Windows 7 / 8 မှာ ဖိုင်တွေကို transferring လုပ်တော့မယ်ဆိုရင် ပုံမှန်အားဖြင့် အဲဒီဖိုင်ပေါ်မှာ Right-click နှိပ်လေ့ရှိပါတယ်။ ပြီးတော့ Send to ကို ရွေးရပါတယ်။ အဲဒီထဲကနေမှ သင်လိုချင်တဲ့နေရာကို ပြောင်းရွှေ့ကူးယူရမှာပါ။ Desktop, Documents, Bluetooth, Dropbox, စတဲ့ နေရာတစ်ခု(မိမိပြောင်းချင်တဲ့နေရာ)ကို ရွေးချယ်ပေးရပါတယ်။
ကဲ ဘာပဲဖြစ်ဖြစ် သင် transfer လုပ်ချင်တဲ့ နေရာ အဲဒီ Send to မရှိဘူးဆိုပါစို့။ ဒါဆို အဲဒါကို ဘယ်လို ထည့်မလဲဆိုတာလေးကို အခုပြောပြပါမယ်။ ကဲ မစမ်းကြည့်ချင်ဘူးလား။
ကဲစရအောင်
'Send to' menu ထဲမှာ သင်လိုချင်တဲ့ နေရာထည့်ဖို့ Start Menu ကနေ Run box ကိုဖွင့်ပါ။
box ကလေးပွင့်လာပြီဆိုရင် 'shell:sendto' ဆိုတာလေး ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
ဒါဆို သင်လိုချင်တဲ့ နေရာထည့်ဖို့ folder လေးတစ်ခု ပွင့်လာပါမယ်။ အဲဒီထဲမှာ သင်ထည့်ချင်တဲ့ နေရာကို ဆွဲထည့်လိုက်ပါ။ သို့တည်းမဟုတ် ထည့်ချင်တဲ့နေရာရဲ့ shortcut လေးကို copy လုပ်ပြီး paste လုပ်ပေး လိုက်ပါ။
သင် ထည့်လိုက်တဲ့ နေရာသစ် 'Send to' ထဲကို ရောက်မရောက် Right-click လေး နှိပ်ပြီး ပြန်စစ်လိုက်ပါ။
ဒါဆို သင်လိုအပ်သလောက် နေရာသစ်တွေကို 'Send to' option အောက်ထဲကို ထည့်လို့ရသွားပြီပေါ့နော်။
ဆက်လက်မျှဝေပါဦးမည်။
ကျေးဇူးတင်စွာဖြင့်
iTFree4U
0 comments:
Post a Comment