အရေးကြီးတယ်ဆိုရင် သူငယ်ချင်းတို့ သိလောက်ပါပြီနော်။ စီးပွားရေးဆိုင်ရာ/သတင်းအချက်အလက်ပိုင်းဆိုင်ရာ ဝေမျှနေတဲ့ ဆိုဒ်ဆို Backup လုပ်ထားခြင်းဟာ အင်မတန်ကို တန်ဖိုးရှိတဲ့ လုပ်ရပ်ဖြစ်မှာပါ။ ဘယ်လို backup လုပ်မလဲဆိုတာလေးကို ဆက်လက်မျှဝေ တင်ပြပေးသွားပါ့မယ်ဗျာ။ စောင့်မျှော်ဖတ်ရှုပါဦး။



ဆက်လက်မျှဝေပါဦးမည်။
ကျေးဇူးတင်စွာဖြင့်
iTFree4U

Facebook အကောင့်အား ကာကွယ်ရန် နည်းလမ်း(၉)သွယ်

သန်းပေါင်းများစွာသော ဆိုဒ်တွေထဲမှာ Facebook ဟာ နံပါတ်(၁) ဖြစ်လာခဲ့ပါပြီ။ သင်ဟာ နေ့တိုင်း Device ပေါင်းစုံကနေ Facebook အကောင့်ထဲကို login ၀င်နေတာဆိုတော့ တစ်နေရာမဟုတ် တစ်နေရာမှာ သင် logout လုပ်ဖို့ မေ့ကောင်းမေ့နိုင်မယ်။ အဲဒီတော့ အခြားသူတွေက သင်မေ့ခဲ့တဲ့ Facebook အကောင့်ကို မလိုအပ်တဲ့ နည်းလမ်းနဲ့ အသုံးချသွားမယ်။ ဒါတွေကို ဘယ်လို နည်းလမ်းနဲ့ ကာကွယ်မလဲ။ ဒီလိုပဲ အခြားနည်းလမ်းတွေနဲ့လည်း သင့်ရဲ့ အကောင့်ကို Hacker / Attacker တွေက အဝေးတနေရာကနေ လှမ်းပြီး access ရမသွားရလေအောင် ဘယ်နည်းလမ်းတွေ နဲ့ ကာကွယ်မလဲဆိုတာကို နည်းလမ်း(၉)သွယ်နဲ့ တင်ပြသွားပါ့မယ်။

၁) အကောင်းဆုံး/အခိုင်မာဆုံး Password ကို ဖန်တီးထားပါ။
သင့်ဆီမှာ Facebook အကောင့်အတွက် သင့်ရဲ့ ကိုယ်ပိုင် Password ရှိတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် Facebook အကောင့်အတွက် အခြား ဆိုဒ်ရဲ့ Password တွေနဲ့ လုံးဝ မတူရင် ပိုကောင်းပါတယ်။ ဥပမာ- email, blog, hosting, စသည်ဖြင့် ....


Facebook မှာ Password ချိန်းချင်တယ်ဆိုရင်တော့ Account Settings > General > Password ထဲ ကနေ ၀င်ရောက်ပြီး ပြောင်းလဲနိုင်ပါတယ်။
အကောင်းဆုံး Password ဘယ်လို ဖန်တီးမလဲဆိုတာ ဒီမှာ လေ့လာနိုင်ပါတယ်။

၂) ဖုန်းနံပါတ်ကို ထည့်သွင်းပြီး Confirm လုပ်ထားပါ။
ဖုန်းနံပါတ်ကို ထည့်သွင်းပြီး confirm လုပ်ထားခြင်းဟာ Facebook လုံခြုံရေးအတွက် အကောင်းဆုံးထဲက နည်းလမ်းတစ်သွယ်ဖြစ်ပါတယ်။ ဒီလို ထည့်သွင်းထားခြင်းအားဖြင့်လည်း  အကယ်၍ သင့် Password မေ့သွား ခဲ့ရင်လည်း Facebook ကနေ SMS ကနေတဆင့် ပြန်လည် ရယူနိုင်ပါတယ်။

ဖုန်းနံပါတ်ကို ထည့်သွင်းဖို့ကိုတော့ Account Settings > Mobile ထဲကနေ Add a Phone ကို နှိပ်ပါ။
Country ကို ရွေးပါ။ ပြီးရင်တော့ Carrier ကို ရွေးပေးပါ။ ပြီးရင်တော့ Next ကို နှိပ်ပါ။
ဒါဆို သင်ပြုလုပ်ရမယ့် ညွှန်ကြားချက်လေးတစ်ခု ကျလာပါမယ်။ F ဆိုတဲ့ စာလုံးလေးကို SMS ဖြင့် နံပါတ်တစ်ခုကို ပို့ပေးရပါမယ်။ ပြီးတာနဲ့ confirmation code ကို ဖုန်းက လက်ခံရရှိပါလိမ့်မယ်။ နောက်ပြီး သူ့အောက်မှာလည်း ဖုန်းနံပါတ်ကို သူငယ်ချင်းများနဲ့ share လုပ်မလား/ သူငယ်ချင်းများ ဖုန်းကို text လုပ်ခွင့်ပြုမလား စသည်ဖြင့် ရွေးချယ်နိုင်ပါသေးတယ်။
ကဲ ဒါဆိုရင်တော့ သင့်ဖုန်းနံပါတ်ကို Facebook နဲ့ Register လုပ်ပြီးသွားပါပြီ။

၃) Secure Browsing ကို Activate လုပ်ပေးပါ။
အခြားလုပ်ရမယ့်အရာတွေနဲ့အတူ Facebook အတွင်း မိမိလုပ်ဆောင်သမျှ Browsing Activity လည်း လုံခြုံဖို့ လိုအပ်ပါတယ်။ အဲဒီအတွက် Secure Browsing ကို ဖွင့်ပေးရမှာပါ။ ဒါဆို ပြင်ပကနေ သင့်ဆီ ၀င်လာမယ့် applications တွေ၊ သင့်ရဲ့ information တွေကို လှမ်းယူမယ့် အရာတွေကို သင့်ရဲ့ ခွင့်ပြုချက်မရဘဲ ဘာမှ လုပ်ဆောင်လို့ မရတော့ဘူးပေါ့။

အဲဒီလို Secure Browsing ကို activate လုပ်ဖို့အတွက် Account Settings ထဲက Security ထဲကို ၀င်လိုက်ပါ။


Secure Browsing ထဲကနေ ညာဖက်ခြမ်းက Edit ဆိုတာလေးကို နှိပ်လိုက်ပါ။
အဲဒါလေး ပွင့်လာရင် Browse Facebook on a secure connection ဆိုတာလေးကို အမှန်ခြစ်လေး ခြစ်ပေးလိုက်ပါ။ ပြီးရင်တော့ Save Changes ခလုတ်ကို နှိပ်လိုက်ပါ။

၎) Login Approvals ကို Activate လုပ်ထားပါ။
Login Approvals ဆိုတာကတော့ မိမိရဲ့အကောင့်ကို သုံးနေကျ devices မဟုတ်တဲ့ တခြားတစ်နေရာကနေ ဖွင့်တိုင်းမှာ  security code တောင်းစေဖို့ လုပ်ထားတာပါ။ ဒါလေးကို activate လုပ်ဖို့အတွက်ကတော့ Account Settings>Security သွားပါ။ Login Approvals ကို ဖွင့်ပြီး Edit ဆိုတာလေးကို နှိပ်ပါ။
အဲဒီမှာ ပေါ်လာတဲ့ Check box လေးကို အမှန်ခြစ်လေး ခြစ်လိုက်ပါ။
ဒါဆို နောက်ထပ် Box လေးတစ်ခု ပေါ်လာပါလိမ့်မယ်။ Set Up Now ခလုတ်ကို နှိပ်ပါ။
သင့်ဖုန်းနံပါတ်ကို Register လုပ်ပြီးသားဆိုရင်တော့ Facebook ကနေ သင့်ဆီကို Confirmation code ကို SMS အလိုအလျောက် ပို့ပေးပါလိမ့်မယ်။ အဲဒီ code လေးကို ပေးထားတဲ့ အကွက်လေးထဲမှာ ရိုက်ထည့်ပြီး Submit Code ကို နှိပ်လိုက်ပါ။
ဒါဆိုရင်တော့ Login Approvals လေး ပြီးဆုံးသွားပြီ ဖြစ်တဲ့အတွက် Next လေးကို နှိပ်ပြီး ဆက်သွားပါ။
နောက်တစ်ခုအနေနဲ့ကတော့ သင့်ဖုန်းအတွက် Facebook က ပေးပို့မယ့် code ကို လက်ခံရရှိခြင်း မရှိဘူးဆိုရင် အသုံးဝင်မယ့် Code Generator ဆိုတာလေးကို အသုံးပြုနိုင်ပါသေးတယ်။

Facebook app ကို ဖုန်းမှာ အရင်ဆုံး install လုပ်ရပါမယ်။ ကျွန်တော်ကတော့ Android သမားဆိုတော့ Google Play ကနေ သွားဒေါင်းလိုက်ပါတယ်။ ဒေါင်းပြီး install လုပ်ပြီးပြီဆိုရင်တော့ Next ဆိုတာလေး နှိပ်ပြီးဆက်သွားပါမယ်။
ပြီးပြီဆိုရင်တော့ Facebook ကနေ Code Generator လေးကို download လုပ်ဖို့ ညွှန်ကြားချက် ပေးပါ လိမ့်မယ်။ install လုပ်ဖို့အတွက်ကို Facebook app လေးကို ဖွင့်လိုက်ပါ။ menu > Account > Code Generator > Add app ဆိုတာလေးကို နှိပ်ပြီး Finish Setup ဆိုတာလေးကို နှိပ်ပါ။
ဒါဆို Code Generator လေး အသက်ဝင်သွားပါပြီ။ ဒါဆို Facebook က သင့်ကို Code Generator ဘယ်လို ဆက်လုပ်ရမယ်ဆိုတာကို ပြောပါလိမ့်မယ်။ ဆက်ကြည့်ရအောင်နော်။ အကယ်၍ နောက်တစ်ကြိမ် သင်က new code ကို ပြောင်းချင်ရင် Facebook app လေးကို ဖွင့်။ Account > Code Generator လေးကို နှိပ်လိုက် တာနဲ့ code ပေါ်လာပါလိမ့်မယ်။ ကဲ ဒါဆို Login Approvals အဆင့် ပြီးဆုံးသွားပြီဆိုတော့ Close လေး ကို နှိပ်ပြီး ထွက်လိုက်ပါ။

၅) အရင်က ၀င်ခဲ့ဖူးတဲ့ Active Sessions တွေကို ပိတ်ပစ်ပါ။
Facebook မှာ ကောင်းတဲ့အချက်က သင်ဝင်ခဲ့ဖူးတဲ့ Device, Date, Location စတာတွေကို အတိအကျ ဖော်ပြ ပေးပါတယ်။ အဲဒီတော့ သင့်ရဲ့ Facebook ကို လုံခြုံဖို့အတွက် အဲဒါတွေကို ပိတ်ပစ် ရပါမယ်။ Account Settings >Security page ထဲကနေ Active Sessions ကို ရှာပြီး Edit ဆိုတာကို နှိပ်ပါ။
ဒါဆို သင်ဝင်ရောက် အသုံးပြုခဲ့ဖူးတဲ့ Device, Location, Date တွေကို လက်ရှိ အပါအ၀င် အားလုံးကို စာရင်းပြုစုပေးထားပါလိမ့်မယ်။ အဲဒီတော့ အခြား Device နေရာကနေ ၀င်ထားခဲ့ဖူးတဲ့ Activity တွေကို End Activity နှိပ်ပြီး ပိတ်ပစ်လိုက်ပါ။

၆) Private Browsing ကို Activate လုပ်ပါ။
အခြားသူတစ်ယောက်ကနေ မိမိအကောင့်ကို မ၀င်ရောက်နိုင်ဖို့ လုံခြုံရေး နောက်ထပ် နည်းလမ်းတစ်ခုကတော့ Private Browsing ပါ။ မိမိအသုံးပြုတဲ့ Browsers တိုင်းလိုလိုမှာ ပါဝင်ပါတယ်။ အဲဒီ Private Browsing တွေကို Active လုပ်ပြီး အသုံးပြုမယ်ဆိုရင်တော့ မိမိလုပ်ဆောင်နေသမျှဟာ Browser ရဲ့ history ထဲကို ၀င်မသွားတော့ပါဘူး။
Safari
Mac ကနေ Safari အသုံးပြုနေတယ်ဆိုရင်တော့ Safari > Private Browsing ကို သွားပါ။
Firefox
Firefox main menu ကနေ New Private Window ကို ဖွင့်ပြီး အသုံးပြုပါ။
Maxthon
ညာဖက်အပေါ်ထောင့်ကနေ ဖွင့်ပြီး Private ဆိုတာလေးကို ရွေးပါ။ ဒါဆို Private Window ပွင့်လာပါမယ်။

၇) ဘယ်တော့မှ Keep me logged in ကို မရွေးထားပါနဲ့။
သင် Facebook ကို Login ၀င်တိုင်းမှာ တွေ့ပါလိမ့်မယ်။ Keep me logged in ဆိုတာလေးကို အမြဲတမ်း အမှန် ခြစ် ဖြုတ်ထားပေးပါ။ ပုံမှန်အတိုင်းလေးပဲ ၀င်ပါ။ ဒါဆို သင် Login ၀င်တဲ့အခါတိုင်းမှာ email နဲ့ password ကို တောင်းပါလိမ့်မယ်။

၈) Spam Links တွေကို ရှောင်ကြဉ်ပါ။
Facebook က Spam တွေနဲ့ပါတ်သက်လာရင် အရမ်းကို သတိထားရပါတယ်။ မလိုအပ်ဘဲ ၀င်ရောက်လာမယ့် money scams / phishing links / malicious links တွေရဲ့ သားကောင် မဖြစ်အောင် ရှောင်ကြဉ် ရပါမယ်။ တစ်ခါတလေ သင့်ရဲ့ အီးမေးထဲကို Facebook ကနေ အီးမေးတွေ ရောက်လာတတ်ပါတယ်။ အဲဒါမျိုးဟာ တစ်ခါတရံဟာ phishing website ကနေ ပေးပို့တာမျိုး ဖြစ်တတ်ပြီး သင့်ရဲ့ information တွေကို ရယူသွားတတ်ပါတယ်။

အဲလိုမျိုး အန္တရာယ်တွေရဲ့ သားကောင်မဖြစ်ဖို့ ရှောင်ကြဉ်ဖို့ နည်းလမ်းတွေအမျိုးမျိုးရှိပါတယ်။
  • သံသယရှိတဲ့ link တွေ လက်ခံရရှိမယ်ဆိုရင် (သင့်သူငယ်ချင်းဆီကနေ လက်ခံရမယ်ဆိုရင်တောင်) အလွယ် တကူ မနှိပ်မိပါစေနဲ့။ အကယ်၍ သင့်သူငယ်ချင်းဆီကနေ ပို့တယ်ဆိုရင်လည်း အဲဒီ သူငယ်ချင်းကို မေးပါ။ ဘာလင့်လဲ။ ဘာပို့လိုက်တာလဲ စသည်ဖြင့်ပေါ့။ တစ်ခါတလေ ပို့တဲ့သူရဲ့ ပယောဂမပါဘဲ မိမိဆီကို ရောက်လာ တတ်ပါတယ်။ Facebook Chat ကနေသော်လည်းကောင်း၊ Messages ကနေသော်လည်းကောင်း၊ Post ပေါ်မှာ သော်လည်းကောင်း၊ အီးမေးထဲကိုသော် လည်းကောင်း ရောက်လာနိုင်ပါတယ်။
  • သင့်ရဲ့ user name နဲ့ password ကို အလွယ်တကူ မပေးပါနဲ့။ သံသယရှိတဲ့ website တွေထဲကိုသော် လည်းကောင်း၊ link တွေထဲကိုသော်လည်းကောင်း လွယ်လွယ်နဲ့ မဖြည့်သွင်းပါနဲ့။ ထည့်သွင်းမိရင် အချိန်မရွေး သင့်ရဲ့ အကြောင်းချင်းရာ ကိုယ်ရေးကိုယ်တာ(personal information) တွေကို ရယူသွားနိုင်ပါတယ်။
  • သင် ကွန်ပျူတာနဲ့ သုံးနေတယ်ဆိုရင် www.facebook.com ကနေ သုံးပါ။ တခြား ဘယ်လင့်ကနေ တဆင့်မှ facebook ကို မသုံးပါနဲ့။ Mobile Facebook app ကို သုံးမနေဘူးဆိုရင်ပေါ့ဗျာ။
  • အမြဲတမ်း Browser ကို update လုပ်ပြီး security ပိုင်းကိုလည်း up-to-date ဖြစ်ပါစေ။ ဒါမှလည်း သံသယ ရှိတဲ့ phishing site တွေထဲကို ၀င်ရောက်နေမိတဲ့အခါ warning ပေးမှာပါ။

၉) Facebook သုံးပြီးတိုင်း Sign out လုပ်ပါ။
အမြဲတမ်းလည်း သတိထားရမယ့် အားလုံးထက် အရေးကြီးဆုံးလည်း ဖြစ်တဲ့အချက်ကတော့ Facebook ကို အသုံးပြုပြီးတိုင်း Log out လုပ်ဖို့ကို လုံးဝ မမေ့ပါနဲ့။

အဲဒီ ၉ ချက်နဲ့ကို  သတိထားပြီး ပြုလုပ်ထား လိုက်နာမယ်ဆိုရင်တော့ Facebook ကို စိတ်ချလက်ချ အသုံးပြု နိုင်ပါပြီ။ ဘယ်လောက်ပဲ လုံခြုံတယ်ပြောပြော မရ,ရအောင် access ရယူမယ့်သူကတော့ အမြဲတမ်း ရှိနေတာပါပဲ။ အဲဒီလို လူမျိုး(Hacker/Attacker)တွေ အလွယ်တကူ မိမိရဲ့ အကောင့်ကို ရယူမသွားနိုင်အောင် လုံခြုံရေးကို အတတ်နိုင်ဆုံး ဂရုစိုက်ပါ။

ကျွန်တော်တို့ တင်ပြသွားတဲ့အထဲမှာ မပါဝင်တဲ့ Security ပိုင်းဆိုင်ရာ အချက်အလက်တွေ လုပ်ဆောင်ချက်တွေ ရှိနေသေးရင်လည်း Comment box မှာ ဖော်ပြပေးပါနော်။ သင့်ရဲ့ အကြံဉာဏ်ဟာ ကျွန်တော်တို့အတွက် အားဆေး တစ်ခွက်ပါပဲ။ အားလုံး အဆင်ပြေကြပါစေ။


ဆက်လက်မျှဝေပါဦးမည်။
ကျေးဇူးတင်စွာဖြင့်
iTFree4U

Log out လုပ်ဖို့ မေ့ခဲ့တဲ့ Facebook အကောင့်ကို အခြားကွန်ပျူတာကနေ ဘယ်လို Log out ထွက်မလဲ

တစ်ခါတလေ ကျွန်တော်တို့တွေ cyber cafe မှာသုံးတယ်။ သို့တည်းမဟုတ် သူငယ်ချင်းတစ်ယောက်ရဲ့ ကွန်ပျူတာ/ဖုန်းမှာ Facebook သုံးတယ်ဆိုပါစို့။ အဲဒီအခါမျိုးကျရင် Log out လုပ်ခဲ့ဖို့ မေ့တတ်ကြပါတယ်။ မပူပါနဲ့။ ဒီမှာ နည်းလမ်းလေးပါ။ ဘယ်ကွန်ပျူတာကနေ မဆို သင် Log out လုပ်ဖို့ မေ့ခဲ့တဲ့ Facebook အကောင့်ကို Log out လုပ်ကြည့်ကြမယ်။ အောက်က နည်းလမ်းလေးအတိုင်း သွားကြည့်ရအောင်။

အဆင့်(၁) သင့်ရဲ့ Facebook  အကောင့်ကို Log in ၀င်ပါ။ (ဘယ်ကွန်ပျူတာကနေမဆိုပါ)
အဆင့်(၂) Account settings ကို သွားပါ။
အဆင့်(၃) Account security ကို နှိပ်ပါ။
အဆင့်(၄) ကဲ အောက်မှာ ဖော်ပြထားတဲ့ Details ကိုကြည့်ပါဦး။
       Last Accessed:
       Location:
       Device Type:
အဲဒီ (၃)မျိုးပဲ ရှိနေရင် သင့်အကောင့်ဟာ လုံခြုံပါတယ်။ Log out ထွက်ပြီးသားပေါ့။

အကယ်၍ "end activity" ဆိုတာလေး ပိုနေမယ်ဆိုရင်တော့ အဓိပ္ပါယ်က သင့်အကောင့်က ဖွင့်လျှက်ပဲ ဆိုလိုတာပါ။ ဒါဆို အဲဒီ "end activity" ဆိုတာလေးကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ သင့်အကောင့်ကို သင်ဖွင့်ထားခဲ့မိတဲ့ နေရာကနေ Log out လုပ်လိုက်ပါပြီ။ ကဲ ဒါဆို စိတ်ချလက်ချ ရှိပါပြီဗျာ။

ကျေးဇူးတင်စွာဖြင့်
iTFree4U

Facebook Photos တွေကို Online ပေါ်မှာ ဘယ်လို ကာကွယ်မလဲ

Facebook ကတော့ သူတို့ရဲ့ Users တွေရဲ့ လုံခြုံရေးကို အတတ်နိုင်ဆုံး ဂရုစိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အသုံးပြုသူတွေအနေနဲ့လည်း မိမိတို့ရဲ့ Privacy ကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အားလုံးသိတဲ့အတိုင်း ဒင်္ဂါးပြားမှာ ခေါင်းနဲ့ ပန်း ရှိသလိုပေါ့။ အမြဲတမ်း အကောင်းနဲ့ အဆိုးဆိုတာ ဒွန်တွဲနေစမြဲပါ။ ဒါကြောင့် အကောင်းဆုံး အကြံပေးချင်တာကတော့ မိမိ ဓါတ်ပုံတစ်ခုကို sharing မလုပ်ခင် သေသေချာချာ စဉ်းစားပါ။ ဘာကြောင့်လဲဆိုတော့ တချို့သော ပုဂ္ဂိုလ်တွေဟာ မိမိတို့ ဓါတ်ပုံတွေကို မသမာတဲ့နည်းလမ်းတဲ့ Onine/Offline ပြန်လည် အသုံးချနေကြပါတယ်။
နည်းလမ်းတစ်ခုကတော့ Facebook ပေါ်က ကျွန်တော်တို့ရဲ့ ဓါတ်ပုံတွေကို ကာကွယ်ဖို့ Album Privacy ကို Only Our Friends ဆိုပြီး setting ချထားဖို့ပါ။ ဒါပေမယ့် တချို့လူတွေမှာ သူငယ်ချင်းအများကြီးရှိတတ် ကြတယ်။ အဲဒီသူမျိုးတွေဆို ဘယ်လို လုပ်မလဲ။ Watermark(နောက်ခံရေစာ) က မိမိဓါတ်ပုံတွေကို ကာကွယ်ဖို့ အရိုးရှင်းဆုံးနည်းလမ်းပေါ့ဗျာ။

သံသယတော့ ရှိစရာပါ။ တကယ် မကောင်းမှုအတွက် အသုံးချနေတဲ့သူတွေရဲ့ ရန်က ကာကွယ်နိုင်ပါ့မလား။ ဟုတ်ပါတယ်။ လုံးလုံးလျားလျားကြီးတော့ မကာကွယ်နိုင်ပေမယ့် သူတို့တွေက မိမိရဲ့ဓါတ်ပုံ ပြန်ပြင်နေဖို့ အချိန်မပေးနိုင်တော့ သူတို့ Watermark (နောက်ခံရေစာ) မပါတဲ့ ပုံတွေကိုပဲ ဒေါင်းယူတော့မှာပေါ့။ အဲဒီတော့ တနည်းမဟုတ် တနည်းနဲ့တော့ ကာကွယ်ရာရောက်ပါတယ်။

ကဲဒီမှာ ဘယ်လို Watermark ထည့်မယ်ဆိုတာလေးကို ပြောပြပါ့မယ်။ DMCA ကို သုံးမှာပေါ့ဗျာ။

DMCA ဆိုတာကတော့ Digital Millennium Copyright Act ရဲ့ အတိုကောက်ပါ။ ပြောရမယ်ဆိုတာ ဒီအက် ဥပဒေက မိမိ မူလပိုင်ရှင်ရဲ့ ပိုင်ဆိုင်တဲ့ Data /Work တွေကို Copyright ပေးပြီး တခြားသူ အသုံးမပြုနိုင်အောင် ကာကွယ်ပေးထားပါတယ်။ Work (သို့မဟုတ်) Data ဆိုတဲ့အထဲမှာ Blog Content, Videos, Pictures, Websites, Games စတာ တွေ ပါဝင်ပါတယ်။ ပြီးတော့ ဒီဥပဒေက သင့်ရဲ့ Work ကို ကူးယူ သုံးစွဲတဲ့သူတွေ ကိုလည်း အမှုဖွင့် အရေးယူပေးနိုင်ပါတယ်။

DMCA Tool ကို အသုံးပြုပြီး ဘယ်လို Watermark လုပ်မလဲ။
ပထမဦးဆုံးလုပ်ရမှာကတော့ ဒီနေရာမှာ Free Account Register လုပ်ပါ။
အားလုံး Registry လုပ်တာ ပြီးမြောက်သွားရင်တော့ မိမိရဲ့ Profile ကို ပြန်သွားပါ။
မိမိရဲ့ Facebook Profile ထဲက "Get Facebook Albums" ကို click နှိပ်ပြီး DMCA ကို Authorize လုပ်ပါမယ်။
 
မိမိရဲ့ ဓါတ်ပုံတွေကို Access ရပြီဆိုရင်တော့ မိမိ Watermark ထည့်ချင်တဲ့ album ကို ရွေးပါ။
ပြီးရင်တော့ Watermark this Album ကို ရွေးလိုက်ပါ။ ဒါဆို ပြီးသွားပါပြီ။ ဒါဆို သင့်ရဲ့ ဓါတ်ပုံတွေအားလုံး DMCA Logo နဲ့ ရေစာခံပြီးသား ဖြစ်သွားပါပြီ။

DMCA Logo မဟုတ်ဘဲ မိမိစိတ်ကြိုက် Logo ထည့်လည်း ရပါတယ်။ ဒါပေမယ့် Free တော့ မဟုတ်တော့ဘူးဗျာ။ ဘယ်နည်းပဲဖြစ်ဖြစ် မိမိရဲ့ ဓါတ်ပုံတွေကို မသမာသူတွေရဲ့ လက်ထဲ အသုံးချမခံရအောင် ကာကွယ်ပေးနိုင်ပါလိမ့်မယ်လို့ ယုံကြည်ပါတယ်ဗျာ။

ဆက်လက်မျှဝေပါဦးမည်။
ကျေးဇူးတင်စွာဖြင့်
iTFree4U

Facebook ၏ လုပ်ဆောင်ချက်များ(မြန်မာဗားရှင်း)




ဖွဘုတ်သုံးသူ သူငယ်ချင်းများ အတွက် ဖွဘုတ်၏ လုပ်ဆောင်ချက်များကို ရှင်းလင်းပြထားတဲ့ စာအုပ်လေးကို ပြန်လည်မျှဝေလိုက်ပါတယ်ခင်ဗျာ..။



ဒေါင်းလော့ဖိုင်အမျိုးအစားဒေါင်းလော့ဖိုင်ဆိုဒ်ဒေါင်းလော့ယူရန်ဖိုင်အမျိုးအစား
7.9MB