မနေ့က ကျွန်တင်ပေးထားတဲ့ ထားတဲ့ ဆောင်းပါးလေးရဲ့ အဆက်ဆိုလည်း ဟုတ်ပါတယ်။ မနေ့ကတော့ ကျွန်တော်တို့ ဘာကြောင့် Facebook Content တွေကို Backup လုပ်သင့်သလဲဆိုတာကို တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီတော့ သိသင့်သလောက်လည်း သိပြီးပါပြီ။ ဒီတစ်ခါတော့ ဘယ်လို Backup လုပ်မလဲ။ ကဲ လွယ်ပါတယ်။ အဆင့်က (၅)ဆင့်တည်းပါ။ အတူတူ လုပ်ကြည့်ရအောင်နော်။ တကယ်တော့ Facebook built-in archival tool လေးကို အသုံးပြုပြီး လုပ်သွားတာပါပဲ။
အဆင့်(၁) ညာဘက်အပေါ်ထောင့်နားက ဂီယာသွားပုံလေးကို နှိပ်ပြီး Account Settings လေးကို ဖွင့်ပါ။
အဆင့်(၂) ကဲ ဘယ်ရောက်နေလဲ ကြည့်ရအောင်။ အဲဒီအောက်နားလေးမှာပဲ Download a copy ဆိုတာလေးကို တွေ့တယ်ဟုတ်။ အဲဒါလေးကို နှိပ်လိုက်ရင် confirm လုပ်ပေးဖို့ password တောင်းပါလိမ့်မယ်။ ထည့်ပေးလိုက်ပါ။ ပြီးရင် အောက်မှာ expanded archive လေးကိုတွေကို backup လုပ်ချင်သလားတဲ့။ ကဲ အပန်းမှမကြီးတာ အကုန်သာ လုပ်ပလိုက်။
အဆင့်(၃) Download Archive လေးနှိပ်ပြီး ဒေါင်းလိုက်ပါပြီ။ ကဲ ဘယ်လောက် အံ့သြဖို့ကောင်းလဲ။ ဆိုဒ်က MB လောက်ပဲ ရှိတယ်။ ဒီလောက် ကျွန်တော်တို့ နှစ်အတော်ကြာ တင်ထားတဲ့ ဓါတ်ပုံတွေ/သတင်းတွေ/ Post တွေဟာ ဒီလောက်ပဲ ရှိတယ်ဆိုတော့။
အဆင့်(၄) ကဲ ဖွင့်ကြည့်ရအောင်။ ဟောဗျာ။ အားလုံး folder လေးတွေနဲ့ တွေ့ရပြီ။ အဲဒီမှာ subfolders လေး ၂ ခုတွေ့မယ်။ html နဲ့ photos ဆိုပြီးတော့။ html folder ကတော့ တင့်ခဲ့သမျှ posts, likes, messages တွေပါ။ Friends ဆိုတာ အောက်မှာလည်း သင့်သူငယ်ချင်းတွေရဲ့ email စတာတွေ တွေ့ပါမယ်။ အဲဒီမှာ သင်တင်ထား ခဲ့တဲ့ ဓါတ်ပုံတွေကို html နဲ့လည်း တွေ့နိုင်ပါသေးတယ်။ ဒုတိယ main folder လေးကတော့ အင်မတန်ကို အံ့သြဖို့ကောင်းပါတယ်။ သင်တင်ထားခဲ့သမျှ ဓါတ်ပုံတွေကို .jpeg format နဲ့ တွေ့ရပါမယ်။
အဆင့်(၅) အကယ်၍ သင် expanded archive ကိုလည်း ဒေါင်းခဲ့မယ်ဆိုရင်တော့ သူငယ်ချင်းတွေရဲ့ အခြားအချက်အလက်တွေကိုပါ တွေ့ရမှာပါ။
ကဲ ဘယ်လောက်လွယ်ပြီး အံ့သြဖို့ကောင်းလဲနော်။ ကျွန်တော် အအံ့သြဆုံးကတော့ တင်ခဲ့သမျှ ဓါတ်ပုံတွေကို .jpeg အနေနဲ့ ပြန်ရတာကိုပါပဲ။ ဒါကတော့ Facebook built-in tool ကို အသုံးပြုပြီး backup လုပ်ခြင်းပါ။ တခြား tool တွေကိုလည်း အသုံးပြုပြီး backup လုပ်နိုင်ပါသေးတယ်။ ဆက်လက် ဖော်ပြပေးသွား ပါ့မယ်။ အားလုံး အဆင်ပြေကြပါစေ။
ဆက်လက်မျှဝေပါဦးမည်။
ကျေးဇူးတင်စွာဖြင့်
iTFree4U
0 comments:
Post a Comment