ဒီတစ်ခါတော့ စာအုပ်လေးတစ်အုပ်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ...။ ကျနော်စုဆောင်းထားသော စာတွေတော်တော်များများလဲ ရှိပါတယ်..။အဒေါင်းသမားလေး ဘဝက စုဆောင်းထားလာခဲ့တာပါ..။ အခုတော့ ပြန်လည်မျှဝေခွင့်လေး ကြုံတဲ့အတွက် ကျနော်မှာ ရှိသော နည်းပညာနှင့် ပတ်သက်သော အရာတွေအားလုံးကို ကျနော် မသေခင်လေးမှာ ပြန်လည်မျှဝေဖြစ်အောင် ကြိုးစားသွားပါမည်..။ ကျနော်လဲ ဆိုဒ်တွေက လိုက်ဒေါင်းပြီး စုထားတာဆိုတော့ ဘယ်စာအုပ်ကို ဘယ်ဆိုဒ်က ဒေါင်းထားမှန်းမမှတ်မိတော့တဲ့ အတွက် Credit ပေးရမှာ မဝေခွဲနိုင်ဖြစ်နေလို့ စာအုပ်ပြုစု ရေးသားသော ဆရာကိုသာ Credit ပေးထားတာကို နားလည်ပေးကြပါလို့ မေတ္တရပ်ခံပါစေခင်ဗျာ...။
အခုစာအုပ်လေးကိုတော့ ဦးသောင်းဝင်း(ပန်းချယ်ရီ) မှ ပြုရေးသားထားသော Learning Web Design ဆိုတဲ့ စာအုပ်လေးဖြစ်ပါတယ်ခင်ဗျာ။ စာအုပ်လေးမှာ စာမျက်နှာပေါင်း 170 ပါဝင်ပြီး
1. web တစ်ခု၏ အခြေခံလုပ်ဆောင်ချက်များ
2. Web ပေါ်တွင် စာမျက်နှာ တစ်ခု ( Web Page ) တစ်ခုကို ဘယ်လိုရယူမလဲ
3. Web Design နှင့် Paint Design ဘယ်လိုကွာခြားချက်ရှိလဲ
4. Web ဒီဇိုင်းအတွက် လိုအပ်ချက်များကို စီစဉ်ဆောင်ရွက်ချက်များ
5. HTML ကို ဘယ်လိုသုံးမလဲ
6. Link,Table,Frame, Graphic Elements, Web Color တွေကို ဘယ်လို ထည့်သွင်းမလဲ
ဆိုတာနှင့် Web Page တစ်ခုကို ကိုယ်တိုင်ဖန်တီး နိုင်အောင် အခန်းခွဲ 19 ခန်း ခွဲပြီး ရေးသား ဖော်ပြထားတာကို လေ့လာ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ...။ လိုအပ်သော သူငယ်ချင်းများ အောက်မှာ ဒေါင်းယူနိုင်ပါတယ်ခင်ဗျာ။ ဆက်လက်မျှဝေပါဦးမည်.....








0 comments:
Post a Comment