ဝမ်းသာစရာသတင်းတစ်ခုကို ပြန်လည် မျှဝေခြင်းမျှသာ ဖြစ်ပါတယ်။ ကျွန်တော်တို့လို Apple ချစ်သူအတွက် Jailbreak ကို စောင့်ရတာဟာလည်း ဒုက္ခတစ်ခုပါ။ iOS အသစ်တစ်ခု ထွက်တိုင်း update မလုပ် ရဲလောက် အောင်ပါပဲ။ ဘာကြောင့်လဲဆိုတော့ မြန်မာစာဖတ်မရတဲ့ ဒုက္ခတစ်ခုကြောင့်ပါ။ အခုတော့ မြန်မာ Developer ပညာရှင် Thant Thet က iOS 7 တွေအတွက် မြန်မာဖတ်နိုင်အောင် ဖန်တီးပေးလိုက်ပါပြီဗျာ။
ကျွန်တော်ကိုယ်တိုင် လက်ရှိ ၀မ်းသာအားရနဲ့ သုံးစွဲနေပါပြီဗျာ။ ဒါကြောင့် ကျွန်တော့်သူငယ်ချင်းများ Apple ချစ်သူများအတွက် တဆင့် ပြန်လည် မျှဝေလိုက်ပါတယ်။ မြန်မာနိုင်ငံသား Apple ချစ်သူများအားလုံး ကိုယ်စား ကျွန်တော် ဒီနေရာ ဒီ post လေးနဲ့ တီထွင်ပေးခဲ့သူ Thant Thet နဲ့ ထုတ်ဝေဖြန့်ချီပေးသူ Htain Lin Shwe တို့ကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်ခင်ဗျာ။
ကဲ ပြုလုပ်ပုံအဆင့်ဆင့်လေးကို ဖော်ပြပါရစေ။
၁) မိမိ iOS 7 ထည့်သွင်းထားတဲ့ iPhone / iPad ရဲ့ Safari မှာ အောက်ပါ လိပ်စာကို ရိုက်ထည့်လိုက်ပါ။
https://www.dropbox.com/s/zugfuz6n6u6dpwj/ZawgyiOne.mobileconfig
၂) အောက်ပါပုံအတိုင်း ပေါ်လာရင် Download ကို နှိပ်လိုက်ပါ။
၎) Install ပြီးသွားရင်တော့ Done ဆိုတာလေးကို နှိပ်လိုက်ပါ။
ကဲ နောက်ဆုံးမှာတော့ iOS 7 မှာ မြန်မာလို ဖတ်လို့ရသွားပါပြီဗျာ။ မြန်မာလို ရိုက်လို့ရဖို့ကိုတော့ ကြိုးစားနေဆဲ ပါတဲ့ဗျာ။ မကြာခင်မှာ သတင်းကောင်း ကြားရလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်ဗျာ။
ကျေးဇူးတင်စွာဖြင့်
iTFree4U
0 comments:
Post a Comment