Android 4.4 Kit Kat Launcher ကို Android ဖုန်းအားလုံးထဲ ထည့်သွင်းအသုံးပြုကြမယ်

အင်မတန်ကို ဆွဲဆောင်မှုကောင်းလှပတဲ့ Feature အသစ်တွေနဲ့ Android 4.4 Kit Kat အသစ် ဈေးကွက် အတွင်း ထွက်လာပါပြီ။ Mobile Device အသစ်တွေနဲ့ အတူ OS အသစ်ကိုလည်း ထုတ်ဝေလိုက်ပါပြီဗျာ။ ဒါဆို အဲဒီ Kit Kat OS ကို သုံးဖို့အတွက် Kit Kat OS ပါတဲ့ ဖုန်းတွေကို ၀ယ်ရမှာလား။ မလိုပါဘူး။ ဒါဆို Kit Kat OS ကို အသုံးပြုဖို့ root လုပ်ထားဖို့ကော လိုမလား။ ဘာမှ မလိုပါဘူးဗျာ။ ဘာမှ မလိုဘဲ ထည့်သွင်း အသုံးပြုမယ့်နည်းလမ်းလေးကို ကျွန်တော် ဒီနေ့ တဆင့် ပြန်လည် မျှဝေပေးပါ့မယ်။

XDA Developer တွေကို ဒီနေရာမှာ ကျေးဇူးတင်ရပါမယ်။ Nexus 5 ကနေ Extract လုပ်ပြီး အလွယ်တကူ အသုံးပြုလို့ရမယ့် APK Installation ဖိုင်တွေအဖြစ် ဖန်တီးပေးလိုက်လို့ပါပဲ။ သင့်မှာ Google Nexus 4 သို့မဟုတ် Nexus 7 ဖုန်းကို ပိုင်ဆိုင်ထားတယ်ဆိုရင် စိတ်ပူစရာမလိုဘူးနော်။ မကြာခင် တိုက်ရိုက်  officially  update လုပ် ခွင့်ပေးတော့မှာပါ။ တခြား Android ဖုန်းတွေအတွက်ကတော့ ဒီ Launcher လေးကိုပဲ အသုံးပြုကြရအောင်နော်။

လိုအပ်တဲ့ Kit Kat Launcher လေးကို ဒေါင်းလိုက်ပါ။ သင့် ဖုန်းရဲ့ Android Version က 4.1 နဲ့ အထက်တော့ဖြစ်ရမယ်နော်။ ဒေါင်းလို့ရလာတဲ့ Rar ဖိုင်လေးကို extract လုပ်လိုက်ပါ။ ပြီးရင်တော့ Prebuilt Gms Core.apk, Velvet.apk, GoogleHome.apk ဆိုတဲ့ ဖိုင်လေး (၃)ဖိုင် ရပါမယ်။ အဲဒီ ဖိုင် (၃)ဖိုင်ကို Phone memory ထဲကို ထည့်လိုက်ပါ။ ပြီးရင်တော့ ၃ ဖိုင်စလုံးကို အောက်ပါအစဉ်အတိုင်းလေး install လုပ်လိုက်ပါ။
၁) Prebuilt Gms Core.apk အရင်သွင်းပါ။
၂) နောက် Velvet.apk ကို သွင်းပါ။
၃) နောက်ဆုံးမှ GoogleHome.apk ကိုသွင်းပါ။
အားလုံး install လုပ်ပြီးရင်တော့ Home ခလုတ်ကို ဖိနှိပ်ပြီး Kit Kat Launcher လေးကို အသုံးပြု နိုင်ပါပြီဗျာ။ အားလုံး အဆင်ပြေစွာ အသုံးပြုနိုင်ကြပါစေ ....


ဆက်လက်မျှဝေပါဦးမည်။
ကျေးဇူးတင်စွာဖြင့်
iTFree4U

0 comments:

Post a Comment