Blackberry ရဲ့ Messenger တစ်ခုဖြစ်တဲ့ BBM ကို Android အတွက် ထုတ်လုပ်လိုက်ပါပြီ။ Blackberry က သူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ်တော့ဘူးပေါ့ဗျာ။ ဒါကတော့ v1.0.0 ပထမဆုံး version ပါ။ သူလည်း တော်တော်လေး စုံလင်တဲ့ Messenger လေးပါပဲ။ ဓါတ်ပုံ၊ ဖိုင်၊ အသံ note စတာတွေကိုလည်း sharing လုပ်လို့ ရပါတယ်။ emoticon တွေလည်း စုံလင်အောင်ပါဝင်တာကို တွေ့ရပါတယ်။ BBM ရဲ့ထူးခြားချက်ကတော့ သူက တခြား Messenger တွေလို Phone No, Email တွေကို အသုံးပြုတာ မဟုတ်ဘဲ PIN နံပါတ်ကို အသုံးပြုတာဖြစ်လို့ Security ပိုင်းဆိုင်ရာမှာ ပိုမို စိတ်ချရပါတယ်။ တခြား Messenger တွေလို Group Chat လည်း ပါဝင်တာကို တွေ့ရပါတယ်။ လိုအပ်လို့ ဒေါင်းယူမယ်ဆိုရင်တော့ ...
ဒီနေရာမှာ ဒေါင်းယူနိုင်ပါတယ်ဗျာ။
ကျေးဇူးတင်စွာဖြင့်
iTFree4U













0 comments:
Post a Comment