command prompt သုံးပြီး ကွန်ပျူတာ Model&Serial No ကို ကြည့်မယ်

ကွန်ပျူတာတစ်လုံးမှာ အကြောင်းအမျိုးမျိုးကြောင့် model number တို့ serial no တိုကို ကြည်ဖို့ အတွက် အခက် အခဲ ရှိတယ် ဆိုရင်တော့ အခုပြောမယ့် နည်းလေးကတော့ အဆင်ပြေစေမှာ ဖြစ်ပါတယ်....။ command prompt လေးကို အသုံးပြုပြီး ကြည့်လို့ ရပါတယ်...။command prompt လေးကို သုံပြီး ကြည့်ကြည့်ကြမယ်ဗျာ။ ပထမဆုံး ကိုယ့်ကွန်ပျူ၏ Model number လေးကို ကြည့် ကြည့် မယ်နော်။ 1. ပထမဆုံး command prompt ခေါ်ဖို့ အတွက်ကီးဘုတ်က Window Key+ R key ကို တွဲ ပြီးနှိုက်လိုက်ပါ။ 2. Run Box လေးတက်လာမှာ ဖြစ်ပါတယ်။ Run Box လေးမှာ cmd လို့ရိုက်ထည့်လိုက်ပါ...။ပြီးရင် OK ကိုနှိုက်ပါ။ ဒါမှ မဟုတ်ရင်လဲ ကီးဘုတ်က Enter ကို ခေါက်ပေးလိုက်ပါ။ အောက်မှာ ပုံလေး ပြထားပါတယ်။

3. ပြီးရင်တော့ command prompt လေးတက်လာပါပြီ။ အောက်မှာ ပုံလေးပြထားပါတယ်။
4. အောက်မှာ ပေးထား စာလေးတွေကို ရိုက်ထည့်လိုက်ပါ။
 wmic csproduct get name 
 ပြီးရင် ကီးဘုတ်က Enter ကို ခေါက်လိုက်ပါ။ မြင်ရပါပြီ မိမိ ကွန်ပျူတာ၏ Model number လေးကိုပါ။ ဒီတစ်ခါတော့ မိမိ ကွန်ပျူတာ၏ Serial No လေးကို ကြည့် မယ်။ အထက်က ပြောခဲ့တဲ့ အတိုင်းပဲ command prompt လေးကို ခေါ်လိုက်ပါ။ ပြီးရင်တော့ အောက်က စာလေးကို ရိုက်ထည့်လိုက်ပါ။ ပြီးရင်တော့ ကီးဘုတ်က Enter ခေါက်လိုက်ပါ။
 wmic bios get serialnumber
 ကဲမြင်ရပါပြီဗျာ မိမိကွန်ပျူတာ၏ Serial Nunber ကို....။
အားလုံးကို ချစ်ခင်လေးစားလျှက် ဘူးရေမျက်ရွာဆိုဒ်လေးမှ Post အသစ်တင်တိုင်း မိမိ Facebook စာမျက်နှာပေါ်က ဖတ်ရှုနိုင်ရန်အတွက် ဘူးရေမျက်ရွာ Facebook Fan Page လေးကို Like လုပ်ပေးပါနော်.... အားလုံးသော သူငယ်ချင်းများကို ချစ်ခင်လေးစားလျှက်....။
မောင်အေးလွင်(ဘူးရေမျက်ရွာ)
စာရေးသူအကြောင်း

ကျနော်သည် ကွန်ပျူတာနည်းပညာနှင့်ပတ်သက်လျှင် အခြေခံ သင်တန်းတောင် တက်ခွင့်မရခဲ့သူပါ...မိမိကိုယ်ကို ကိုယ် Self-Study လုပ်နေရသူတစ်ယောက်ဖြစ်ပါသည် အကြောင်းအမျိုးအမျိုးကြောင့် သင်တန်းတက်ခွင့်မရခဲ့သူတွေ အတွက် အနည်းငယ်မျှ အသုံးတည့်မည်ဆိုပါက ကျေနပ်နေသူ တစ်ယောက်ပါ...။

0 comments:

Post a Comment