iPhone တွင် Pattern Lock အသုံးပြုခြင်း(jailbroken device များအတွက်သာ)

ဟုတ်တယ်ဗျာ။ Android ဖုန်းတွေလိုပဲ iPhone မှာလည်း Pattern Lock ရပါသတဲ့။ ကျွန်တော်လည်း iPhone ကြိုက်တဲ့သူတစ်ယောက်ပါ။ ဒါပေမယ့်လည်း Android မှာ ကျွန်တော့်ကို အဆွဲဆောင်နိုင်ဆုံး လုပ်ဆောင်ချက် ကတော့ Pattern Lock ပါ။

iPhone မှာဆို unlock လုပ်ဖို့အတွက် slider လေးကို ဆွဲရပါတယ်။ Android မှာကတော့ Pattern Lock ကို ထည့်သွင်းထားပါတယ်။ ဖုန်းကို Lock ဖွင့်ဖို့ Pattern လိုင်းကြောင်းလေးတွေကို ဆွဲရခြင်းဖြစ်ပါတယ်။ သိတဲ့အတိုင်းပေါ့ဗျာ။ အစက်ကလေး ကိုးစက်ရှိမယ်။ အဲဒါလေးကို မိမိစိတ်ကြိုက် ပုံစံလေး ဆွဲထားလိုက်။ ပြန်ဖွင့်ရင် အဲဒီပုံစံလေးအတိုင်း ပြန်ဆွဲပေးလိုက်ရင် Unlock ဖြစ်သွားမယ်။

ဒါကြောင့် ကျွန်တော်လည်း iPhone မှာ အဲဒါမျိုးလေး ထည့်ဖို့ စဉ်းစားကြည့်မိတာပေါ့ဗျာ။ iPhone မှာ အဲဒီ လုပ်ဆောင်ချက် မပါဝင်ပါဘူး။ ဒါပေမယ့် Cydia ထဲမှာ app တစ်ခုကို တွေ့ရလို့ ကျွန်တော့် သူငယ်ချင်းများ အတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။ Cydia ဆိုတော့ Jailbreak လုပ်ထားတဲ့ iDevice တွေမှာ ပါဝင် ပြီးသားပါ။ Jailbreak လုပ်မထားရင်တော့ ဒီ app လေးကို အသုံးပြုလို့ မရနိုင်ပါဘူး။

၁) Cydia ထဲဝင်ပါ။ Manage ထဲက Source ကို နှိပ်ပါ။
၂) edit ကိုနှိပ်ပြီး http://thethmuswe.myrepospace.com ကို add လုပ်ပေးလိုက်ပါ။

၃) ပြီးရင်တော့ အဲဒီထဲ ထည့်သွင်းလိုက်တဲ့ source ထဲက AndroidLock XT ဆိုတဲ့ app လေးကို install လုပ်လိုက်ပါ။
၎) ထည့်သွင်းပြီးလို့ Lock ချဖို့အတွက်ကတော့ Settings ထဲက AndroidLock XT ထဲကနေ Change Pattern ကို နှိပ်ပါ။ မိမိလိုချင်တဲ့ pattern ကို ပုံစံဆွဲလိုက်ပါ။ ပြီးရင်တော့ Enable ကို On ပေးလိုက်ပါ။
 
ဒါဆိုရင်တော့ ဖုန်းကို Lock ချလိုက်ပါ။ ပြန်ဖွင့်ရင် Pattern Lock လေးကို တွေ့ရပါတယ်။

မိမိဆွဲထားတဲ့ pattern ကို မမေ့ပါနဲ့နော်။ ကဲ စမ်းကြည့်လို့ အဆင်ပြေကြပါစေ ဗျာ။

ကျေးဇူးတင်စွာဖြင့်
မောင်မင်းသိန်း(ရန်ကုန်)

0 comments:

Post a Comment