၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံး Free Launcher များ

သူငယ်ချင်းတို့ Android Phone တွေမှာ ပါလာတဲ့ ခပ်ရိုးရိုး Launcher တွေနဲ့ သုံးရတာ ညီးငွေ့နေပြီလား။ ဒါဆို အခု ၂၀၁၃ ခုနှစ်ရဲ့ အကောင်းဆုံးစာရင်း အလကားလည်း ရနိုင်တဲ့ Launcher လေးကို စမ်းသုံးကြည့်ပါလား။ ဒီမှာ ကျွန်တော်စုဆောင်းပေးထားပါတယ်။ iOS Launcher, Launcher 8, စသည်ဖြင့်ပေါ့ဗျာ။

နံပါတ် (၁) Nova Launcher
ဒီ Launcher လေးကတော့ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံး လို့ ထောက်ခံတဲ့ Launcher လေးပါ။ Custom Launcher များစွာကို စမ်းသုံးဖူးတဲ့သူတွေဆို ပိုသိပါလိမ့်မယ်။ Stability ပိုင်း၊ မြန်ဆန်တဲ့အပိုင်းမှာ သူ့ထက်သာတဲ့ Launcher မရှိသေးပါဘူး။

နံပါတ်(၂) Go Launcher
အနည်းငယ်ကျွမ်းကျင်တဲ့ အသုံးပြုသူတွေအတွက် အကောင်းဆုံးလို့ အကြံပြုချင်တဲ့ Launcher ကတော့ ဒီ GO Launcher လေးပါ။ သူ့မှာ သပ်ရပ်တဲ့အပြင်အဆင်နဲ့ အကောင်းဆုံးဆိုတဲ့ feature တွေပါဝင်ပါတယ်။ မရင်းနှီး သေးရင်တော့ အနည်းငယ်တော့ ပြင်ဆင်ရတာ ရှုပ်ထွေးအခက်တွေ့နိုင်ပါတယ်။ ဒါပေမယ့် သူ့မှာလည်း အသုံးပြုသူ လိုအပ်သလို ပြင်ဆင်နိုင်မယ် Widgets တွေ Plug-ins တွေပါပါတယ်။ သူကတော့ Android 2.0 နဲ့အထက်တွေအတွက် အဆင်ပြေပါတယ်။

နံပါတ်(၃) Launcher 8
သင်ဟာ Windows Phone ကို အသုံးပြုလိုတဲ့ သူဆိုရင်တော့ ဒီ Launcher လေးနဲ့ Windows Phone ရဲ့ အရသာ ခံစားကြည့်လို့ရပါတယ်။ Play Store ထဲမှာ များစွာတွေ့နိုင်တဲ့ Windows Phone Launcher တွေထဲကမှ ဒီ Launcher လေးဟာ ပိုမို ဆန်းသစ်တဲ့ Feature တွေနဲ့ အပြင်အဆင်တွေကို တွေ့ရပါတယ်။ သူလည်း Android 2.0 နဲ့အထက် ဖုန်းတွေအတွက် အဆင်ပြေပါတယ်။

နံပါတ်(၄) Apex Launcher
သူကတော့ တခြား Go Launcher တို့ Nova Launcher တို့လိုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူလည်း စုံလင် ကောင်းမွန်တဲ့ Customization တွေ ပါဝင်ပါတယ်။ ရိုးရှင်းတဲ့ အပြင်အဆင်နဲ့ အသုံးပြုလို့ ကောင်းတဲ့ Launcher တစ်ခုပါပဲ။ ဒါပေမယ့် သူကတော့ Android 4.0.3 နဲ့အထက်မှ အဆင်ပြေမှာပါ။

နံပါတ်(၅) Hi Launcher
iOS Launchers တွေများစွာရှိတဲ့အထဲက အကောင်းဆုံးတွေထဲက တစ်ခုဖြစ်တဲ့ Hi Launcher လေးပါ။ iPhone ရဲ့ အပြင်အဆင်တွေနဲ့အတူ ထူးခြားမှုတွေ တွေ့ရှိခံစားရမှာပါ။ သူကတော့ Android 2.2 နဲ့အထက်မှ အဆင်ပြေပါမယ်။

နံပါတ်(၆) Espier Launcher
ဒါလည်းပဲ iOS Launcher တွေထဲက အကောင်းဆုံးထဲက တစ်ခုပါပဲ။ Android 2.2 နဲ့အထက်ဆို အလုပ်လုပ်ပါတယ်။

ဒါဆို သူငယ်ချင်းတို့ စမ်းသုံးကြည့်ရအောင်ဗျာ။ အားလုံးအတွက် ကျွန်တော့်ရဲ့ စုဆောင်းမှုလေးတွေကို တဆင့် ပြန်လည်မျှဝေပါတယ်နော်။

 Launcher များကို ဒေါင်းယူရန်

(မူရင်းလင့် - Top Android Launchers 2013)
ကျေးဇူးတင်စွာဖြင့်
မောင်မင်းသိန်း(ရန်ကုန်)

0 comments:

Post a Comment