ဒီတစ်ခါတော့ Android ဖုန်းဖြင့် Facebook အကောင့်ဖွင့်နည်းကို တင်ပြပေးလိုက်ပါတယ်။
အဆင့်(၁) အနေနဲ့ ဖုန်းထဲမှာရှိတဲ့ Browser တစ်ခုခုကိုဖွင့်ပြီး google.com မှာ m.facebook ကို ရိုက်ထည့်ပြီးရှာပါ။ ထို့နောက် ပေါ်လာသည့် Welcome to Facebook ကိုနှိပ်ပါ။ ဒါဆို Mobile Facebook Site ပွင့်လာပါလိမ့်မယ်။
အဆင့်(၂)မှာတော့ Create New Account ကိုနှိပ်ပါမယ်။
အဆင့်(၃) မှာတော့ လိုအပ်တဲ့အချက်အလက်(အမည်၊ မွေးနေ့သက္ကရာဇ်
စသည်ဖြင့်)တွေကို ရိုက်ထည့်ပါမယ်။ ပြီးရင် Sign Up ကိုနှိပ်ပါမယ်။
ဒီအဆင့်ရောက်ပြီဆိုရင်တော့ Account တစ်ခုအောင်အောင်မြင်မြင် ရပါပြီ။
မိမိသိတဲ့ သူငယ်ချင်းများကို Add ပါ။
အကယ်၍ မ Add ချင်ဘူးဆိုရင်လည်း Next ကိုသာ ဆက်တိုက် နှိပ်သွားပါ။
နောက်ဆုံးမှာတော့ Facebook အကောင့်တစ်ခုကို အောင်မြင်စွာ ဖန်တီးလိုက်နိုင်ပါပြီ။ မိမိထည့်သွင်းထားတဲ့ email အကောင့်ထဲသွားပြီးတော့ Confirm လုပ်ရန်တော့ လိုအပ်ပါတယ်။ ဒါဆိုရင်တော့ အားလုံးအဆင်ပြေလိမ့်မယ် မျှော်လင့်ပါတယ်။
ကျေးဇူးတင်စွာဖြင့်
မောင်မင်းသိန်း(ရန်ကုန်)
0 comments:
Post a Comment