https://www.tusfiles.net/ မှ ဒေါင်းလော့ဆွဲနည်း

ဒေါင်းလော့ လုပ်တဲ့နေရာမှာ ဆိုဒ်တစ်ဆိုဒ်နှင့် တစ်ဆိုဒ် ဒေါင်းလော့ လုပ်ရတာ မတူတာလေးတွေရှိပါတယ်။ အခုမှ Online ကိုစတင်သုံးစွဲသူညီငယ် ညီမငယ်များ ဒေါင်းလော့ဆွဲရာမှာ အဆင် မပြေတာလေးတွေ ရှိနိုင်မယ်ဆိုတဲ့ အတွေးလေးနဲ့ ဒေါင်းလော့လုပ်နည်း အကြောင်းလေးတွေကို
Hosting အသုံးများသော ဆိုဒ်သော ဆိုဒ်များကို တစ်ခုချင်း တင်ပေးရင်ကောင်းမှာပဲဆိုတဲ့ အတွေးလေးပိုလာလို့ အခု Post လေးကို စတင်ရေးသားလိုက်ပါတယ်..။ သိတဲ့သူတွေအတွက် အရေးမပါပေမယ့် အခုမှ စတင်လေ့လာသုံးစွဲတဲ့ ညီငယ် ညီမငယ်လေးများ မသိကြသေးတဲ့ သူငယ်ချင်းများအတွက် ရည်ရွယ်ပြီး ရေးလိုက်ပါတယ်။
ဒီနေ့မှာတော့ TUSFILES https://www.tusfiles.net/ ကဒေါင်းလော့ ဆွဲနည်းလေးကို တင်ပြလိုက်ပါတယ်။

  • https://www.tusfiles.net/ မှာ ဒေါင်းလော့ဆွဲ ရတော့မယ်ဆို ကိုယ်ဒေါင်းချင်တဲ့ ဖိုင်လေးက https://www.tusfiles.net/ မှာတင်ထားတယ် ဆိုရင်တော့ အောက်မှာ Screenshot ရိုက်ပြီး တင်ပေးထားပါတယ်။
အရင်ဆုံး Use our download manager and get recommended downloads ဆိုတဲ့ စာသားလေးရှေ့က အမှန်ခြစ်လေးကို ဖြုတ်ပေးပါ...။ မဖြုတ်ဘူးဆိုရင်တော့ မိမိလိုချင်တဲ့ File ကို https://www.tusfiles.net/ ကထုတ်လုပ်ထားတဲ့ download manager နဲ့ မိမိလိုချင်တဲ့ File ကို ဒေါင်းမယ်ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်...။ဖြုတ်လိုက်ရင်တော့ ကျနော်တို့ ကန်ပူတာမှာ သွင်းထားတဲ့ IDM တိုလို့ မိမိ ကန်ပူတာမှာ သုံးနေတဲ့ download manager နဲ့ လိုချင်တဲ့ဖိုင်ကို ဒေါင်းမယ်ဆိုတဲ့ သဘောပဲဖြစ်ပါတယ်...။

အမှန်ခြစ်လေးကို ဖြုတ်ပြီးတဲ့နောက်မှာတော့ Direct Download Link ဆိုတာလေးကို ကလစ်လိုက်ပါ..။
New Tab တွေ နှစ်ခု သုံးခုလောက် တတ်လာတတ်ပါတယ်...။ ဒါကတော့ သူ့ဆိုဒ်ရဲ့ ကြော်ငြာကလစ်များဖြစ်ပါတယ်...။ အသစ်ဖွင့်လာတဲ့ New Tab တွေကို ပြန်ပိတ်လိုက်လို့ ရပါတယ်..။ ပြီးရင်တော့ စက္ကန့်အနည်းငယ်ကြာတဲ့ အခါမှာ မိမိဒေါင်းလိုတဲ့ File က မိမိ computer မှာ download manager နဲ့ ဒေါင်းလော့ဆွဲနေတာကို တွေ့မှာ ဖြစ်ပါတယ် .....။

သိပြီးသား ညီအကို မောင်နှမများ များပါတယ်...။ ကျနော်ရည်ရွယ်တာက Self-stuy  လုပ်နေကြတဲ့ မသိသေးသော ညီငယ်များ ညီမငယ်များ သင်တန်းတွေတတ်ဖို့ အတွက် အခွင့်အရေး မရခဲ့တဲ့ သူများအတွက်ပါ...။ ကျနော်ကိုယ်တိုင်လဲ သင်တန်းတက်ခွင့်မရခဲ့တာကြောင့် ကျနော့်ကဲ့သို့သော ညီငယ် ညီမငယ်လေးများ အတွက် အထောက်အကူလေးများ ဖြစ်စေပါကြောင်း ဆန္ဒဖြင့် ရေးသားလိုက်ရခြင်းသာဖြစ်ပါသည်...။ဆက်လက် တင်ပြပါဦးမည်...။

အားလုံးသော သင်ဆရာ မြင်ဆရာ အွန်လိုင်းဆရာများ နှင့် သူငယ်ချင်းများကို အစဉ်လေးစားလျှက်
မောင်အေးလွင် (ဘူးရေမျက်ရွာ)


ဒါလေးကို ဖတ်ပေးပါဒီဘလော့လေးသည် ဘူးရေမျက်ရွာ (wall.fm) ဆိုဒ်လေးမှ တည်ထောင်ထားပါသည် ဘာကြောင့်လဲဆိုတော့ wall.fm ဆိုဒ်များ free မရတော့လျှင် ယ္ခုဘလော့တွင် ဆက်လက်မျှဝေသွားနိုင်ရန် စီစဉ်ထားခြင်းဖြစ်ပါသည်


0 comments:

Post a Comment