- blogger post တင်ရာမှာ ပုံလေးကို အလန်းစားလေးတင်ချင်တဲ့ သူငယ်ချင်းများအတွက် နည်းလမ်းလေးတစ်ခု ပြောပြချင်ပါတယ် သိပြီးသားသူငယ်ချင်းများတော့ ကျော်ဖတ်သွားပါ။ ပုံလေးကို Mouse Hover effect လေး ထည့်ပြီး ရေးနည်းလေးပါ..။အသုံးပြုရမှာကတော့ ပုံလေး နှစ်ပုံ လိုအပ်တယ်..။ မူလကြည့်နေတဲ့ အချိန်မှာ ပုံလေးတစ် ဖြစ်ပြီး မောက်ကို ပုံပေါ်သို့ ရွှေ့လိုက်တဲ့ အခါမှာ နောက်တစ်ပုံ ပြောင်းသွားတဲ့ effect လေးဖြစ်ပါတယ်..။Template မှာ ဘာ css ကုဒ်မှ ထည့်သွင်းထားစရာမလိုပဲ html ပုံတင်တဲ့ ကုဒ်လေးတွေလောက်ပဲ အသုံးပြုပြီး တင်တာကြောင့် အရမ်းကို လွယ်ကူပါတယ်..။လွယ်ပေမယ့်လည်း လန်းတယ်နော် စမ်းကြည့်လိုက်ပါ။ အောက်မှာ DEMO အနေနှင့် တင်ထားပေးပါတယ်ခင်ဗျာ...။
- DEMO

အသုံးပြုရန်ကုဒ်
<img src="ပထမပုံ၏ URL ကို ထည့်ပါ" onmouseover="this.src='ဒုတိယပုံ၏ URL ကိုထည့်ပါ'" onmouseout="this.src='ပထမပုံ၏ URL ကို ထပ်ထည့်ပါ'" /></a>
- မှတ်ချက်
- အရေးကြီးတာကတော့ပုံ၏ URL ကို ထည်ရာမှာ ( 'URL'" ) အဲဒီပုံစံ အတိုင်းလေးဖြစ်အောင် ထည့်ပေးပါ..။ ဒါဆိုရင် OK ပါပြီး ..။ အားလုံး အဆင်ပြေကြပါစေ၊
0 comments:
Post a Comment