ကွန်ပျူတာကို အဝေးက စောင့်ကြည့်ဖို့ အကောင်းဆုံးဆိုတဲ့ Apps တွေ အများကြီး ရှိပါတယ်။ ဥပမာ - TeamViewer လိုမျိုးပေါ့ဗျာ။ ဒါပေမယ့် ကွန်ပျူတာထဲကို ၀င်မကြည့်ဘဲ အဝေးကနေ ဘယ်သူတွေ ဘာတွေ လုပ်နေလဲဆိုတာကို နာမည်ကြီး file sharing service တစ်ခုဖြစ်တဲ့ DropBox ကို အသုံးပြုပြီး စောင့်ကြည့်နိုင် ပါတယ်။
ဘာကြောင့် ဒီလို စောင့်ကြည့်ဖို့ လိုအပ်သလဲ။
အကြောင်းပြချက်တွေကတော့ အများကြီးပေါ့ဗျာ။ တချို့တ၀က်အနေနဲ့ ဖော်ပြရရင်
၁) သင့်ရုံးရဲ့ ကွန်ပျူတာမှာ သင်မရှိတုန်းမျာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ သိချင်မြင်ချင်တဲ့အခါ
၂) သင့်မှာ ကလေးရှိလို့ သင့်ကလေးတွေ မမြင်သင့် မမြင်အပ်တာတွေ ကြည့်နေသလားဆိုတာကို သိချင်တဲ့အခါ
၃) သင်မရှိတုန်းက run ထားခဲ့တဲ့ program တွေရဲ့ အခြေအနေကို ဘယ်အခြေအနေ ရှိနေပြီလဲဆိုတာ သိချင်တဲ့အခါ
အစရှိသည့် အခါမျိုးတွေမှာ အသုံးပြုဖို့ လိုအပ်ပါတယ်။
ဘယ်လိုလုပ်မလဲ။
သဘောတရားက ရိုးရိုးလေးပါ။ hot-keys သုံးပြီး Screen Shot ရိုက်ပေးနိုင်တဲ့ Application လေးတစ်ခုကို install လုပ်မယ်။ ပြီးရင် Sync လုပ်ထားတဲ့ DropBox ထဲကို အဲဒီ Screen Shots လေးတွေကို သိမ်းပေးမယ်။ နောက်ပြီး အဲဒီ Screen Shot ကို ကာလခြားတစ်ခုစီမှာ Auto အလုပ်လုပ်ဖို့ Application လေးတစ်ခု သွင်းပြီး အလုပ်လုပ်ခိုင်းမယ်ပေါ့ဗျာ။
ဒီလို စောင့်ကြည့်ရဖို့ ဘယ်လို setting ချမလဲ။
၁) DropBox ကို ကွန်ပျူတာ Install လုပ်ထားပါ။ ပြီးရင် သင် Sync လုပ်ချင်တဲ့ အကောင့်နဲ့ Log In ၀င်ထားပါ။
၂) Hot-Keys နဲ့ Screen Capture ဖမ်းနိုင်တဲ့ Application ကို Install လုပ်ပါ။ အဲဒီအတွက်ဆိုရင်တော့ Dropbox Screen Grabber ကို သုံးနိုင်ပါတယ်။ Folder ကိုလည်း သင့်စိတ်ကြိုက် သင့်တော်သလို ဖန်တီးထား နိုင်ပါတယ်။ ဒီ Program လေးက Screen Capture လုပ်ဖို့ default hot-key အနေနဲ့ Shift+F10 ကို အသုံးပြုပါတယ်။ ဒါကိုလည်း သင့်စိတ်ကြိုက် ပြောင်းနိုင်ပါတယ်။
အဲဒီ Application လေးကို သွင်းပြီးတာနဲ့ Script သုံးမယ့် ဖိုင်ကို မေးပါလိမ့်မယ်။ မရှိရင် ဒီမှာ နမူနာ ဖန်တီးပေးထားပါတယ်။ အဲဒီ ဖိုင်ထဲမှာ အောက်ပါ script လေးကို copy ကူးထည့်လိုက်ပါ။
Loop {
Send, {SHIFTDOWN}{F10}{SHIFTUP}
Sleep, 60000
}
အပေါ်က script က စက္ကန့် ၆၀ တိုင်းမှာ Shift+F10 hot-key နှိပ်မယ်လို့ ဆိုလိုတာပါ။ သင့်စိတ်ကြိုက် hot-key နဲ့ time interval ကို ပြောင်းလဲနိုင်ပါတယ်။ ဒါမှမဟုတ်လည်း သင့်စိတ်ကြိုက် application ကို အသုံးပြုနိုင် ပါတယ်။
ကဲ ဒါလေးပါပဲ။ DropBox Screen Grabber က တစ်မိနစ်တိုင်းမှာ Screenshot ရိုက်မယ်။ ပြီးရင် Dropbox folder ထဲသိမ်းပေးပါလိမ့်မယ်။ ပြီးတာနဲ့ DropBox က Dropbox.com ပေါ်ကို upload တင်ပေးမယ်။ ဒါဆို သင်သွားလေရာ mobile ဖုန်းနဲ့သော်လည်းကောင်း၊ အဝေးတစ်နေရာကနေ ကွန်ပျူတာနဲ့သော်လည်းကောင်း ပြန်လည် ကြည့်ရှုနိုင်မယ်လေ။
အားလုံးအဆင်ပြေချောမွေ့ကြပါစေ
iTFree4U
0 comments:
Post a Comment