သန်းပေါင်းများစွာသော ဆိုဒ်တွေထဲမှာ Facebook ဟာ နံပါတ်(၁) ဖြစ်လာခဲ့ပါပြီ။ သင်ဟာ နေ့တိုင်း Device ပေါင်းစုံကနေ Facebook အကောင့်ထဲကို login ၀င်နေတာဆိုတော့ တစ်နေရာမဟုတ် တစ်နေရာမှာ သင် logout လုပ်ဖို့ မေ့ကောင်းမေ့နိုင်မယ်။ အဲဒီတော့ အခြားသူတွေက သင်မေ့ခဲ့တဲ့ Facebook အကောင့်ကို မလိုအပ်တဲ့ နည်းလမ်းနဲ့ အသုံးချသွားမယ်။ ဒါတွေကို ဘယ်လို နည်းလမ်းနဲ့ ကာကွယ်မလဲ။ ဒီလိုပဲ အခြားနည်းလမ်းတွေနဲ့လည်း သင့်ရဲ့ အကောင့်ကို Hacker / Attacker တွေက အဝေးတနေရာကနေ လှမ်းပြီး access ရမသွားရလေအောင် ဘယ်နည်းလမ်းတွေ နဲ့ ကာကွယ်မလဲဆိုတာကို နည်းလမ်း(၉)သွယ်နဲ့ တင်ပြသွားပါ့မယ်။
၁) အကောင်းဆုံး/အခိုင်မာဆုံး Password ကို ဖန်တီးထားပါ။
သင့်ဆီမှာ Facebook အကောင့်အတွက် သင့်ရဲ့ ကိုယ်ပိုင် Password ရှိတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် Facebook အကောင့်အတွက် အခြား ဆိုဒ်ရဲ့ Password တွေနဲ့ လုံးဝ မတူရင် ပိုကောင်းပါတယ်။ ဥပမာ- email, blog, hosting, စသည်ဖြင့် ....
Facebook မှာ Password ချိန်းချင်တယ်ဆိုရင်တော့ Account Settings > General > Password ထဲ ကနေ ၀င်ရောက်ပြီး ပြောင်းလဲနိုင်ပါတယ်။
အကောင်းဆုံး Password ဘယ်လို ဖန်တီးမလဲဆိုတာ ဒီမှာ လေ့လာနိုင်ပါတယ်။
၂) ဖုန်းနံပါတ်ကို ထည့်သွင်းပြီး Confirm လုပ်ထားပါ။
ဖုန်းနံပါတ်ကို ထည့်သွင်းပြီး confirm လုပ်ထားခြင်းဟာ Facebook လုံခြုံရေးအတွက် အကောင်းဆုံးထဲက နည်းလမ်းတစ်သွယ်ဖြစ်ပါတယ်။ ဒီလို ထည့်သွင်းထားခြင်းအားဖြင့်လည်း အကယ်၍ သင့် Password မေ့သွား ခဲ့ရင်လည်း Facebook ကနေ SMS ကနေတဆင့် ပြန်လည် ရယူနိုင်ပါတယ်။
ဖုန်းနံပါတ်ကို ထည့်သွင်းဖို့ကိုတော့ Account Settings > Mobile ထဲကနေ Add a Phone ကို နှိပ်ပါ။
Country ကို ရွေးပါ။ ပြီးရင်တော့ Carrier ကို ရွေးပေးပါ။ ပြီးရင်တော့ Next ကို နှိပ်ပါ။
ဒါဆို သင်ပြုလုပ်ရမယ့် ညွှန်ကြားချက်လေးတစ်ခု ကျလာပါမယ်။ F ဆိုတဲ့ စာလုံးလေးကို SMS ဖြင့် နံပါတ်တစ်ခုကို ပို့ပေးရပါမယ်။ ပြီးတာနဲ့ confirmation code ကို ဖုန်းက လက်ခံရရှိပါလိမ့်မယ်။ နောက်ပြီး သူ့အောက်မှာလည်း ဖုန်းနံပါတ်ကို သူငယ်ချင်းများနဲ့ share လုပ်မလား/ သူငယ်ချင်းများ ဖုန်းကို text လုပ်ခွင့်ပြုမလား စသည်ဖြင့် ရွေးချယ်နိုင်ပါသေးတယ်။
ကဲ ဒါဆိုရင်တော့ သင့်ဖုန်းနံပါတ်ကို Facebook နဲ့ Register လုပ်ပြီးသွားပါပြီ။
၃) Secure Browsing ကို Activate လုပ်ပေးပါ။
အခြားလုပ်ရမယ့်အရာတွေနဲ့အတူ Facebook အတွင်း မိမိလုပ်ဆောင်သမျှ Browsing Activity လည်း လုံခြုံဖို့ လိုအပ်ပါတယ်။ အဲဒီအတွက် Secure Browsing ကို ဖွင့်ပေးရမှာပါ။ ဒါဆို ပြင်ပကနေ သင့်ဆီ ၀င်လာမယ့် applications တွေ၊ သင့်ရဲ့ information တွေကို လှမ်းယူမယ့် အရာတွေကို သင့်ရဲ့ ခွင့်ပြုချက်မရဘဲ ဘာမှ လုပ်ဆောင်လို့ မရတော့ဘူးပေါ့။
အဲဒီလို Secure Browsing ကို activate လုပ်ဖို့အတွက် Account Settings ထဲက Security ထဲကို ၀င်လိုက်ပါ။
Secure Browsing ထဲကနေ ညာဖက်ခြမ်းက Edit ဆိုတာလေးကို နှိပ်လိုက်ပါ။
အဲဒါလေး ပွင့်လာရင် Browse Facebook on a secure connection ဆိုတာလေးကို အမှန်ခြစ်လေး ခြစ်ပေးလိုက်ပါ။ ပြီးရင်တော့ Save Changes ခလုတ်ကို နှိပ်လိုက်ပါ။
၎) Login Approvals ကို Activate လုပ်ထားပါ။
Login Approvals ဆိုတာကတော့ မိမိရဲ့အကောင့်ကို သုံးနေကျ devices မဟုတ်တဲ့ တခြားတစ်နေရာကနေ ဖွင့်တိုင်းမှာ security code တောင်းစေဖို့ လုပ်ထားတာပါ။ ဒါလေးကို activate လုပ်ဖို့အတွက်ကတော့ Account Settings>Security သွားပါ။ Login Approvals ကို ဖွင့်ပြီး Edit ဆိုတာလေးကို နှိပ်ပါ။
အဲဒီမှာ ပေါ်လာတဲ့ Check box လေးကို အမှန်ခြစ်လေး ခြစ်လိုက်ပါ။
ဒါဆို နောက်ထပ် Box လေးတစ်ခု ပေါ်လာပါလိမ့်မယ်။ Set Up Now ခလုတ်ကို နှိပ်ပါ။
သင့်ဖုန်းနံပါတ်ကို Register လုပ်ပြီးသားဆိုရင်တော့ Facebook ကနေ သင့်ဆီကို Confirmation code ကို SMS အလိုအလျောက် ပို့ပေးပါလိမ့်မယ်။ အဲဒီ code လေးကို ပေးထားတဲ့ အကွက်လေးထဲမှာ ရိုက်ထည့်ပြီး Submit Code ကို နှိပ်လိုက်ပါ။
ဒါဆိုရင်တော့ Login Approvals လေး ပြီးဆုံးသွားပြီ ဖြစ်တဲ့အတွက် Next လေးကို နှိပ်ပြီး ဆက်သွားပါ။
နောက်တစ်ခုအနေနဲ့ကတော့ သင့်ဖုန်းအတွက် Facebook က ပေးပို့မယ့် code ကို လက်ခံရရှိခြင်း မရှိဘူးဆိုရင် အသုံးဝင်မယ့် Code Generator ဆိုတာလေးကို အသုံးပြုနိုင်ပါသေးတယ်။
Facebook app ကို ဖုန်းမှာ အရင်ဆုံး install လုပ်ရပါမယ်။ ကျွန်တော်ကတော့ Android သမားဆိုတော့ Google Play ကနေ သွားဒေါင်းလိုက်ပါတယ်။ ဒေါင်းပြီး install လုပ်ပြီးပြီဆိုရင်တော့ Next ဆိုတာလေး နှိပ်ပြီးဆက်သွားပါမယ်။
ပြီးပြီဆိုရင်တော့ Facebook ကနေ Code Generator လေးကို download လုပ်ဖို့ ညွှန်ကြားချက် ပေးပါ လိမ့်မယ်။ install လုပ်ဖို့အတွက်ကို Facebook app လေးကို ဖွင့်လိုက်ပါ။ menu > Account > Code Generator > Add app ဆိုတာလေးကို နှိပ်ပြီး Finish Setup ဆိုတာလေးကို နှိပ်ပါ။
ဒါဆို Code Generator လေး အသက်ဝင်သွားပါပြီ။ ဒါဆို Facebook က သင့်ကို Code Generator ဘယ်လို ဆက်လုပ်ရမယ်ဆိုတာကို ပြောပါလိမ့်မယ်။ ဆက်ကြည့်ရအောင်နော်။ အကယ်၍ နောက်တစ်ကြိမ် သင်က new code ကို ပြောင်းချင်ရင် Facebook app လေးကို ဖွင့်။ Account > Code Generator လေးကို နှိပ်လိုက် တာနဲ့ code ပေါ်လာပါလိမ့်မယ်။ ကဲ ဒါဆို Login Approvals အဆင့် ပြီးဆုံးသွားပြီဆိုတော့ Close လေး ကို နှိပ်ပြီး ထွက်လိုက်ပါ။
၅) အရင်က ၀င်ခဲ့ဖူးတဲ့ Active Sessions တွေကို ပိတ်ပစ်ပါ။
Facebook မှာ ကောင်းတဲ့အချက်က သင်ဝင်ခဲ့ဖူးတဲ့ Device, Date, Location စတာတွေကို အတိအကျ ဖော်ပြ ပေးပါတယ်။ အဲဒီတော့ သင့်ရဲ့ Facebook ကို လုံခြုံဖို့အတွက် အဲဒါတွေကို ပိတ်ပစ် ရပါမယ်။ Account Settings >Security page ထဲကနေ Active Sessions ကို ရှာပြီး Edit ဆိုတာကို နှိပ်ပါ။
ဒါဆို သင်ဝင်ရောက် အသုံးပြုခဲ့ဖူးတဲ့ Device, Location, Date တွေကို လက်ရှိ အပါအ၀င် အားလုံးကို စာရင်းပြုစုပေးထားပါလိမ့်မယ်။ အဲဒီတော့ အခြား Device နေရာကနေ ၀င်ထားခဲ့ဖူးတဲ့ Activity တွေကို End Activity နှိပ်ပြီး ပိတ်ပစ်လိုက်ပါ။
၆) Private Browsing ကို Activate လုပ်ပါ။
အခြားသူတစ်ယောက်ကနေ မိမိအကောင့်ကို မ၀င်ရောက်နိုင်ဖို့ လုံခြုံရေး နောက်ထပ် နည်းလမ်းတစ်ခုကတော့ Private Browsing ပါ။ မိမိအသုံးပြုတဲ့ Browsers တိုင်းလိုလိုမှာ ပါဝင်ပါတယ်။ အဲဒီ Private Browsing တွေကို Active လုပ်ပြီး အသုံးပြုမယ်ဆိုရင်တော့ မိမိလုပ်ဆောင်နေသမျှဟာ Browser ရဲ့ history ထဲကို ၀င်မသွားတော့ပါဘူး။
Safari
Mac ကနေ Safari အသုံးပြုနေတယ်ဆိုရင်တော့ Safari > Private Browsing ကို သွားပါ။
Firefox
Firefox main menu ကနေ New Private Window ကို ဖွင့်ပြီး အသုံးပြုပါ။
Maxthon
ညာဖက်အပေါ်ထောင့်ကနေ ဖွင့်ပြီး Private ဆိုတာလေးကို ရွေးပါ။ ဒါဆို Private Window ပွင့်လာပါမယ်။
၇) ဘယ်တော့မှ Keep me logged in ကို မရွေးထားပါနဲ့။
သင် Facebook ကို Login ၀င်တိုင်းမှာ တွေ့ပါလိမ့်မယ်။ Keep me logged in ဆိုတာလေးကို အမြဲတမ်း အမှန် ခြစ် ဖြုတ်ထားပေးပါ။ ပုံမှန်အတိုင်းလေးပဲ ၀င်ပါ။ ဒါဆို သင် Login ၀င်တဲ့အခါတိုင်းမှာ email နဲ့ password ကို တောင်းပါလိမ့်မယ်။
၈) Spam Links တွေကို ရှောင်ကြဉ်ပါ။
Facebook က Spam တွေနဲ့ပါတ်သက်လာရင် အရမ်းကို သတိထားရပါတယ်။ မလိုအပ်ဘဲ ၀င်ရောက်လာမယ့် money scams / phishing links / malicious links တွေရဲ့ သားကောင် မဖြစ်အောင် ရှောင်ကြဉ် ရပါမယ်။ တစ်ခါတလေ သင့်ရဲ့ အီးမေးထဲကို Facebook ကနေ အီးမေးတွေ ရောက်လာတတ်ပါတယ်။ အဲဒါမျိုးဟာ တစ်ခါတရံဟာ phishing website ကနေ ပေးပို့တာမျိုး ဖြစ်တတ်ပြီး သင့်ရဲ့ information တွေကို ရယူသွားတတ်ပါတယ်။
အဲလိုမျိုး အန္တရာယ်တွေရဲ့ သားကောင်မဖြစ်ဖို့ ရှောင်ကြဉ်ဖို့ နည်းလမ်းတွေအမျိုးမျိုးရှိပါတယ်။
- သံသယရှိတဲ့ link တွေ လက်ခံရရှိမယ်ဆိုရင် (သင့်သူငယ်ချင်းဆီကနေ လက်ခံရမယ်ဆိုရင်တောင်) အလွယ် တကူ မနှိပ်မိပါစေနဲ့။ အကယ်၍ သင့်သူငယ်ချင်းဆီကနေ ပို့တယ်ဆိုရင်လည်း အဲဒီ သူငယ်ချင်းကို မေးပါ။ ဘာလင့်လဲ။ ဘာပို့လိုက်တာလဲ စသည်ဖြင့်ပေါ့။ တစ်ခါတလေ ပို့တဲ့သူရဲ့ ပယောဂမပါဘဲ မိမိဆီကို ရောက်လာ တတ်ပါတယ်။ Facebook Chat ကနေသော်လည်းကောင်း၊ Messages ကနေသော်လည်းကောင်း၊ Post ပေါ်မှာ သော်လည်းကောင်း၊ အီးမေးထဲကိုသော် လည်းကောင်း ရောက်လာနိုင်ပါတယ်။
- သင့်ရဲ့ user name နဲ့ password ကို အလွယ်တကူ မပေးပါနဲ့။ သံသယရှိတဲ့ website တွေထဲကိုသော် လည်းကောင်း၊ link တွေထဲကိုသော်လည်းကောင်း လွယ်လွယ်နဲ့ မဖြည့်သွင်းပါနဲ့။ ထည့်သွင်းမိရင် အချိန်မရွေး သင့်ရဲ့ အကြောင်းချင်းရာ ကိုယ်ရေးကိုယ်တာ(personal information) တွေကို ရယူသွားနိုင်ပါတယ်။
- သင် ကွန်ပျူတာနဲ့ သုံးနေတယ်ဆိုရင် www.facebook.com ကနေ သုံးပါ။ တခြား ဘယ်လင့်ကနေ တဆင့်မှ facebook ကို မသုံးပါနဲ့။ Mobile Facebook app ကို သုံးမနေဘူးဆိုရင်ပေါ့ဗျာ။
- အမြဲတမ်း Browser ကို update လုပ်ပြီး security ပိုင်းကိုလည်း up-to-date ဖြစ်ပါစေ။ ဒါမှလည်း သံသယ ရှိတဲ့ phishing site တွေထဲကို ၀င်ရောက်နေမိတဲ့အခါ warning ပေးမှာပါ။
၉) Facebook သုံးပြီးတိုင်း Sign out လုပ်ပါ။
အမြဲတမ်းလည်း သတိထားရမယ့် အားလုံးထက် အရေးကြီးဆုံးလည်း ဖြစ်တဲ့အချက်ကတော့ Facebook ကို အသုံးပြုပြီးတိုင်း Log out လုပ်ဖို့ကို လုံးဝ မမေ့ပါနဲ့။
အဲဒီ ၉ ချက်နဲ့ကို သတိထားပြီး ပြုလုပ်ထား လိုက်နာမယ်ဆိုရင်တော့ Facebook ကို စိတ်ချလက်ချ အသုံးပြု နိုင်ပါပြီ။ ဘယ်လောက်ပဲ လုံခြုံတယ်ပြောပြော မရ,ရအောင် access ရယူမယ့်သူကတော့ အမြဲတမ်း ရှိနေတာပါပဲ။ အဲဒီလို လူမျိုး(Hacker/Attacker)တွေ အလွယ်တကူ မိမိရဲ့ အကောင့်ကို ရယူမသွားနိုင်အောင် လုံခြုံရေးကို အတတ်နိုင်ဆုံး ဂရုစိုက်ပါ။
ကျွန်တော်တို့ တင်ပြသွားတဲ့အထဲမှာ မပါဝင်တဲ့ Security ပိုင်းဆိုင်ရာ အချက်အလက်တွေ လုပ်ဆောင်ချက်တွေ ရှိနေသေးရင်လည်း Comment box မှာ ဖော်ပြပေးပါနော်။ သင့်ရဲ့ အကြံဉာဏ်ဟာ ကျွန်တော်တို့အတွက် အားဆေး တစ်ခွက်ပါပဲ။ အားလုံး အဆင်ပြေကြပါစေ။
ဆက်လက်မျှဝေပါဦးမည်။
ကျေးဇူးတင်စွာဖြင့်
iTFree4U
0 comments:
Post a Comment