The Chronicles of Narnia ကားရဲ့ နောက်ဆုံးအပိုင်းလေးပါ။ ပထမ ၂ ကားကို The Walt Disney Company ကထုတ်လုပ်ထားပေမယ့် ဒီကားကိုတော့ 20th Century Fox က ထုတ်လုပ်ထားတာပါ။ ဒါကလည်း ရုပ်ရှင် Industry ရဲ့ ထူးခြားမှုဖြစ်သလို ရုပ်ရှင်ကို ရိုက်ကူးတဲ့အခါမှာ ပြောင်းလဲတဲ့ အယူအဆတွေ များစွာ တွေ့ရမှာပါ။ ဒီတစ်ခါမှာတော့ Lucy နဲ့ Edmund တို့ဟာ သူတို့ရဲ့ တူတော်သူ Eustace Scrubb နဲ့အတူ Narnia ကို ပြန်ရောက်သွားပြီး King Caspian နဲ့အတူ ပျောက်ဆုံးနေတဲ့ သခင်ကြီး ၇ ယောက်ကို ပြန်လည်ရှာဖွေရင်း Narnia တိုင်းပြည်ကြီးကို မကောင်းဆိုးဝါးတွေရဲ့ လက်ကနေ ပြန်လည်ကယ်ရမယ့် ဇာတ်သွားလေးပါ။ 3D Effect ရဲ့ ရိုက်ကူးမှုကြောင့် အင်မတန်ကို ကြည့်ကောင်းတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ။
ဒေါင်းရလွယ်ကူအောင် အပိုင်း(၃)ပိုင်းခွဲထားပေးပါတယ်။ အင်္ဂလိပ်စာလည်း လေ့လာနိုင်အောင် စာတမ်းထိုးကိုလည်း ထည့်ထားပေးပါတယ်ဗျာ။
ဆက်လက်မျှဝေပါဦးမည်။
ကျေးဇူးတင်စွာဖြင့်
iTFree4U
0 comments:
Post a Comment