Windows 8 မှာ Metro Start Screen ကို ဘယ်လိုကျော်မလဲ(Class Shell Start Menu 4.0.2)

Windows 8 မှာ အင်မတန်ကို ဆွဲဆောင်နိုင်တဲ့ အချက်တစ်ခုကတော့ Metro Start Screen ပါပဲ။ ကွန်ပျူတာကို ဖွင့်လိုက်လိုက်ချင်း Windows 8 တက်လာတာနဲ့ Start Screen ကို တွေ့ရမှာပါ။ ဒါပေမယ့် တချို့သော User တွေကတော့ အဲဒီ Start Screen ကို မကြိုက်နှစ်သက်ကြပါဘူး။ ကျွန်တော်ကိုယ်တိုင် အပါအ၀င်ပေါ့။ နောက်တစ်ခုကတော့ Start Menu မပါတဲ့အချက်ကလည်း User တချို့အတွက် အသုံးပြုရတာ အနည်းငယ် အခက်အခဲဖြစ်စေပါတယ်။ ဒါကြောင့် ၁ ချက်ခုတ် ၂ ချက်ပြတ် Class Shell ဆိုတဲ့ Start Menu လေးနဲ့အတူ Metro Start Screen ဘယ်လို ကျော်ပြီး Desktop ဆီကို ဘယ်လို တိုက်ရိုက် ၀င်မယ်ဆိုတာလေးကို ပြောပြချင် လို့ပါ။ Menu လေးကို ဒီမှာ အရင်ဒေါင်းယူလိုက်နော်။

ပြီးရင် install လုပ်လိုက်ပါ။ ပြီးရင်တော့ Start Menu နေရာလေးမှာ R-Click နှိပ်ပြီး Settings လေးကို ဖွင့်လိုက်ပါ။ အဲဒီထဲကမှ Windows 8 Settings လေးကို ဖွင့်လိုက်ပါ။ အဲဒီအောက်မှာတော့ Skip Metro Screen လေးကို အမှန်ခြစ်ပြီး Disable active corners အောက်မှာ All လေးကို ရွေးပေးလိုက်ပါ။ အားလုံး ပြီးရင်တော့ OK နှိပ်ပြီး Apply ဖြစ်အောင် Restart ချလိုက်ပါ။ ဒါဆို စက်တက်တာနဲ့ Desktop ပေါ် တန်းရောက်ပြီပေါ့ဗျာ။ အားလုံး အဆင်ပြေကြပါစေနော်။


ကျေးဇူးတင်စွာဖြင့်
iTFree4U

0 comments:

Post a Comment