Windows Desktop ပေါ်တွင် မြန်မာစာမပေါ်ပါက ဖြေရှင်းနည်း

ဒီတစ်ခါတော့ ဖြေရှင်းနည်းလေးတစ်ခုကို တင်ပြချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခဲ့ရဖူးတဲ့ အခက်အခဲလေးတစ်ခုပါ။ ဒါကတော့ Zawgyi font တင်ထားလျှက်နဲ့ Desktop ပေါ်က Icon တွေပေါ်မှာ သော်လည်းကောင်း၊ Title Bar/Sub Title Bar များပေါ်တွင်သော်လည်းကောင်း မြန်မာလို မပေါ်ပါက ဖြေရှင်းရမယ့် နည်းလမ်းအဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။

ပထမအဆင့်အနေနဲ့ ----

Desktop ပေါ်တွင် Right Click နှိပ်၍ Personalize ကိုရွေးပါ။


ဒုတိယအဆင့်အနေနဲ့ ---
Window Color ကိုနှိပ်ပါ။

တတိယအဆင့်အနေနဲ့ ---
Advanced appearance settings ... ကိုနှိပ်ပါ။

စတုတ္ထအဆင့်အနေနဲ့ ----
ပြောင်းလဲချင်(မြန်မာစာမပေါ်)တဲ့နေရာ(Active Title Bar / Icon) ကိုရွေးပါ။


Font ကို Zawgyi-One ကို ရွေးပါ။


လိုအပ်တဲ့နေရာတွေအားလုံး ပြောင်းလဲပြီးပါက Save Changes ကိုနှိပ်ပါ။

အားလုံး အဆင်ပြေကြပါစေလို့ ....
ကျေးဇူးတင်စွာဖြင့်
မောင်မင်းသိန်း(ရန်ကုန်)

0 comments:

Post a Comment