တစ်ခါတလေ ကျွန်တော်တို့တွေ cyber cafe မှာသုံးတယ်။ သို့တည်းမဟုတ် သူငယ်ချင်းတစ်ယောက်ရဲ့ ကွန်ပျူတာ/ဖုန်းမှာ Facebook သုံးတယ်ဆိုပါစို့။ အဲဒီအခါမျိုးကျရင် Log out လုပ်ခဲ့ဖို့ မေ့တတ်ကြပါတယ်။ မပူပါနဲ့။ ဒီမှာ နည်းလမ်းလေးပါ။ ဘယ်ကွန်ပျူတာကနေ မဆို သင် Log out လုပ်ဖို့ မေ့ခဲ့တဲ့ Facebook အကောင့်ကို Log out လုပ်ကြည့်ကြမယ်။ အောက်က နည်းလမ်းလေးအတိုင်း သွားကြည့်ရအောင်။
အဆင့်(၁) သင့်ရဲ့ Facebook အကောင့်ကို Log in ၀င်ပါ။ (ဘယ်ကွန်ပျူတာကနေမဆိုပါ)
အဆင့်(၂) Account settings ကို သွားပါ။
အဆင့်(၃) Account security ကို နှိပ်ပါ။
အဆင့်(၄) ကဲ အောက်မှာ ဖော်ပြထားတဲ့ Details ကိုကြည့်ပါဦး။
Last Accessed:
Location:
Device Type:
အဲဒီ (၃)မျိုးပဲ ရှိနေရင် သင့်အကောင့်ဟာ လုံခြုံပါတယ်။ Log out ထွက်ပြီးသားပေါ့။
အကယ်၍ "end activity" ဆိုတာလေး ပိုနေမယ်ဆိုရင်တော့ အဓိပ္ပါယ်က သင့်အကောင့်က ဖွင့်လျှက်ပဲ ဆိုလိုတာပါ။ ဒါဆို အဲဒီ "end activity" ဆိုတာလေးကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ သင့်အကောင့်ကို သင်ဖွင့်ထားခဲ့မိတဲ့ နေရာကနေ Log out လုပ်လိုက်ပါပြီ။ ကဲ ဒါဆို စိတ်ချလက်ချ ရှိပါပြီဗျာ။
ကျေးဇူးတင်စွာဖြင့်
iTFree4U
0 comments:
Post a Comment