1. Log Key-stoke (ကီးဘုတ်ခလုတ်ခုံမှ မှတ်တမ်းရယူခြင်း)
ဒါကတော့ Keylogger program တစ်ခုကို အသုံးပြုကာ ကွန်ပျူတာမှာ user ရိုက်သမျှစာတွေကို မှတ်ယူထားတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းနဲ့ user ရဲ့ ကိုယ်ရေးကိုယ်တာ မှတ်တမ်းတွေကို ရယူသွားနိုင်ပါတယ်။
2. Hack Password (စကားဝှက်စာလုံးများ ရယူခြင်း)
စကားဝှက်စာလုံးများ ရယူခြင်းနည်းလမ်း များစွာရှိပါတယ်။ အသုံးအများဆုံးနည်းလမ်းကတော့ SQL Injection နည်းနဲ့ user တွေ password အပေးအများဆုံးကို ခန့်မှန်း ၀င်ရောက်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ Dictionary Attack နဲ့ Brute Force Attack ဆိုပြီးတော့ နှစ်ပိုင်းခွဲခြားနိုင်ပါတယ်။ Dictionary Attack ဆိုတာက Dictionary ထဲမှာ ရှိတဲ့ စကားလုံးတွေ သွင်းထည့်ရင်း ၀င်ရောက်တဲ့နည်းလမ်း ဖြစ်ပါတယ်။ Brute Force Attack ဆိုတာကတော့ ကီးဘုတ်မှာ ပါဝင်တဲ့ စာလုံးတွေကို ပေါင်းစပ် တိုက်ခိုက် ၀င်ရောက်တဲ့ နည်းလမ်း ဖြစ်ပါတယ်။
3. Gain Backdoor (မလွယ်ပေါက်မှ ၀င်ရောက်ခြင်း)
ကွန်ပျူတာရဲ့ အားနည်းချက် ယိုကွက်/ဟာကွက်တွေကနေ ၀င်ရောက်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ ဒီနည်းနဲ့ ၀င်ရောက်ရာမှာလည်း အထက်က ဖော်ပြခဲ့တဲ့ Dictionary Attack နည်းနဲ့ Brute Force Attack နည်းတွေနဲ့ သုံးလေ့ရှိကြပါတယ်။
4. Create Bot net Computer (တစ္ဆေကွန်ယက်ဖန်တီးခြင်း)
ဒီနည်းကတော့ နိုင်ငံတ၀ှမ်းက ကွန်ပျူတာတွေဆီကို botnet ကွန်ပျူတာ virus ကူးစက်စေကာ မိမိလိုအပ်တဲ့ အချိန်ကျမှ သားကောင် server တွေကို တိုက်တဲ့နည်း ဖြစ်ပါတယ်။ ဒါကို Distribution Deny of Service Attack (DDoS) လို့ ခေါ်ပါတယ်။ DDoS ဖန်တီးထားတဲ့ Service တွေကို Hacker တွေဆီက မှောင်ခို ၀ယ်ယူ နိုင်ပါတယ်။
5. Phishing (အီးမေးများမှ ရယူခြင်း)
user တွေရဲ့ အီးမေးထဲကို အတုအယောင်စာတွေ ပေးပို့ပြီး မိမိလိုအပ်တဲ့ server ကို လာရောက်စေကာ password တွေ ရယူတဲ့နည်း ဖြစ်ပါတယ်။ ထို့အပြင် ကွန်ယက်ထဲကနေပြီး အီးမေးတွေကို ကြားဖြတ် ရယူနိုင် တဲ့နည်းတွေကိုလည်း အသုံးပြုကြပါတယ်။
Hacker တွေ ပြုလုပ်လေ့ရှိတဲ့ နည်းလမ်းများ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment