ဖတ်စေချင်သောစာအုပ်တစ်အုပ် (သို့မဟုတ်) ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင် ...

အနုပညာလောကမှာ အောင်မြင်ခဲ့သလို ပရဟိတပိုင်းဆိုင်ရာ သူမတူအောင် အများအတွက် ပေးဆပ်ခဲ့ / ပေးဆပ်နေတဲ့ ဦးကျော်သူရဲ့ စာအုပ်လေးတစ်အုပ်ပါ။ ကျွန်တော်တို့ ကြိုက်နှစ်သက်ခဲ့ရတဲ့ အနုပညာရှင် တစ်ယောက်၊ ကျွန်တော်တို့ လေးစားလျက်ရှိတဲ့ ပရဟိတခေါင်းဆောင်တစ်ယောက် အနေနဲ့ ပြည်သူတွေ အပေါ်မှာ သူ့ရဲ့ထားတဲ့ စေတနာကောင်းသလို သူဖြစ်စေချင်နေတဲ့ ပြည်သူတွေရဲ့ဘ၀၊ သူ့ရဲ့ စေတနာတွေကို ဒီစာအုပ်မှာ မြင်ရမှာပါ။

စာအုပ်ဝယ်ဖတ်ရန် အခက်အခဲရှိသော အရပ်ဒေသများမှ သူငယ်ချင်းများအတွက် တဆင့် ပြန်လည်မျှဝေ လိုက်ပါတယ်ဗျာ။ ပထမဆုံး eBook အဖြစ် တင်ပေးတဲ့ On Air ကို ဒီနေရာကနေ အထူးပဲ ကျေးဇူး တင်ပါတယ်ဗျာ။ ကျွန်တော်ကိုယ်တိုင်လည်း ၀ယ်ဖတ်ဖို့ မဖြစ်နိုင်တဲ့ အရပ်ဒေသ ရောက်နေလို့ပါ။ ၀ယ်ဖတ်လို့ ရတဲ့ သူငယ်ချင်းများကိုတော့ ဦးကျော်သူရဲ့ စေတနာကို အသိအမှတ်ပြုတဲ့အနေနဲ့ ၀ယ်ဖတ်စေချင် ပါတယ်ဗျာ။

စာအုပ်ကိုတော့ အောက်မှာ ဒေါင်းယူနိုင်ပါတယ်။ အပိုင်း (၂)ပိုင်းခွဲပြီး တင်ပေးထားပါတယ်။
အပိုင်း(၁)
အပိုင်း(၂)

ဆက်လက်မျှဝေပါဦးမည်။
ကျေးဇူးတင်စွာဖြင့်
iTFree4U

0 comments:

Post a Comment