Windows 8 အတွက် နည်းလမ်းလေးများ (၃)

ဒါကတော့ Windows 8 ရဲ့ Desktop ပေါ်က Icon တွေကြား Spacing အကွာအဝေးကို အကျဉ်း/အကျယ် လုပ်ပေးမယ့် နည်းလမ်းလေးပါ။ Windows 8 ရဲ့ feature လေးမှာ Desktop ရဲ့ Color, Appearance, Icon တွေကို R-click ရဲ့ Personalization ထဲမှာ လိုသလို ပြောင်းလဲနိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်း ကတော့ Windows Registry Editor နဲ့ လုပ်ရမယ့် နည်းလမ်းလေးပါ။


၁) Windows Registry Editor လေးကို ဖွင့်ပါ။ (ဖွင့်နည်းကတော့ သိလောက်ပြီ ထင်ပါတယ်)
၂) အောက်ပါ လမ်းကြောင်းအတိုင်း ၀င်လိုက်ပါ။
HKEY_CURRENT_USER\Control Panel\Desktop\WindowMetrics

၃) အဲဒီထဲမှာမှ IconSpacing နဲ့ IconVerticalSpacing ဆိုတာလေးကို ရှာလိုက်ပါ။ သူရဲ့ Default Value ကတော့ -1125 ပါ။ အဲဒီတန်ဖိုးလေးကို မိမိလိုချင်သလောက် လိုတိုး ပိုလျှော့လုပ်ပြီး အကျဉ်း/အကျယ်ကို စမ်းကြည့်လိုက်ပါ။ အဆင်ပြေပါစေဗျာ။


ကျေးဇူးတင်စွာဖြင့်
iTFree4U

0 comments:

Post a Comment