သင် ကွန်ပျူတာကို ညဖက် အသုံးပြုတဲ့အခါ Monitor ရဲ့ အလင်းရောင်ကို အရမ်း လင်းနေတယ်လို့ ထင်မြင်တတ် ပါတယ်။ အဲဒါဟာ သင့် Monitor ကြောင့် ဖြစ်တတ်သလို၊ သင့် မျက်လုံးကိုလည်း ထိခိုက် စေနိုင်ပါတယ်။ အဲဒီ အဖြစ်မျိုးက ကာကွယ်ဖို့ဆိုတာ သင့် ကွန်ပျူတာ Monitor ကို ချိန်ညှိပေးဖို့ လိုအပ်ပါတယ်။ ဒီ iBrightness လေး အဲလို ချိန်ညှိပေးတဲ့နေရာ အလို အသုံးဝင်တဲ့ Program လေးတစ်ခုပါ။ Monitor ရဲ့ အလင်း အမှောင်ကို Control Panel ကနေလည်း ချိန်ညှိပေးနိုင်ပါတယ်။ ဒါဟာ အင်မတန်ကို ရှည်လျားစွာ လုပ်ရမယ့် လုပ်ဆောင်ချက်တစ်ခုပါ။ အဲဒီတော့ ဒီ iBrightness လို Program ကို အသုံးပြုချင်းဟာ ပိုမို လွယ်ကူ မြန်ဆန် စေပါတယ်။
ဒေါင်းလိုက်တဲ့ .exe ဖိုင်ကို Install လုပ်လိုက်ရုံပါပဲ။ ပြီးတာနဲ့ System Tray မှာ ရောက်ရှိသွားပြီး Background ကနေ အမြဲတမ်း run နေပါမယ်။ Tray Icon လေးကို Right Click လေး နှိပ်လိုက်ရုံပါပဲ။ အဲဒီထဲမှာ Monitor ကို ပိတ်ပစ်လို့ရမယ်၊ Screen Saver ကို run လို့ရမယ်၊ Auto-Start ကို ပြုလုပ်ပေးနိုင်ပါမယ်။ အောက်မှာ ပြထားတဲ့ ပုံထဲက လိုပါပဲဗျာ။
ဒီ iBrightness လေးဟာ Windows Vista, Windows 7 နဲ့ Windows 8 တို့နဲ့လည်း အလုပ်လုပ်ပါတယ်။
လိုအပ်တယ်ဆိုရင်တော့ ဒီမှာ ဒေါင်းယူနိုင်ပါတယ်။
အားလုံးအဆင်ပြေကြပါစေ
iTFree4U








0 comments:
Post a Comment