ကျွန်တော့်ရဲ့ ၉ တန်း၊ ၁၀ တန်း ကျောင်းသားဘ၀ကို စာဖတ်ခြင်းနဲ့ ကုန်လွန်စေခဲ့ပါတယ်။ စာဖတ်ခြင်းဟာ ကျွန်တော့်ရဲ့ နေ့စဉ် ဘ၀တစိတ်တပိုင်း ဖြစ်တဲ့အထိပါပဲ။ ခုတဲ့ထိတိုင် စာဖတ်ခြင်းဟာ ကျွန်တော့်ရဲ့ အရိုးစွဲတဲ့ ၀ါသနာ တစ်ခု ဖြစ်နေခဲ့ပါပြီ။ ကျွန်တော် စာကို စွဲစွဲမြဲမြဲ ဖတ်ခဲ့စဉ်အချိန်တုန်းက ၀တ္ထု၊ ကဗျာ၊ ကာတွန်း၊ ဘာသာပြန်၊ စိတ်ကူးယဉ် စာပေစုံလင်အောင် ဖတ်ဖြစ်ခဲ့ပါ။ ဆယ်ကျော်သက်တို့ရဲ့ ထုံးစံအတိုင်း ၀တ္ထုတွေကို ပိုဖတ်ဖြစ်ခဲ့ပါတယ်။ အဲဒီထဲမှာတော့ မော်ဒန်တစ်ခေတ်ရဲ့ ကြယ်တစ်ပွင့် ဖြစ်ခဲ့တဲ့ လက်ရှိအချိန်ထိ ကျွန်တော်တို့လို လူလတ်ပိုင်းသာမက ယနေ့ခေတ် လူငယ်တွေရဲ့ ရင်ထဲမှာ ရှိနေဆဲ စာရေးဆရာ တစ်ယောက်ကတော့ တာရာမင်းဝေ (ခေါ်) ရွှေဘုန်းလူ (ခေါ်) ချစ်ညီညီ ပါပဲ။ ဆရာကတော့ မရှိရှာတော့ပါဘူး။ အခုဆိုရင်တော့ ဆရာဆုံးပါးသွားတာ ၆ နှစ်တောင် ရှိခဲ့ပါပြီ။ ဒါပေမယ့် ဆရာရဲ့ စာပေတွေကတော့ လူငယ်တွေရဲ့ရင်ထဲမှာ ရှင်သန်နေဆဲပါပဲ။
အတွေးအခေါ်ကို မော်ဒန်ဆန်ဆန်တွေး၊ စာကို မော်ဒန်ဆန်ဆန်ရေး၊ ကဗျာကို မော်ဒန်ကဗျာ၊ ဟာသတောင် မော်ဒန်ဟာသ ဆိုပြီး ကျွန်တော်လူလတ်၊ လူငယ်တွေရဲ့ ပါးစပ်ဖျားမှာ ဖြစ်သွားအောင် ဖမ်းစားနိုင်ခဲ့တာပါ။
ယနေ့ထိတိုင်အောင် ဆရာ့ရဲ့ စာအုပ်တွေကို ကျွန်တော် အကျော့ပေါင်း များစွာ ပြန်လည် ဖတ်နေဆဲပါပဲ။ ခေတ်ကာလ ပြောင်းလဲလာပြီး eBook ခေတ်ကို ရောက်လာတော့ ကျွန်တော် soft copy (eBook) အဖြစ် သိမ်းထားခဲ့တဲ့ ဆရာ့ရဲ့ စာအုပ်တွေကို ကျွန်တော့်လိုပဲ မော်ဒန် စာပေကို ချစ်မြတ်နိုးတဲ့ သူငယ်ချင်းများကို တဆင့် ပြန်လည်မျှဝေလိုက်ပါတယ်ဗျာ။
ကျွန်တော်ရဲ့ စုစည်းမှုများထဲက တစ်ခုပေါ့ဗျာ။ မပြည့်စုံပေမယ့် စာပေ ၀ါသနာရှင်များအတွက် အထောက်အကူ ပြုလိမ့်မယ်လို့ ယုံကြည်ပါတယ်ဗျာ။ အခုလို စုစုစည်းစည်းဖြစ်အောင် တင်ပေးထားကြတဲ့ ဆိုဒ်တွေကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ပါတယ်။ လိုအပ်တဲ့ စာအုပ်တစ်ခုချင်းဆီကို ဒေါင်းနိုင်အောင် ခွဲပြီး တင်ပေးထားပါတယ်။
ဝင်္ကပါကို ဖွင့်တဲ့သော့
ကိုယ်ရေးကိုယ်တာပုရပိုက်
ကိုးမရှိတဲ့န၀င်း
ကိုယ့်လက်နဲ့ဖမ်းမိတဲ့နဂါးငွေ့တန်း
ကျွန်တော်တူးဖော်ခဲ့သည့်မြေစိုင်မြေခဲများအကြောင်း
ကျွန်တော်နှင့်ဆောင်းရာသီဒဿန
ကျွန်တော်နှင့်ကံကြမ္မာလက်နှက်များ
ကျွန်တော်နှင့်နတ်ဘုရားရုပ်တု
ကျွန်တော်နှင့်အရုပ်မြို့တော်
ကျွန်တော်နှင့်ဧဒင်ကချေသည်
ကျွန်တော်နှင့်ဆောင်းရာသီဒဿန
ကျွန်တော်နှင့်ကြေးသွန်းယဉ်ကျေးမှု
ကျွန်တော်နှင့်ကြယ်မြင်လမြင်လောကဓံ
စုန်းကိုက်ခံရတဲ့သစ်သီး
တကိုယ်တော်ရေးတဲ့ကကြီး ခကွေး
နတ်ပျိုမအတွက်ပန်း
ပင်လယ်အတုထဲကကျွန်း
ပန်းလက်ဖ၀ါးမှာ ပါးအပ်ပိုင်ခွင့်မရှိတဲ့ကောင်လေး
ပန်းခေတ်ကလမင်း
ပြိုင်မြင်းတို့ရဲ့ခွာသံ
မိုးရာသီပတ်ပျိုး
မိုးခေါင်လို့တီးတဲ့ဗုံသံ
မျဉ်းဖြောင့်၏ဧရိယာ
ယန္တယားအရေခွံနဲ့လူ
ရှူး
လူငယ်တစ်ယောက်ရဲ့ကျောက်ထွင်းရာဇ၀င်
လူနံပါတ် ၁၃
လရောင်ကိုပန်၍ညာဥ့်ယံလည်းမွှေးမြမြဖြူစင်နိုင်စေ
သင်နှင့်နံနက်ခင်းကိုသာဝင်ခွင့်ပြုမည်
သိုးဆောင်းဂစ်တာတစ်လက်ရဲ့မှတ်တမ်း
သူ့အိုးပုတ်လေးကိုကျွန်တော်ပြန်မပေးပါ
အမှတ်တရစာစုများ
အယ်ဒီတာ့ဒိုင်ယာယီစာစုများ
အနေအထိုင်မတတ်တဲ့ကြယ်
အရှေ့မြို့ရိုးမှမိုးရေစက်များ
ကောင်းကင်အကြွေကောက်တဲ့လက်
ကျောခိုင်းထားတဲ့နေမင်း
စောင်းကြိုးတန်းလန်းနှင့်လခြမ်း
ဆောင်းကြိုးပြတ်ရွာမွန်းတည့်အလွန် (၄)နာရီ
တေးသွားနံပါတ် ၁၀၀၁
နေရဲ့အင်္ကျီ
မှော်ဆရာရဲ့ကျောင်းစာအုပ်
ရွှေဖိနပ်မှာ အစိမ်းရောင်ကြက်ခြေခတ်နှင့်ကောင်မလေး
ရွှေအတောင်ပံမှာဒဏ်ရာတွေပြန်ကောင်းလာတဲ့နေ့
ကြယ်သီချင်းနှင့်လမင်းသံစဉ်
ကျေးဇူးတင်စွာဖြင့်
မောင်မင်းသိန်း(ရန်ကုန်)
0 comments:
Post a Comment