MobiSystems က ထုတ်လုပ်တဲ့ ရုံးသုံး Application တွေထဲမှာ နာမည်ကြီး ဖြစ်တဲ့ Office Suite Pro ရဲ့ version အသစ်ပါ။ Word, Excel, Powerpoint ကို on the go ဖုန်းပေါ်မှာ တင်သုံးနိုင်ဖို့ အကောင်းဆုံး ဖန်တီးထားတဲ့အထဲမှာ Office Suite Pro ဟာလည်း တစ်ခုအပါအ၀င်ပါ။ ဒါ့အပြင် PDF ဖိုင်တွေကိုလည်း ကြည့်ရှုနိုင်ပြီး အီးမေးကနေတဆင့် ပေးပို့လာတဲ့ attachment ဖိုင်တွေကို တပြိုင်တည်း ဖွင့်ပြီး ကြည့်ရှု ပြင်ဆင် နိုင်မှာပါ။
version အသစ်မှာ ပိုမိုပါဝင်လာတာတွေကတော့ Side Bar Navigation ကနေတဆင့် ပိုမိုမြန်ဆန်စွာ မိမိလိုအပ်တဲ့ folder တွေ၊ cloud services တွေဆီကို ပြောင်းရွှေ့ သိမ်းဆည်းနိုင်ပါမယ်။ templates တွေပိုမိုပါဝင်လာပြီး resume (ကိုယ်ရေးရာဇ၀င်)၊ invoice(ဘောင်ချာ)ပိုင်းဆိုင်ရာ template တွေ ပိုမိုပါဝင်လာတာကို တွေ့ရပါတယ်။ နောက်ထပ် cloud services တစ်ခုအနေနဲ့ Microsoft SkyDrive, Google Drive တို့ပေါ်မှာ သိမ်းဆည်းနိုင်ပါတယ်။
ဖိုင်အမျိုးအစားတွေအနေနဲ့ -
Text format – DOC, DOCX, DOCM, RTF, TXT, LOG
Spreadsheet – XLS, XLSX, XLSM, CSV
Presentation – PPT, PPTX, PPS, PPSX, PPTM, PPSM
Other formats – PDF, EML, ZIP
တွေကို အသုံးပြုနိုင်ပါတယ်။
လိုအပ်လို့ ဒေါင်းယူမယ်ဆိုရင်တော့ ဒီနေရာမှာ ဒေါင်းယူနိုင်ပါတယ်။
ကျေးဇူးတင်စွာဖြင့်
မောင်မင်းသိန်း(ရန်ကုန်)
iTFree4U
0 comments:
Post a Comment