Samsung Galaxy Ace GT-S5830i ကို root လုပ်ကြရအောင်


မှတ်ချက် - ဒီနည်းလမ်းလေးက Galaxy Ace GT-S5830i အတွက်သီးသန့်ပါ။ Galaxy Ace GT-S5830 ကို အသုံးမပြုပါနဲ့။

ဘယ်လို root လုပ်မလဲ။
၁) ဒါလေးကို အရင်ဒေါင်းပါ။
၂) update.zip ဆိုတဲ့ ဖိုင်ကို SD Card ရဲ့ main directory ထဲကို ထည့်ပါ။
၃) ဖုန်းကို ပါဝါပိတ်လိုက်ပါ။
၎) POWER + VOLUME UP + HOME ခလုတ်တွေကို တွဲနှိပ်ပြီး Recovery ထဲကို ၀င်ပါ။
၅) Recover mode ထဲရောက်ရင် Install zip from SD Card ကို ရွေးလိုက်ပါ။
၆) ပြီးရင်တော့ update.zip ကို ရွေးပါ။
၇) ပြီးရင်တော့ ဖုန်းကို reboot ပြန်လုပ်လိုက်ပါ။ ဒါဆို ဖုန်းရဲ့ App Menu ထဲမှာ SuperSU လေးကို တွေ့ရပါပြီဗျာ။

Unroot ဘယ်လို ပြန်လုပ်မလဲ။
၁) ဒီနေရာ ကနေ Unroot.zip လေးကို ဒေါင်းပါ။
၂) အထက်က root လုပ်တဲ့ နည်းလမ်းအတိုင်း တိတိကျကျ ပြန်လုပ်လိုက်ပါ။ SD Card ထဲထည့်၊ Recovery mode ထဲဝင်၊ install zip ကိုရွေး၊ reboot လုပ်လိုက်ရင် ရပါပြီ။

ClockWorkRecovery သွင်းခြင်း
၁) ClockWorkRec5830i.zip လေးကို ဒီနေရာ ကနေ ဒေါင်းယူပါ။
၂) ရလာတဲ့ဖိုင်ကို SD Card ရဲ့ Main Directory ထဲထည့်ပါ။
၃) Recovery Mode ထဲဝင်ပြီး install from SD Card ထဲရွေးပါ။
၎) ClockWorkRec5830i.zip လေးကို ရွေးပေးလိုက်ပါ။
၅) ဒါဆို ရသွားပါပြီ။ တစ်ခုတော့ သတိထားပါ။ အဲဒီဖိုင်လေးကိုတော့ မဖျက်ပလိုက်နဲ့ပေါ့ဗျာ။ လိုအပ်နေသ၍ ပြန်သုံးလို့ ရတာပေါ့။

Odin v1.85 ဖြင့် flash လုပ်ခြင်း
၁) ဖုန်းကို ပိတ်ပြီး Download Mode ထဲကို POWER + VOLUME DOWN + VOLUME UP ခလုတ်တွေကို တပြိုင်တည်းနှိပ်ပြီး ၀င်လိုက်ပါ။
၂) Odin v1.85 ကို Run As Administrator နဲ့ run လိုက်ပါ။ ဖုန်းကို ကွန်ပျူတာနဲ့ ချိပ်ဆက်လိုက်ပါ။
၃) Firmware ဖိုင်လေးကို PDA ဆိုတဲ့နေရာမှာ ထည့်ပါ။ (တခြား setting တွေ လုံးဝ မပြောင်းပါနဲ့)
[သူနဲ့ သက်ဆိုင်တဲ့ Firmwares တွေကို ဒီနေရာမှာ ရှာပြီး ဒေါင်းနိုင်ပါတယ်]
၎) ပြီးရင်တော့ Start ကို နှိပ်ပါ။ ဖုန်းကို မပိတ်လိုက်ပါနဲ့။ ကွန်ပျူတာကိုလည်း မပိတ်လိုက်ပါနဲ့။ အားလုံး ပြီးဆုံးပြီး Pass ဖြစ်တဲ့အထိ စောင့်ပါ။ သူအလိုလို ဖုန်းက Reboot ပြန်တက်လာပါလိမ့်မယ်။ ပထမဆုံးအကြိမ်ဆို နည်းနည်း ကြာတတ်ပါတယ်။ စိတ်ရှည်ပြီး စောင့်ပါ။

[အကယ်၍ Logo မှာ တန့်နေမယ်ဆိုရင်တော့ ဒီနေရာကနေ PDA.tar ကို ဒေါင်းယူပြီး flash ပြန်လုပ်လိုက်ပါ။]


အားလုံးအဆင်ပြေကြပါစေ
iTFree4U

0 comments:

Post a Comment