Android ဖုန်းနဲ့ iPhone တို့အတွက် All-in-one PC Manager [Moborobo]

ကျွန်တော် မိတ်ဆက်ပေးချင်တာကတော့ Android Phone နဲ့ iPhone တွေကို manage လုပ်ပေးတဲ့နေရာမှာ အင်မတန်ကောင်းမွန်တဲ့ All-in-one PC Manager လေးတစ်ခုပါ။ သူ့နာမည်ကတော့ Moborobo ပါ။ သူ့ကို file manager အဖြစ်သော်လည်းကောင်း၊ ringtones တွေ၊ Apps တွေကို install/delete လုပ်ချင်ရင် သော်လည်းကောင်း စတဲ့လုပ်ဆောင်ချက်တွေအတွက် တစ်နေရာတည်းကနေ လုပ်ဆောင်ပေး နိုင်တဲ့ Freeware လေးတစ်ခုပါ။


  • ဒါက သူရဲ့ Official Website ပါ။ အဲဒီကနေ တိုက်ရိုက် ဒေါင်းနိုင်ပါတယ်။
  • ဒီ Software လေးက Windows Vista/7/8 အားလုံးနဲ့ compatible ဖြစ်ပါတယ်။

  • အင်မတန် ရိုးရှင်းတဲ့အသွင်အပြင်နဲ့ မြင်တွေ့နိုင်ပါတယ်။ download ချ၊ install လုပ်ပြီးတာနဲ့ အသုံးပြုနိုင်မှာပါ။
ပုံမှာမြင်ရသလိုပါပဲ Data, Apps, Images, Videos နဲ့ Themes တွေကို install/delete လုပ်နိုင်မှာပါ။ လုပ်ရမှာကတော့ Phone ကို ကွန်ပျူတာနဲ့ usb cable လေး သုံးပြီး ချိပ်ဆက်ပေးလိုက်ရုံပါပဲ။

  • ထူးခြားချက်တစ်ခုကတော့ Automatic Drivers Installation ဖြစ်တဲ့အတွက် Phone နဲ့ ချိပ်ဆက်လိုက်တာနဲ့ သူ့အလိုအလျောက် Driver ကို install လုပ်ပေးသွားမှာပါ။ Driver ကို detect တွေ့တာနဲ့ စတင် အသုံးပြု နိုင်ပါပြီဗျာ။
  • နောက်တစ်ခုကတော့ ဖုန်းနဲ့ ချိပ်ဆက်လိုက်တာနဲ့ ဖုန်းရဲ့ Information အသေးစိတ် [device model number, IMEI number, firmware version, baseband version] ကို ဖော်ပြပေးမှာပါ။
  • ဖုန်းကိုလည်း အလွယ်တကူ Backup လုပ်နိုင်ပါတယ်။ အကယ်၍ ဖုန်းက တစ်ခုခုဖြစ်ခဲ့ရင် အချိန်မရွေး Restore ပြန်လုပ်နိုင်တာပေါ့။
  • ဖုန်းကို Speed up ဖြစ်အောင် clean up လုပ်နိုင်ပါသေးတယ်ဗျာ။
  • တစ်ခါတရံ အမျိုးအစားမတူတဲ့ Android နဲ့ iPhone နှစ်ခုကြားထဲ Contacts တွေကို အပြောင်းအလဲလုပ်လို တဲ့အခါမှာလည်း ဒီ software လေးက အသုံးဝင်လှပါတယ်။
  • App Library ဆိုတဲ့ feature လေးတစ်ခုလည်းပါဝင်ပါသေးတယ်။ ကျွန်တော်တို့တွေ ဖုန်းကို Factory Reset ပြန်ချပြီးတိုင်း ဘာအပြောင်းအလဲပဲ လုပ်လုပ် မိမိသုံးနေကျ Application တွေ တခါ အစအဆုံး ပြန် download ချနေရရင် အချိန်အင်မတန်ကုန်ပါတယ်။ အဲဒီအတွက် ဒီ feature လေးက မိမိ ဖုန်းအဟောင်းက သုံးနေကျ App တွေကို Restore ပြန်လည် လုပ်ပေးနိုင်ပါသေးတယ်။
  • ထူးခြားတာလေးတစ်ခုကတော့ လိုအပ်တဲ့ App တွေကို PC မှာ ဒေါင်းနိုင်ပြီး Phone ထဲကို ပြန်ထည့်နိုင် ပါသေးတယ်။ ဒါဆိုတော့ အချိန်မကုန်တော့သလို 3G Data Charge လည်း မကုန်တော့ဘူးပေါ့နော်။
  • အခြား လုပ်ဆောင်ချက်များအနေနဲ့ကတော့ messages, contacts စတာတွေကို PC ပေါ်ကနေ ပို့/လက်ခံ/ သိမ်းဆည်းပေးနိုင်ပါသေးတယ်။ လိုအပ်သလိုလည်း Manage လုပ်နိုင်ပါတယ်။
  • ဖုန်းထဲမှာ installed လုပ်ထားတဲ့ App နဲ့ ဂိမ်းတွေကိုလည်း PC ပေါ်ကနေ access လုပ်နိုင်ပါတယ်။ လိုအပ် သလို install/delete လုပ်လို့လည်းရပါတယ်။
  • အခြား images, Media Library, themes တွေကိုလည်း လိုအပ်သလို ဖြုတ်/တပ် ပြုလုပ်နိုင်မှာပါ။
Task Manager လည်းပါဝင်ပါသေးတယ်။ PC မှာလိုပဲ Run နေတဲ့ App တွေကို End ပြုလုပ်နိုင်တယ်။

ကဲ အလကားလည်းရ၊ အသွင်အပြင်လည်း ရှင်းလင်း၊ လုပ်ဆောင်ချက်တွေလည်း စုံလင်တဲ့ All-in-one PC Manager လေးကို စမ်းသုံးကြည့်ရအောင်ဗျာ။ အားလုံး အဆင်ပြေစွာ အသုံးချနိုင်ကြပါစေ။


ဆက်လက်မျှဝေပါဦးမည်။
ကျေးဇူးတင်စွာဖြင့်
iTFree4U

2 comments:

  1. IDM For PC လိုချင်ပါတယ် အကို

    ReplyDelete
  2. ဒီအထဲမှာ လိုတဲ့ version ကို ဒေါင်းယူပါအစ်ကို။ ကျေးဇူးတင်ပါတယ်။
    http://www.itfree4u.net/search/label/IDM

    ReplyDelete