ကျွန်တော်ကိုယ်တိုင် ဒီရက်ထဲ မေးမိတဲ့ မေးခွန်းလေးတစ်ခုပါ။ သူငယ်ချင်းတို့အတွက်လည်း အသုံးဝင်ဖို့ အဖြေလေးတစ်ချို့ ရှာတွေ့သလောက် ပြန်လညှ်မျှဝေ ရေးသားလိုက်ပါတယ်။ ကဲ အတူတူ စဉ်းစား ကြည့်ရအောင်ဗျာ။ ဘာကြောင့် ကျွန်တော် နှစ်အတော်ကြာ တင်ထားသမျှ ဓါတ်ပုံတွေ/သတင်းတွေ/ sharing data တွေကို backup လုပ်ဖို့ လိုအပ်သလဲ။
၂) Facebook က ၉၉.၉၉၉ ရာခိုင်နှုန်း လုံခြုံတယ် ပြောပါဦး။ နေ့စဉ်နဲ့အမျှ ကျွန်တော်တို့ ကိုယ်တိုင် အကောင့်တွေက Lock ကျကုန်တယ်။ အချက်အလက်တွေ ဆုံးရှုံးကုန်တယ်။ အဲဒီတော့ ပညာရေး/ စီးပွားရေး ရည်ရွယ်ချက်နဲ့ ဖွင့်ထားတဲ့ Page တွေကို ဘယ်လိုလုပ်ကြမလဲ။ ဒီအချက်ကလည်း အရေးကြီး ပါတယ်။
၃) ကျွန်တော်တို့ကတော့ သိပ်မသိကြပေမယ့် တကယ် Business , Education, Government ပိုင်းဆိုင်ရာ အသုံးပြုသူတွေရဲ့ Data Loss ပြသနာဟာ Facebook မှာ နေ့တိုင်း ကြုံတွေ့နေရပါတယ်။ ဒါတွေကိုကော ဘယ်လိုလုပ် ကာကွယ်ထားမလဲ။
၎) သင်ဟာ ကုမ္ပဏီတစ်ခုရဲ့ Facebook Page ကို post / edit လုပ်ပေးနေရတဲ့ admin ဆိုပါတော့။ သင် နေ့စဉ် တင်သမျှ အချက်အလက်တွေ ဆုံးရှုံးသွားပြီဆိုရင်ကော။ သင့်ရဲ့ အချိန်တွေ ဆုံးရှုံးသွားရုံတင်မကဘူးနော်။ သင့်ကုမ္ပဏီရဲ့ ငွေကြေးနဲ့ အချိန်တွေလည်း ဆုံးရှုံးသွားမှာပဲဆိုတာ ထည့်စဉ်းစားပါ။
၅) သင့်ရဲ့ Facebook ကို ကာကွယ်ခြင်းဟာ သင့်ရဲ့ Data ကို ကာကွယ်ရုံတင်မကဘူး Facebook နဲ့ နေ့စဉ် ချိပ်ဆက်အသုံးပြုနေတဲ့ Thirt-party Sites နှင့် services တွေက ရယူသွားမယ့် Data / credentials ပိုင်းဆိုင်ရာ တွေလည်း ဆုံးရှုံးသွားမှာပါ။
၆) ၃ သန်းကျော်သော Page တွေဟာ Facebook ပေါ်မှာ နေ့စဉ် စီးဆင်းနေပါတယ်။ သင့်ရဲ့ Page ပိုင်းဆိုင်ရာ Promote လုပ်တော့မယ်ဆိုရင်ကော အဲဒီထဲမှာ ပါတဲ့ Data တွေ ဆုံးရှုံးသွားရင်ကော .... ။ Promote လုပ်ရင် အချိန်ကုန်/ ငွေကုန်ကြေးကျခံရမှာလေ။
၇) ပျမ်းမျှအားဖြင့် တွက်ကြည့်ရင်တဲ့ Facebook အကောင့်တစ်ခုမှာ သူငယ်ချင်း ၁၃၀ ယောက် ရှိပါတယ်တဲ့။ ကဲ အကြောင်းအမျိုးမျိုးကြောင့် သင့်အကောင့် ပျောက်ဆုံးသွားပြီဆိုရင် ဒီသူငယ်ချင်းတွေကို အတိအကျ ဘယ်လိုလုပ် ပြန်ရှာပြီး add မလဲ။ backup ထားမယ်ဆိုရင်တော့ အားလုံး ပြန်ရနိုင်ပါတယ်တဲ့။
၈) Facebook အသုံးပြုသူတွေဟာ ပျမ်းမျှအားဖြင့် လစဉ် အနည်းဆုံး 4 Pages ကို Likes လုပ်ပါတယ်တဲ့။ အလုပ်များသူတွေရဲ့ သဘာဝအလျောက် သူတို့ဟာ Page တစ်ခုက နောက်တစ်ခါ ပြန် Like လုပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ကဲ သင့် Facebook Page ပျောက်သွားခဲ့ရင် သင့် Page ရဲ့ Fan တွေ ဘယ်လို ပြန်ရဖို့ လွယ်မလဲ။
၉) 10,000+ Likes ရှိတဲ့ Facebook Pages ဟာ ၄ ရာခိုင်နှုန်းခန့်သာ ရှိပါတယ်တဲ့။ ကဲ သင့်ရဲ့ Page သာ အဲဒီ ၄ ရာခိုင်နှုန်းထဲ ပါနေခဲ့ရင် သေချာသလောက်ပါပဲ။ သင့် Page ရဲ့ Fans တွေပျောက်သွားခဲ့ရင် အဲဒီလို ပြန်ရဖို့ဆိုတာ အင်မတန်ခက်ခဲမယ်နော်။
၁၀) Likes ပေါင်း 10,000+ ရှိနေတဲ့ Page တစ်ခုဖြစ်လာတယ်ဆိုတာ သူ တင်ထားတဲ့ ဗီဒီယို၊ ဓါတ်ပုံ၊ မှတ်တမ်း သတင်းတွေကြောင့်ပေါ့။ ကဲ အဲဒါတွေ ရင်းနှီးခဲ့ရတဲ့အတွက် ဆုံးရှုံးသွားခဲ့ရင်လည်း အင်မတန်ကို ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်မှာ သေချာပါတယ်။
၁၁) Facebook က သင့်သူငယ်ချင်းတွေ၊ Fan တွေရဲ့ လုပ်ဆောင်ချက်တွေ အားလုံးကို ပြသနေမှာ မဟုတ်တော့ပါဘူး။ အဲဒီတော့ သင့်ရဲ့ Content တွေ ပျောက်ဆုံးသွားရင် အဲဒီသူငယ်ချင်းတွေ ရေးထားမယ့် Comment တွေ၊ Likes တွေလည်း အတူတူ ပျောက်ကွယ်သွားမှာလေ။ Backup လုပ်ထားခြင်းဟာ အဲဒီအရာ တွေကို ကိုယ်ပွား သိမ်းထားပေးမှာပါ။
၁၂) အခုဆိုရင် Facebook ပေါ်မှာ Post တင်သမျှတွေဟာ Facebook ပေါ်မှာ ပေါ်လာသလို Google Search ပေါ်မှာလည်း ပေါ်လာတယ်နော်။ အဲဒီတော့ ဆုံးရှုံးခဲ့မယ်ဆိုရင် ၂ ဆ ဆုံးရှုံးမှာပါ။
ကဲ ဒီလောက်ဆို Facebook မှာ Backup ဟာ ဘယ်လောက် အရေးကြီးတယ်ဆိုရင် သူငယ်ချင်းတို့ သိလောက်ပါပြီနော်။ စီးပွားရေးဆိုင်ရာ/သတင်းအချက်အလက်ပိုင်းဆိုင်ရာ ဝေမျှနေတဲ့ ဆိုဒ်ဆို Backup လုပ်ထားခြင်းဟာ အင်မတန်ကို တန်ဖိုးရှိတဲ့ လုပ်ရပ်ဖြစ်မှာပါ။ ဘယ်လို backup လုပ်မလဲဆိုတာလေးကို ဆက်လက်မျှဝေ တင်ပြပေးသွားပါ့မယ်ဗျာ။ စောင့်မျှော်ဖတ်ရှုပါဦး။
ဆက်လက်မျှဝေပါဦးမည်။
ကျေးဇူးတင်စွာဖြင့်
iTFree4U
0 comments:
Post a Comment