ကြိုတင်တောင်းပန်ခြင်း(သို့မဟုတ်)စိတ်ကူးမှတ်တမ်းသစ်တစ်ခုစတင်ခြင်း

ကျွန်တော် ဘလော့ဂါတစ်ယောက်မဟုတ်သလို စာရေးဆရာတစ်ယောက်လည်းမဟုတ်ပါဘူး။ ဒါပေမယ့် ကွန်ပျူတာကို ၀ါသနာအလျှောက် လေ့လာနေဆဲ သာမန်လူငယ်တစ်ယောက်ပါ။ ကျွန်တော် ဒီ ဘလော့ကို ကျွန်တော် ကိုယ်တိုင်သုံးဖို့ဆိုပြီး စုစည်းထားခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်း ကျွန်တော် စိတ်ကူးလေးတစ်ခု ပေါ်လာပါတယ်။ ကျွန်တော် နေ့စဉ်နဲ့အမျှ ကွန်ပျူတာနဲ့ ပတ်သက်သမျှ ပြသနာတွေကို ကြုံရင်ကြုံသလို ကူညီဖြေရှင်းနေရပါတယ်။ ဒီနေရာမှာ ကျွန်တော်ဟာ အစက ပြောသလို ကွန်ပျူတာ ပညာရှင်တစ်ယောက် မဟုတ်ပါဘူးခင်ဗျာ။ သာမန် လေ့လာဆဲလူငယ်တစ်ယောက်ပီပီ အခက်အခဲရှိသူကို ကူညီချင်တဲ့စိတ်သက်သက်နဲ့ ကူညီနေခဲ့တာပါ။ ဒါကြောင့် ကျွန်တော် နေ့စဉ် ကြုံခဲ့ရသမျှ ကွန်ပျူတာအခက်အခဲပေါင်းစုံနဲ့ ဖြေရှင်းခဲ့ပုံလေးတွေကို မှတ်တမ်းတစ်ခုအနေနဲ့သော်လည်းကောင်း၊ ကျွန်တော်ကိုယ်တိုင် နောင်တချိန် ပြန်လှန်ဖတ်ရှုနိုင်အောင်သော်လည်းကောင်း၊ ကျွန်တော့်ကို ကူညီဖြေရှင်းပေးခဲ့ဖူးသူများကို ကျေးဇူးဆပ်သည့်အနေဖြင့်လည်းကောင်း ပြန်လည် ဖြန့်ဝေသည့်သဘောမျိုး နေ့စဉ်မဟုတ်ရင်တောင် အချိန်ရရင် ရသလို မှတ်တမ်းသဘောမျိုး တင်သွားမယ်လို့ ကျွန်တော် စိတ်ကူးမိပါတယ်။ ဒါကြောင့် ဒီလို မှတ်တမ်းတင်သမျှကို ဝေဖန်ကြပါ။ ကူညီပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။ အကယ်၍ တခြားသူတစ်ယောက်ရဲ့ နည်းလမ်းများဖြင့် တူညီခဲ့လျှင် သော်ဖြစ်ဖြစ်၊ တခြားသူတစ်ယောက်ရဲ့ link ကို တင်ခဲ့မိရင်လည်း ဒီနေရာကနေ credit ပေးပါတယ်လို့ အပြစ်မမြင်ခင် ကြိုတင်တောင်းပန်ပါတယ်ခင်ဗျား။

ကျေးဇူးတင်စွာဖြင့်

မောင်မင်းသိန်း

1 comment:

  1. ကောင်းတယ်အကို ဆက်လုပ်ပေးပါ အားပေးနေပါတယ်ခင်ဗျာ... ဝါသနာတူဖြစ်နေလို့ပါ

    ReplyDelete