မိမိ Wifi Network ကို ဘယ်လို ကာကွယ်မလဲ (Windows 7 and Windows 8)

တော်တော်များများသော အသုံးပြုသူတွေဟာ မိမိရဲ့ Wifi Network ကို တလွဲ အသုံးပြုမိ မှာနဲ့ ဘေးပတ် ၀န်းကျင်က ခိုးယူ သုံးစွဲမှာကို စိုးရိမ်လေ့ရှိကြပါတယ်။ အများပတ်ဝန်းကျင်က ကိုယ့် Wifi ကို သုံး၊ bill ပေးတော့ ကိုယ်က ပေးဆိုတော့လည်း ဘယ်သူက မစိုးရိမ်ဘဲ နေလိမ့်မလဲ။ အဲဒီတော့ မိမိရဲ့ Wifi Network ဘယ်လို လုံခြုံအောင် ကာကွယ်ရမလဲဆိုတာ လေးကို အခြေခံနည်းလမ်းလေးအချို့ကို ဖော်ပြလိုက်ပါတယ်။

မိမိရဲ့ Wifi ကို ပုံမှန်နည်းအတိုင်းလေးပဲ ကွန်ပျူတာနဲ့ ချိပ်ဆက်လိုက်ပါ။ ပြီးတာနဲ့ START Menu ကနေ Run ကို ဖွင့်ပါ။ အဲဒီ Run Box ထဲမှာ 'cmd' လို့ ရိုက်ထည့်လိုက်ပါ။ ဒါဆို MS-DOS Window ပွင့်လာပါလိမ့်မယ်။ ပြီးတာနဲ့ အောက်ပါ command လေးကို ရိုက်ထည့်လိုက်ပါ။
    ipconfig/all (အောက်မှာ နမူနာကြည့်ပါ)

ပေါ်လာတဲ့အကွက်ထဲက Wireless Network Connection ကို ရှာပါ။ အဲဒီအောက်မှာ Default Gateway ဆိုတဲ့ နာမည်နဲ့ IP Address ကို ဖော်ပြထားကို တွေ့ပါလိမ့်မယ်။ အဲဒါဟာ သင့် router ရဲ့ IP Address ပါ။ ဥပမာအားဖြင့် - ကျွန်တော်ကတော့ ဖျောက်ထားပါတယ်။ သင့်ရဲ့ ကွန်ပျူတာမှာတော့ သင့်ရဲ့ IP Address ကို တွေ့ပါလိမ့်မယ်။ နမူနာအားဖြင့် 192.168.0.1 ဆိုပါစို့ဗျာ။

ဒါဆို အဲဒီ IP Address ကို ကူးလိုက်ပါ။ Browser ကို ဖွင့်ပြီး URL address bar မှာ အဲဒီနံပါတ်ကို ရိုက်ထည့်လိုက်ပါ။ ဒါဆို သင့် router ရဲ့ settings ဆီကို ရောက်ရှိသွားပါလိမ့်မယ်။ ဒါဆို ၀င်ဝင်ချင်း user name နဲ့ password ကို မေးပါလိမ့်မယ်။ Router ရဲ့ Provider/Manufacturer ပေါ်မူတည်ပြီး user name နဲ့ password က ပြောင်းလဲနိုင်ပါတယ်။ ဒါပေမယ့် အများအားဖြင့်တော့ default အားဖြင့် user name ရော password ရော 'admin' ဆိုတော့ admin လို့ ၂ ကွက်စလုံးမှာ ရိုက်ထည့်လိုက်ပါ။
log in ၀င်ပြီးသွားပြီဆိုရင်တော့ wifi settings ကို ချိန်းလို့ ရပါပြီ။ Password ခံထားခြင်းဟာ သင့်ရဲ့ data လုံခြုံမှုအတွက် စိတ်ချရတဲ့နည်းလမ်းပါ။ WEP သို့မဟုတ် WAP security ထက်ကို WPA-2-PSK ကို အသုံးပြုတာဟာ ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ WPA-2-PSK ထဲမှာ အင်မတန် ကောင်းမွန်တဲ့ password ပေးထားမယ်ဆိုရင် သင့် Wifi Network ကို အကောင်းဆုံးနဲ့ အလုံခြုံဆုံး ကာကွယ်ပေးနိုင်လို့ပါပဲ။
နောက်တစ်ခုအရေးကြီးတာကတော့ SSID လို့ခေါ်တဲ့ သင့် Wifi Network ရဲ့နာမည်ကို ပြောင်းဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခိုးဖောက် ယူမယ့်သူက ဒါဟာ သင့်ရဲ့ Network လားဆိုတာ စဉ်းစား မရအောင် လမ်းလွှဲခြင်းတစ်မျိုးပါပဲ။ နာမည်ပြောင်းတာဟာ သင့် Wifi Network ရဲ့ လုံခြုံရေးအတွက် စိတ်အချဆုံး မဟုတ်ပေမယ့် ပြောင်းထားခြင်းအားဖြင့် ခိုးဖောက်ယူမယ့် သူဟာ သင့်ကို ကျွမ်းကျင်သူ တစ်ယောက်အဖြစ် အထင်မှတ်လာအောင် လမ်းလွှဲထားတဲ့သဘောပါ။ ပြောင်းမယ်ဆိုရင်တော့ Wifi Router Settings ထဲက SSID Network ကို ရှာပြီး နာမည်ကို ပြောင်းလိုက်ပါ။
ကျွမ်းကျင်တဲ့ အသုံးပြုသူတွေကို အကြံပြုချင်တာကတော့ MAC Address Filtering ကို enable လုပ်ထား စေချင်ပါတယ်။ မိမိအသုံးပြုမယ့် laptop, tablet, phone တွေရဲ့ MAC Address ကို ရိုက်ထည့် ထားဖို့ပါပဲ။ ဒါဆို ထိုးဖောက်ယူမယ့်သူရဲ့ ရန်ကို ပိုမို ကာကွယ်နိုင်ပါတယ်။
အထက်က ဖော်ပြခဲ့တဲ့ နည်းလမ်းတွေကတော့ သင့် Wifi Network ကို လုံခြုံအောင် ထိန်းသိမ်းကာကွယ် ထားရမယ့် နည်းလမ်းတွေပါ။ ဒါပေမယ့် အမြဲတမ်း သတိထားရမယ့် အချက်ကတော့ တကယ် ထိုးဖောက် မယ့်သူကတော့ နည်းလမ်းအသွယ်သွယ်ကို အသုံးပြုပြီး ထိုးဖောက်နိုင်တယ် ဆိုတာပါပဲ။ အဲဒီတော့ အကောင်းဆုံး အကြံပေးချင်တာကတော့ ဖြစ်နိုင်ရင် ပိုမိုလုံခြုံစိတ်ချရတဲ့ Password ခပ်ရှည်ရှည်လေးပေး၊ Letter, Number, Capital တွေ စုံလင်စွာ ပါအောင်ပေး၊ တစ်ပါတ်တစ်ခါသော်လည်းကောင်း၊ တစ်လ တစ်ခါ သော်လည်းကောင်း ပုံမှန်  password ပြောင်းပေး စတဲ့ နည်းလမ်းတွေနဲ့ ကာကွယ်နိုင်ပါတယ်လို့ အကြံပြုချင်ပါတယ်။

အလုံခြုံဆုံး Password တစ်ခု ဘယ်လို ဖန်တီးမလဲဆိုတဲ့ နည်းလမ်းကိုလည်း ဒီနေရာမှာ သွားရောက် လေ့လာနိုင်ပါတယ်။

ကျေးဇူးတင်စွာဖြင့်
iTFree4U

0 comments:

Post a Comment