Facebook ရဲ့ နောက်ခံပုံလေး ပြောင်းကြည့်ရအောင်

ကျွန်တော်တို့ ပုံမှန် မြင်နေကျ Facebook နောက်ခံပုံလေးကို ရိုးလာပြီဆိုရင်တော့ မိမိစိတ်ကြိုက်ပုံလေးကို FB Refresh လို့ခေါ်တဲ့ Google Chrome Extension လေး သုံးပြီး ပြောင်းကြည့်ရအောင်ဗျာ။ လုပ်ပုံလုပ်နည်းကလည်း အင်မတန်ကို ရိုးရှင်းလွယ်ကူပါတယ်။

၁) Chrome App Store ကနေ FB Refresh ဆိုတဲ့ Extension လေးကို install လုပ်လိုက်ပါ။

၂) ကဲ install လုပ်ပြီးပြီဆိုရင်တော့ adress bar မှာ "chrome://extension/s" လေးကို ရိုက်ထည့်ပြီး ဖွင့်လိုက်ပါ။

၃) အဲဒီအောက်မှာ Chrome Browser ထဲမှာ သွင်းထားတဲ့ Extension လေးတွေကို တွေ့ပါလိမ့်မယ်။ အဲဒီထဲကမှ FB Refresh အောက်မှာ Options ဆိုတာလေးကို နှိပ်လိုက်ပါ။

၎) နှိပ်လိုက်ပြီဆိုရင်တော့ အပေါ်က ပုံလေးအတိုင်း တွေ့ပါမယ်။ ဒါဆိုရင်တော့ Choose files ဆိုတဲ့ခလုတ်လေး ကို နှိပ်ပြီး မိမိကြိုက်တဲ့ ပုံလေးကို ထည့်ပေးလိုက်ပါ။ သို့တည်းမဟုတ်ရင်လည်း သူ ပေးထားတဲ့ theme ထဲက ပုံလေးတွေကိုလည်း ရွေးနိုင်ပါတယ်။

၅) ပြီးပြီဆိုရင်တော့ Save ခလုတ်လေးကို နှိပ်လိုက်ပါ။

ကဲ ရိုးအီလာတဲ့ Facebook Background လေးကို ပြောင်းပြီး သုံးပေါ့ဗျာ။ ကျွန်တော့်ကတော့ ချက်ချင်းကို ပြောင်းပ လိုက်ပြီဗျာ။  သူငယ်ချင်းများအားလုံး အဆင်ပြေကြပါစေ။



မူရင်းလင့် [How To Change Facebook Background With FB Refresh]

ကျေးဇူးတင်စွာဖြင့်
iTFree4U

0 comments:

Post a Comment