no longer available ဖြစ်နေတဲ့ web content များကို ဘယ်လို access ရအောင်လုပ်မလဲ

တစ်ခါတလေ ကျွန်တော်တို့တွေ Internet ပေါ်မှာ လိုအပ်တဲ့ သတင်းအချက်အလက်တွေ ရှာဖွေတဲ့အခါမှာ ကျွန်တော်တို့ လိုချင်တဲ့ Site ကို ဖွင့်လိုက်ပေမယ့် အဲဒီ ဆိုဒ်ကို လိပ်စာပြောင်းလိုက်ပြီ (သို့မဟုတ်) content  တွေကို ဖျက်ပလိုက်ပြီ စသည်ဖြင့် error message တွေ ပေါ်လာတတ်ပါတယ်။ ဒီဆောင်းပါးလေး မှာတော့ အဲဒီလို ဖျက်ပလိုက်တဲ့ ဆိုဒ်တွေ၊ လိပ်စာပြောင်းသွားတဲ့ ဆိုဒ်တွေမှာ ပါဝင်တဲ့ web content တွေကို ကျွန်တော်တို့ ဘယ်လို access ရအောင် လုပ်မလဲဆိုတာလေးကို တင်ပြချင်ပါတယ်။

နည်းလမ်းကတော့ လွယ်ကူပါတယ်။ Web Archive ထဲကနေ ဆိုဒ်ရဲ့ old version data တွေကို access ရအောင် ရယူခြင်းဖြစ်ပါတယ်။ နည်းလမ်းအားဖြင့်တော့ Web Archive ထဲမှာ သင်လိုချင်တဲ့ Site ရဲ့ URL ကို ရိုက်ထည့်ပါ။ အဲဒီထဲမှာ သိမ်းထားဖူးတဲ့ ရက်စွဲတွေကို တွေ့ပါမယ်။ အဲဒီထဲက သင်လိုချင်တဲ့ ရက်စွဲကို ရွေးလိုက်တာနဲ့ ဆိုဒ်ထဲက Content တွေကို တွေ့ရမှာပါ။

ဒီနည်းလေးကတော့ သင်လိုချင်တဲ့ ဆိုဒ်တစ်ခုလုံး ဖျက်ပလိုက်တာမျိုး သို့တည်းမဟုတ် လိပ်စာပြောင်းသွား မျိုးဆို အင်မတန်ကို အသုံးတဲ့တဲ့ နည်းလမ်းလေးပါ။

အဲဒီတော့ မေးစရာရှိလာပါတယ်။ ဘယ် web archive က တိကျတဲ့ web content တွေကို သိမ်းထားပေး တာလဲ။

အဖြေကတော့ archive.org ပါ။ အဲဒီ Archive.org ကနေ အင်မတန် အိုဟောင်းနေတဲ့ old version web content တွေကိုတောင် သိမ်းဆည်းထားပါတယ်။

ကဲ ဘယ်လို လုပ်မလဲဆိုတဲ့ နည်းလမ်းလေးကို ကြည့်ရအောင် ....
အဆင့် (၁) web.archive.org ကို browser ရဲ့ address bar မှာ ရိုက်ထည့်ပြီး ဖွင့်ပါ။
အဆင့် (၂) Way Back Machine ဆိုတဲ့ အကွက်ထဲမှာ သင်လိုချင်တဲ့ဆိုဒ်ရဲ့ URL ကို ရိုက်ထည့်ပါ။
အဆင့် (၃) Browse History ကို နှိပ်ပါ။
အဆင့် (၄) လက်ရှိနှစ်ရဲ့ ပြက္ခဒိန်များနှင့်တကွ အဲဒီဆိုဒ်ကို သိမ်းထားတဲ့ ရက်စွဲများကို ဖော်ပြထားပါတယ်။ အဲဒီ ဆိုဒ်က အရမ်းကို အိုဟောင်းနေရင် အခြားနှစ်တွေရဲ့ တိကျတဲ့ရက်စွဲတေါကိုတောင် ပြန်လည် ရှာဖွေနိုင်ပါတယ်။
အဆင့် (၅) အဲဒီပြက္ခဒိန်တွေထဲကနေ သင်လိုချင်တဲ့ ရက်စွဲကို ရွေးချယ်ပေးလိုက်ပါ။

ကဲ နည်းလမ်းကတော့ ဒါလေးပါပဲ။ ဒါဆိုရင်တော့ သင်လိုချင်တဲ့ not available ဖြစ်နေတဲ့ web content တွေကို မြင်ရပါပြီဗျာ။ သင်ကိုယ်တိုင် ဆိုဒ်တွေရဲ့ အတိတ်တွေဆီကို ပြန်သွားပြီ ပျောက်ဆုံးနေတဲ့ အချက်အလက်၊ သတင်း၊ အတွေ့အကြုံတွေကို ကျွန်တော်တို့ကို မျှဝေပါဦးနော်။

ဆက်လက်မျှဝေပါဦးမည်။
ကျေးဇူးတင်စွာဖြင့်
iTFree4U

0 comments:

Post a Comment