Turbo (2013) BluRay 720p Movie


Animation ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ခန္ဓာကိုယ် ဘယ်လောက်သေးငယ်ပါစေ ဖြစ်ချင်တဲ့ အိပ်မက်သာ ကြီးမားမယ်ဆိုရင် ဘာမဆို ဖြစ်နိုင်တယ်ဆိုတဲ့အချက်ကို အနှေးကွေးဆုံး ခရုက ကမ္ဘာ့အမြန်ဆုံး Andy 500 ချန်ပီယံ ဘယ်လိုဖြစ်လာတယ်ဆိုတာလေးကို ရိုက်ကူးထားတာပါ။ ကျွန်တော်တို့တွေ လူတိုင်းကိုယ်စီမှာ အိပ်မက်တွေ ရှိတတ်ကြပါတယ်။ ငါကတော့ ဘာဖြစ်ချင်တယ်။ သူကတော့ ဘာဖြစ်ချင်တယ်။ ဒါပေမယ့် မဖြစ်နိုင်ဘူးလို့ ထင်စေနိုင်လောက်တဲ့ အကြောင်းပြချက် မျိုးလေးတွေလည်း ရှိတတ်ကြပါတယ်။ ငါ့မိဘက ဆင်းရဲလို့၊ ငါက ပညာမသင်ခဲ့ရလို့၊ ငါက ပိုက်ဆံ မရှိလို့ စသည်ဖြင့်ပေါ့ဗျာ။ ဒါပေမယ့် ဆန္ဒသာပြင်းပြရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့ ဘုရားဟောခဲ့တဲ့ စကားတစ်ခွန်းလိုပါပဲဗျာ။ အိပ်မက်သာ ရှိပါစေ။ ဖြစ်ကိုဖြစ်ရမယ်ဗျာ။

ပြောနေရင်းတောင် ဇာတ်ကားလေးကို တင်ပေးဖို့ မေ့တော့မလို့။ ဇာတ်ကားလေးက BluRay 720p Movie လေးပါ။ အကြည်ဖြစ်တဲ့အပြင် အင်္ဂလိပ်စာတမ်းလေး ပါ တွဲတင်ပေးထားပါတယ်။ ဇာတ်ကားလည်းကြည့် အင်္ဂလိပ်စာလည်း လေ့လာပေါ့ဗျာ။

ဇာတ်ကားအား ဒေါင်းယူရန်
အင်္ဂလိပ်စာတမ်း ဒေါင်းယူရန်

အားလုံးပဲ ကြည့်ရှုခံစားပြီး ဗဟုသုတတိုးပွားကြပါစေ
မောင်မင်းသိန်း(ရန်ကုန်)

0 comments:

Post a Comment