IDM Was Registered With a Fake Serial Number Error ဖြေရှင်းနည်း

အားလုံး သိကြတဲ့အတိုင်းပါပဲ။ IDM ဆိုတာ ကမ္ဘာ့အကောင်းဆုံး နံပါတ်(၁) Download Manager တစ်ခုအဖြစ် တချိန်လုံး ရပ်တည်နေခဲ့တာပါ။ Freeware မဟုတ်ပေမယ့် Cracker တွေ၊ Patch maker တွေ ရဲ့ ကျေးဇူးကြောင့် ၀ယ်သုံးစရာမလိုဘဲ ကျွန်တော်တို့ အလကားသုံးစွဲခွင့်ရခဲ့ကြပါတယ်။ ပြီးတော့ အားလုံး အဆင်ပြေပြေ Crack, Patch တွေနဲ့ အသုံးပြုရတာ အဆင်ပြေနေခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်အနည်းငယ်ကစပြီး Nov 09, 2013 ရက်နေ့ ထုတ်လုပ်လိုက်တဲ့ Version 6.18 Build 7 ကနေစပြီး ပြသနာ စတက်ခဲ့တာပါ။ စသွင်းတုန်းကတော့ အိုကေပါတယ်။ ပြီးတာ မိနစ်တိုင်း ဒီ Error message ကြီး တက် လာတာပါပဲ။

ကဲ ဘယ်လို ရှင်းကြမလဲ။ ဖြေရှင်းနည်းလမ်းလည်း ကုန်သလောက်ပါပဲ။ ဘာတစ်ခုမှ အဆင်မပြေဘူးဗျာ။ ကဲ တစ်ခုခုတော့ စဉ်းစားဖို့ အချိန်တန်ပြီထင်တယ်။ ကဲ ဒီနည်းလမ်းလေးကို ကျွန်တော်ကိုယ်တိုင် စမ်းကြည့်ပြီးပါပြီ။ တကယ် အိုကေသွားပါတယ်ဗျာ။ ဘာ error message မှ ထပ်တက်မလာတော့ဘူးဗျ။ ဒါကြောင့် သူငယ်ချင်းတို့ကို ပြန်လည်မျှဝေလိုက်ခြင်းဖြစ်ပါတယ်။

ဖြေရှင်းနည်းလေးက လွယ်ပါတယ်ဗျာ။ IDM ကို ပုံမှန်အတိုင်း crack, patch တွေနဲ့ သွင်းလိုက်ပါ။ သွင်းပြီးရင်တော့ Installation Folder [C:\Program Files(x86)\Internet Download Manager] ထဲဝင်လိုက်ပါ။ အဲဒီ folder ထဲက "IDMGrHlp.exe" ဖိုင်လေးကို rename(ကြိုက်တဲ့နာမည်ပြန်ပေး) လုပ်ရင်လုပ်၊ မဟုတ်ရင်  ဖျက်သာ ဖျက်ပလိုက်။ ဆန္ဒရှိတာသာ လုပ်ပလိုက်ပါ။

ခဏနေဦးဗျ။ တစ်ခုတော့ ရှိတယ်။ အဲဒီ ဖိုင်လေးကို ဖျက်ပလိုက်ရင်တော့ "IDM cannot find 1 files that are necessary for browser and system integration. Please reinstall IDM" ဆိုတဲ့ စာတမ်းကြီးတော့ တက်လာတယ်ဗျ။ အဲဒါမျိုးလေး မကြုံချင်ရင်တော့ .exe ဖိုင်တစ်ခုခုကို IDMGrHlp.exe နာမည်လေးပေးပြီး replace လုပ်ပေးလိုက်ပါ။ ကျွန်တော်ကတော့ "idmBroker.exe" ဖိုင်လေးကို ဖန်တီးပြီး IDMGrHlp.exe ဆို နာမည်ပေးပြီး ပြန်ထည့် လိုက်တယ်။ ဘာမှ တက်မလာတော့ဘူး။ 100% အိုကေသွားတယ်ဗျာ။ ကဲ ဘယ်လောက်လွယ်လဲနော်။ အားလုံး အဆင်ပြေကြပါစေဗျာ။


မူရင်းလင့် - How to Solve IDM Was Registered With a Fake Serial Number Error

ဆက်လက်မျှဝေပါဦးမည်။
ကျေးဇူးတင်စွာဖြင့်
iTFree4U

0 comments:

Post a Comment