ဒီတစ်နေ့ တင်ပြချင်တဲ့အကြောင်းအရာကတော့ Huawei U8951(G510), U8833(Y300) ဖုန်းတွေမှာ Root လုပ်စရာမလိုဘဲ မြန်မာဖောင့်နှင့် ကီးဘုတ် ထည့်သွင်းနည်းပဲဖြစ်ပါတယ်။ Huawei ဖုန်းတော်တော်များမှာ Root လုပ်ပြီးမှသာလျှင် မြန်မာဖောင့်ထည့်ရတာ အဆင်ပြေတတ်ကြပါတယ်။ Root လုပ်ရမှာလည်း Code တောင်းပြီး လုပ်တဲ့နည်းနဲ့ One Click Root Tool တွေနဲ့ လုပ်တဲ့နည်းဆိုပြီး ရှိပါတယ်။ Root လုပ်အားဖြင့် Warranty ဆုံးရှုံးခြင်း၊ အထူးသဖြင့် Once click ဖြင့် Root လုပ်ပါက ကြာလာပါက ဖုန်းအသုံးပြုရသည်မှာ လေးလံလာခြင်း၊ Firmware ကို ထိခိုက်စေနိုင်ခြင်း စသည်ဖြင့် မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် Root လုပ်စရာမလိုတဲ့ နည်းလမ်းတွေကို ရှာဖွေလာကြပါတယ်။ ဒါကြောင့် ဒီနည်းကို တင်ပြရခြင်းဖြစ်ပါတယ်။
ပထမဆုံး လိုအပ်တဲ့ အရာလေးတွေကို ဒေါင်းပါမယ်။
ဒေါင်းပြီးပါက ဖုန်းကို ကွန်ပျူတာနဲ့ ချိပ်လိုက်ပါ။ ဒေါင်း၍ ရလာသော TeeKg.hwt ဖိုင်ကို Phone Internal Storage ထဲက HWThemes > Diy Theme ထဲသို့ ထည့်လိုက်ပါ။ ထို့နောက် ဖုန်းကို ကွန်ပျူတာဖြင့် ချိပ်ဆက်ထားသည်ကို ဖြုတ်လိုက်ပါ။ ဖုန်းထဲက Application ထဲက Theme ထဲမှ Elegance ဆိုတဲ့ Theme ကို ရွေးလိုက်ပါ။ Apply Theme ဆိုပြီး သူက မေးပါလိမ့်မယ်။ အဲဒီထဲကမှ Theme with font ကို ရွေးပေးလိုက်ပါ။ ဖုန်း သူ့အလိုအလျောက် Restart ကျပြီး ပြန်တက်လိမ့်လာပါလိမ့်မယ်။ ပြန်တက်လာပြီဆိုရင်တော့ မြန်မာစာကို မြင်ရပါပြီ။
နောက်တဆင့်အနေနဲ့ ကီးဘုတ်ထည့်သွင်းနည်းကို ဆက်ပြောပါမယ်။ Frozen Keyboard apk ဖိုင်ကို ကွန်ပျူတာဖြင့် ချိပ်ဆက်၍ Memory Card ထဲတွင် ထည့်သွင်းပါ။ Install မလုပ်ခင် Settings ထဲမှ Application Settings ထဲမှ Unknown sources ကို အမှန်ခြစ် ခြစ်ထားပေးပါ။ ထို့နောက် ၄င်း Frozen Keyboard ဖိုင်ကို Install လုပ်လိုက်ပါ။ ပြီးသွားပါက Done နှိပ်ပါ။
ထို့နောက် Settings ထဲမှ Language and Input > Frozen Keyboard ထဲကို ရွေးလိုက်ပါ။ Default Keyboard နေရာတွင်လည်း Frozen Keyboard ကို ရွေးပေးပါ။ ဒါဆိုရင်တော့ Root လုပ်စရာမလိုဘဲ မြန်မာစာကို ဖတ်နိုင်/ရိုက်နိုင်ပါပြီခင်ဗျာ။
အားလုံးပဲ အဆင်ပြေချောမွေ့ကြပါစေ ....
ကျေးဇူးတင်စွာဖြင့်
မောင်မင်းသိန်း(ရန်ကုန်)
ထို့နောက် Settings ထဲမှ Language and Input > Frozen Keyboard ထဲကို ရွေးလိုက်ပါ။ Default Keyboard နေရာတွင်လည်း Frozen Keyboard ကို ရွေးပေးပါ။ ဒါဆိုရင်တော့ Root လုပ်စရာမလိုဘဲ မြန်မာစာကို ဖတ်နိုင်/ရိုက်နိုင်ပါပြီခင်ဗျာ။
အားလုံးပဲ အဆင်ပြေချောမွေ့ကြပါစေ ....
ကျေးဇူးတင်စွာဖြင့်
မောင်မင်းသိန်း(ရန်ကုန်)
0 comments:
Post a Comment