ဘာအလုပ်ပဲ လုပ်လုပ်၊ ဘယ်အလုပ်မှာပဲ ဖြစ်ဖြစ် အဓိကအရေးကြီးတာက Team Work ရယ်၊ Goal ရယ်၊ ပြင်းပြတဲ့ ဆန္ဒရယ် ပေါင်းစည်းထားရင် လောကမှာ မအောင်မြင်တဲ့အလုပ်ဆိုတာ မရှိပါဘူး။ ဒီအကြောင်းလေးကို ဒီဇာတ်ကားမှာ တွေ့ရမှာပါ။ Hip-Hop ဂီတရဲ့ ရင်းမြစ်ပေါ်ပေါက်ရာ US of A ကို အဲဒီဂီတကို ပြန်လည် သယ်ယူလာဖို့ ကြိုးစားရင်း သူတို့ရဲ့အိပ်မက် Battle of the Year Champion ဖြစ်လာဖို့ 'I' ဆိုတာ ပျောက်ပြီး 'We' ဆိုတဲ့ စိတ်ဓာတ်နဲ့ ဘယ်လို ကြိုးစားသွားတယ်ဆိုတာ Hip-Hop Underground အကတွေနဲ့အတူ အပြည့်အ၀ ခံစားရမယ့် ဇာတ်ကားကောင်းတစ်ကားပါ။ ကျွန်တော်ကတော့ ဒီလိုဇာတ်ကားမျိုးလေးတွေကို တော်တော်ကို သဘောကျတယ်ဗျ။ ဇာတ်ကားထက်ကို ဇာတ်ကားထဲက ပေးလိုက်တဲ့ စိတ်ဓါတ်ခွန်အားကို ရလိုက်လို့ပါ။ ကဲသူငယ်ချင်းတို့ ကြည့်ဖြစ်အောင် ကြည့်လိုက်နော်။
ကျွန်တော်တို့ ဆိုဒ်ရဲ့ ထုံးစံအတိုင်း ဇာတ်ကားကောင်းကို ဦးစားပေးတင်တာရယ်၊ အင်္ဂလိပ်စာ လေ့လာလို သူ သူငယ်ချင်းများအတွက် ရည်ရွယ်တာရယ်ကြောင့် Blu-Ray ဇာတ်ကား၊ အင်္ဂလိပ်စာတမ်းထိုးတွေကိုပဲ တင်ပေးသွားမှာပါ။ ဒေါင်းရလွယ်ကူအောင်ကတော့ အပိုင်းတွေ ခွဲပေးထားပါတယ်။
B a t t l e o f T h e Y e a r ( 2 0 1 3 )
ဆက်လက်မျှဝေပါဦးမည်။
ကျေးဇူးတင်စွာဖြင့်
iTFree4U
0 comments:
Post a Comment