မိမိဘလော့အား ပြင်ဆင်ခြင်း

  • ကျနော်ပြောချင်တာလေးက မိမိ၏ ဘလော့လေးကို ဝင်ကြည့်တဲ့သူများ အဆင်ပြေအောင် လုပ်ဆောင်ထားသင့်တဲ့ နည်းလမ်းအချို့ ဖြစ်ပါတယ်။ ကျနော်တတ်ကျွမ်းလို့ ပြောခြင်း မဟုတ်ပါ. သိတာလေးတွေကို မျှဝေ ခြင်းမျှသာဖြစ်ပါတယ် ခင်ဗျာ...။ ဝင်ကြည့်တဲ့ သူတိုင်း အဆင်ပြေစေရန် အောက်ပါ အချက်များအား ပြင်ဆင်ထားသင့်ပါတယ်။ တချို့သော blogger ဆိုဒ်များကို ဝင်ကြည့်ရာမှာ Loading Time က အချိန်တော်တော် များများပေးစောင့်ကြည့်ရပါတယ်။ connection ကောင်းတဲ့ သူတွေတော့ မကြာပေမယ် connection မကောင်းတဲ့ သူတွေအတွက်တော့ ဒီအချက်ဟာ အင်မတန် စိတ်ကို ကသိကအောက်ဖြစ်စေတယ် ဆိုတာ ကြုံဖူးသူတိုင်း ခံစားဖူးကြမှာပါ..။ ဒီတော့ ကျနော်တို့ ကိုယ့် ဘလော့လေးကို လာကြည့်တဲ့ သူတိုင်းကို အဆင်ပြေစေချင်တာဟာ blogger တိုင်း၏ ရင်ထဲက ခံစားချက်ရယ်ပါ။ ဒီတော့ ကျနော်တို့ ကိုယ့်ဘလော့လေးကို Loading အချိန်မကြာရအောင်အောက်ပါ အချက်များကို လုပ်ထားသင့်တယ်လို့ ထင်လို့ ဒီစာလေးကို ရေးလိုက်တာဖြစ်ပါတယ်။ကျနော် blogger များအား ဆရာလုပ်ခြင်း မလုပ်ပါ။ကျနော်ကိုယ်တိုင်ကလဲ ဘာကိုမှ ရေရေ ရာရာ မတတ်သေးပါဆိုတာကို ဝန်ခံပါတယ်ခင်ဗျာ...။ လိုအပ်နောက်ထပ်အချက်အလက်များကိုလဲ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ် ခင်ဗျာ...။

  • ရှောင်ရန်ဆောင်ရန်များ

  • ပုံ Size ကြီးသော ပုံများအား အသုံးပြုခြင်း ရှောင်ရန်
  • တခြားသော Hosting Site မှာ တင်ထားသော ပုံများကို အသုံပြုခြင်း ရှောင်ရန်
  • တခြား Hosting Site ကိုသုံးချင်လျှင် http://imageshack.us/ ကို သုံးသင့်ပါသည် ဆောင်ရန်
  • gif animation ပုံ များများ သုံးခြင်း ရှောင်ရန်
  • Template အလှဆင်ရန် Script များကို များများ အသုံးပြုခြင်း
  • widget မှာတင်တွင် size သေးသော ပုံများကိုသာ သုံးခြင်း
  • အသုံးပြုမည့်ပုံအား မိမိဘလော့တွင် Upload တင်ပြီးသုံးခြင်း
  • ဆိုဒ်အား ပြင်ဆင်ရာတွင် Css များအကို ဦးစားပေး ပြင်ဆင်ခြင်း



အပေါ်က ပြောခဲ့သော အချို့သော လုပ်ဆောင်သင့်သော အကြောင်းအရာများ ဖြစ်ပါသည်။ ထိုအကြောင်းအရာများအား အတိုင်းလုပ်ထားလျှင်တော့ ကျနော်တို့ မြန်မာမှ လိုင်းမကောင်းပဲ
သုံးနေကြရသော သူငယ်ချင်းတွေ အတွက်ပါ အဆင်စေမည်ဟု မျှော်လင့်ရင်း ယခုလို့ ဆွေးနွေးလိုက်တာပါ။ နောက်လိုအပ်သည်များကို လဲ ဝင်ရောက်ဆွေးနွေးပေးပါဦး




    ဒါလေးကို ဖတ်ပေးပါဒီဘလော့လေးသည် ဘူးရေမျက်ရွာ (wall.fm) ဆိုဒ်လေးမှ တည်ထောင်ထားပါသည် ဘာကြောင့်လဲဆိုတော့ wall.fm ဆိုဒ်များ free မရတော့လျှင် ယ္ခုဘလော့တွင် ဆက်လက်မျှဝေသွားနိုင်ရန် စီစဉ်ထားခြင်းဖြစ်ပါသည်

    0 comments:

    Post a Comment