PKparis
လို့အမည်ရတဲ့ USB flash drive ဖြစ်ပြီး ကမ္ဘာ့အသေးဆုံး အဖြစ်
စံချိန်တင်လိုက် ပါတယ်။ အရွယ်သာ သေးတာပါ။ စွမ်းဆောင်ရည် မနည်းပါဘူး။ 32 GB နဲ့ 64 GB ဗားရှင်း ၂ မျိုးထုတ်လုပ်ထားပါတယ်။ ဈေးနှန်ုးကလည်း ၄၈
ဒေါ်လာနဲ့ ၈၉ ဒေါ်လာ ဆီ ကျသင့်မှာ ဖြစ်ပါတယ်။ တစ်စက္ကန့်ကို 140 MB ပို့/ယူ
နိုင်စွမ်း ရှိပါတယ်။ USB 3.0 နဲ့ဆိုရင် Full speed ရပြီး 2.0 ဆိုရင်တော့
full speed မရ နိုင်ပါဘူး။ LED မီးလုံးသေးပါရှိပြီး Device ကို
အသုံးပြုနေချိန် spinning ဖြစ်နေတဲ့အခါ မီးလင်းနေမှာ ဖြစ်ပါတယ်။
အလူမီနီယံသားနဲ့ ပြုလုပ်ထား ပါတယ်။ သေးပေမယ့် သန်သန်မာမာ ရှိတဲ့ Flash
Drive ဖြစ်ကြောင်း ထုတ်လုပ်သူ တို့က ဆိုပါတယ်။ Chrome book တို့လို SSD
onboard နည်းတဲ့ လပ်တော့များအတွက်ဆိုရင် ပုံသေထိုးပြီး
အသုံးပြုနိုင်လောက်အောင် ကောင်းမွန်ကြောင်း ဆိုပါတယ်။ ယင်း USB ကို
အွန်လိုင်းကနေ ဝယ်ယူချင်သူများ အောက်ပါလခ့်မှာ ဝင်ရောက် လေ့ လာ နိုင်ပါတယ်။
http://goo.gl/TQtYdY
Aung Kham ( TSJ Team )
http://blog.techspace.com.mm/2013/10/usb-flash-drive.html
(Techspace ဂျာနယ်မှ ကူးယူဖော်ပြသည်။)
0 comments:
Post a Comment