Google ကနေ သူရဲ့ Browser အသစ်ဖြစ်တဲ့ Chrome ကိုအသုံးပြုတဲ့ user တွေအတွက် online game အနေနဲ့ ဆော့လို့ ရအောင်တင်ပေးထားတဲ့ browser game လေးပါ...

Golf ရိုက်တဲ့ game ကို သဘောကျတဲ့လူတွေအတွက်တော့ ရှယ်ပေါ့ဗျာ.... effect တွေလည်းလန်းတယ် ..ဆော့ပုံဆော့နည်းတွေကိုလည်း အဲ့ဒီထဲမှာပဲ viedo ဖိုင်လေးတွေပါထည့်ပေးထားတော့ အဆင်ပိုပြေတာပေါ့ .. free ဆော့လို့ ရတဲ့ အွန်လိုင်းဂိမ်းအမျိုးအစားလေးပါ....ကျတော်အစမ်းအနေနဲ့  ဆော့ကြည့်တာတော့ တော်တော်လေးလန်းတယ်...အောက်ကပေးထားတဲ့လင့်လေးကိုသွားလိုက်ပါ..
https://chrome.google.com/webstore/detail/dcilimldmomiaihcfkmaldanopfejefg?hl=en-US#
Browser ကိုတော့ Google Chrome ကို အသုံးပြုမှရပါလိမ့်မယ်....ကိုယ့်ရဲ့စက်ထဲမှာ Google Chrome မရှိသေးဘူးဆိုရင်တော့ Google Chrome ကို အရင်ဆုံး download လုပ်ရပါလိမ့်မယ်..
ရှိပီးသားလူတွေကတော့ Chrome မှာ ကျတော်အပေါ်ကပေးထားတဲ့ လင့်လေးကို ဖွင့်လိုက်ပါ...ပီးတာနဲ့  ကျတော်အပေါ်မှာ တင်ထားတဲ့ ပုံထဲက အတိုင်းပေါ်လာပါလိမ့်မယ်..ပီးရင် ပုံမှာ ပါတဲ့ Add to Chrome ဆိုတာလေးကို နှိပ်လိုက်ပါ..ပီးရင် သူက gmail တောင်းပါလိမ့်မယ်..ကိုယ်ရဲ့ gmail နဲ့  sing in လုပ်ပီး သူပြောတဲ့ အဆင့်အတိုင်း သွားလိုက်ရင် ရပါပီ..လုပ်ရမယ့်အဆင့်တွေက လွယ်လို့ မရှင်းပြတော့ပါဘူး... အားလုံးပီးသွားရင် လက်ရည်စစ်တဲ့အနေနဲ့  စရိုက်ခိုင်းပါလိမ့်မယ်...အဲ့ဒါပီးသွားရင်တော့ ပြိုင်ပွဲတွေပါ ၀င်ရောက်ဆင်နွဲလို့  ရပါပီ ခင်ဗျာ...







0 comments:
Post a Comment