Showing posts with label မြန်မာဖောင့်. Show all posts
Showing posts with label မြန်မာဖောင့်. Show all posts

iOS 7 မှာ မြန်မာလို ဖတ်နိုင်ပါပြီ

ဝမ်းသာစရာသတင်းတစ်ခုကို ပြန်လည် မျှဝေခြင်းမျှသာ ဖြစ်ပါတယ်။ ကျွန်တော်တို့လို Apple ချစ်သူအတွက် Jailbreak ကို စောင့်ရတာဟာလည်း ဒုက္ခတစ်ခုပါ။ iOS အသစ်တစ်ခု ထွက်တိုင်း update မလုပ် ရဲလောက် အောင်ပါပဲ။ ဘာကြောင့်လဲဆိုတော့ မြန်မာစာဖတ်မရတဲ့ ဒုက္ခတစ်ခုကြောင့်ပါ။ အခုတော့ မြန်မာ Developer ပညာရှင် Thant Thet က iOS 7 တွေအတွက် မြန်မာဖတ်နိုင်အောင် ဖန်တီးပေးလိုက်ပါပြီဗျာ။

ကျွန်တော်ကိုယ်တိုင် လက်ရှိ ၀မ်းသာအားရနဲ့ သုံးစွဲနေပါပြီဗျာ။ ဒါကြောင့် ကျွန်တော့်သူငယ်ချင်းများ Apple ချစ်သူများအတွက် တဆင့် ပြန်လည် မျှဝေလိုက်ပါတယ်။ မြန်မာနိုင်ငံသား Apple ချစ်သူများအားလုံး ကိုယ်စား ကျွန်တော် ဒီနေရာ ဒီ post လေးနဲ့ တီထွင်ပေးခဲ့သူ Thant Thet နဲ့ ထုတ်ဝေဖြန့်ချီပေးသူ Htain Lin Shwe တို့ကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်ခင်ဗျာ။

ကဲ ပြုလုပ်ပုံအဆင့်ဆင့်လေးကို ဖော်ပြပါရစေ။
၁) မိမိ iOS 7 ထည့်သွင်းထားတဲ့ iPhone / iPad ရဲ့ Safari မှာ အောက်ပါ လိပ်စာကို ရိုက်ထည့်လိုက်ပါ။
https://www.dropbox.com/s/zugfuz6n6u6dpwj/ZawgyiOne.mobileconfig

၂) အောက်ပါပုံအတိုင်း ပေါ်လာရင် Download ကို နှိပ်လိုက်ပါ။
၃) ပြီးရင် Install Now ကို နှိပ်လိုက်ပါ။
၎) Install ပြီးသွားရင်တော့ Done ဆိုတာလေးကို နှိပ်လိုက်ပါ။
ကဲ နောက်ဆုံးမှာတော့  iOS 7  မှာ မြန်မာလို ဖတ်လို့ရသွားပါပြီဗျာ။ မြန်မာလို ရိုက်လို့ရဖို့ကိုတော့ ကြိုးစားနေဆဲ ပါတဲ့ဗျာ။ မကြာခင်မှာ သတင်းကောင်း ကြားရလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်ဗျာ။

ကျေးဇူးတင်စွာဖြင့်
iTFree4U

Windows 8 အသုံးပြုသူများအတွက် Zawgyi-One Font အသုံးပြုနည်း

Windows 8 အသုံးပြုသူများအတွက် Zawgyi-One Font အသုံးပြုနည်းဖြစ်ပါတယ်…။ အရင်ဦးဆုံး Zawgyi Font and Zawgyi typing Keyboard မရှိသေးသူများ ကျနော်အောက်မှာပေးထားတဲ့ Links လေးတွေကနေ အရင်းဆုံးဒေါင်းလုပ်ယူလိုက်ပါ…။ ပြီးရင် Zawgyi-One Font ကိုInstall လုပ်ပါ…. Zawgyi typing Keyboard ဖိုင်ကိုဖွင့်ပြီး Setup ဆိုတာလေးကို Install လုပ်လိုက်ပါ...။ ပြီးရင် ဒုတိယဖိုင်ထဲက IEZawGyiGtalkfont ဆိုတာကို install လုပ်ပါ....။ အဲဒါတွေက ပထမအဆင့်ပါ… ဒုတိယအဆင့်က Control Panel ထဲဝင်ပြီး Language Setting ကိုပြင်ရပါမယ်…။  အဆင့်(၁) Control Panel ဖွင့်လိုက်ပါ ပြီးရင် All Control Panel Items ထပ်ဖွင့်လိုက်ပါ…။ ပြီးရင် ပုံမှာပြထားတဲ့အတိုင်း Language ဆိုပြီး ကမ္ဘာလုံးပုံလေးကို ကလစ်လိုက်ပါ….။
အဆင့်(၂) ပုံမှာပြထားတဲ့အတိုင်း Advaced Settings ဆိုတာကို ကလစ်လိုက်ပါ...။
အဆင့်(၃) ပုံမှာပြထားတဲ့အတိုင်း Override for default input method ဆိုတာကိုရှာပါ...။ အဲဒီအောက်က ဘားလေးထဲမှာ English(United States)- Zawgyi Myanmar Unicode L ဆိုတာလေးကို ရွေးပေးပါ... ပြီးရင် Save လိုက်ပါ...။ ဒါဆိုရင် Zawgyi Font ကို windows 8 မှာ အသုံးပြုလို့ရပါပြီ...။
Download For Zawgyi-One font

Download for Zawgyi keyboard

Download for IE Zawgyi Gtalk Font  

မြန်မာဖောင့် နဲ့ ပတ်သက်လို့ အခက်တွေ့နေသူများအတွက် စုစည်းတင်ပြသည်

မြန်မာဖောင့် နဲ့ ပတ်သက်လို့ အခက်ခဲ ဖြစ်နေသူတွေအတွက် စုစည်းတင်ပြပေးတာပါ
ကျနော်ကိုယ်တိုင်ရေးတာတော့မဟုက်ပါဘူးဗျာ ဒါပေမယ့် လိုအပ်နေသူတွေအတွက် လွယ်ကူအောင်
ဇော်ဂျီ မြန်မာဖောင့် ၁၄ မျိုး တစ်ခါတည်း ဒေါင်းလို့ ရအောင် ပေးထားပါတယ်

အဓီကကတော့ ၀င်းဒိုး ဗစ်တာ ၀င်းဒိုး ဆဲဗင်း 64bit အတွက်ပါ နားလည်တတ်ကျွမ်းလို့ မဟုတ်ပါဘူး
သူများရေးထားတာတွေ ကူးလာတာပါဗျာ...ဟဲဟဲ
ကျနော်ကတော့ ဇော်ဂျီ မြန်မာဖောင့် ၁၄ မျိုး တစ်ခါတည်း ဒေါင်းလို့ ရအောင် ပေးလိုက်မှာပါ

ခုအောက်က ဘလော့ကတော့ ဒီလင့်ကကူးလာတာပါ........
http://panchitthu.wordpress.com/category/ie-zawgyi-font/

ဝင်းဒိုးမှာ ဇော်ဂျီဖောင့် ကို install လုပ်တာက စပြောပေးပါ့မယ်။ XP မှာ ဆိုရင်တော့ အောက်ကပေးထားတဲ့ installer ကို Download လုပ်ပြီး run ပေးလိုက်ပါ။ Blogger day အတွက် ဆိုပြီး အမှတ်တရ ထုတ်ထားတဲ့ font and keyboard installer ဖြစ်ပါတယ်။ font ရော keyboard ရော install လုပ်ပေးမှာ ဖြစ်ပြီး၊ IE တွင် ဇော်ဂျီဖောင့် ပေါ်ရန် ပြောင်းလဲပေးခြင်း၊ အခြား installer များကဲ့သို့ password ရိုက်ပေးရမှု မရှိခြင်း၊ အခြားသော ၀င်းဒိုးမှာ ဖောင့်အတွက် ပြောင်းပေးရတဲ့ clear type ပြောင်းတာတွေ ဇော်ဂျီရွေးပေးရတာတွေကို ဒီ installer ကို run ပြီး restart လုပ်ပေးလိုက်ရုံနဲ့ အလိုလိုလုပ်ပေးပါတယ်။ အောက်မှာ ထူးခြားချက် အားလုံးကို ရေးထားပါတယ်။ ဖတ်ကြည့်ပါဦး။ ပုံအောက်က လင့်မှာ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။






Zawgyi keyboard and font installer Download (IEZawgyiGtalkfont.exe)

အားနည်းချက်ကတော့ Vista နဲ့ Windows 7 အချို့စက်များတွင် installing မပြီးဆုံးသော ပြဿနာများကို ကြုံရပါတယ်။ ပြီးတော့ 64-bit အတွက် support မရှိပါဘူး။ အဲဒါကို ဖြေရှင်းဖို့ အရင်ဆုံး manually install အနေနဲ့ ပြောပြပါ့မယ်။ Zawgyi font Installer များ run သော်လည်း စာရိုက်လို့ မရဘူး၊ သူများရေးတာပဲ မြင်ရတယ်ဆိုသူများအတွက်ပါ။ သူများရေးတာ မြင်ရတာက မိမိမှာ ဇော်ဂျီဖောင့် ရှိနေလို့ပါ။ ကိုယ်ပြန်ရေးမရတာက မိမိ zawgyi keyboard က အဆင်မပြေဖြစ်နေလို့ပါ။ ဘာသာစကား အမျိုးမျိုးကို ရိုက်နိုင်ရန်အတွက် keyboard တွေကို add ထားလို့ ရပါတယ်။
run မှာ intal.cpl လို့ ရိုက်၍သော်လည်းကောင်း၊ သို့မဟုတ် control panel မှ Region and Language ကို နှိပ်၍သော်လည်းကောင်း သွားပါ။ ပေါ်လာတဲ့ Region and Language box မှာ အလယ် tab ဖြစ်တဲ့ keyboards and languages ကို နှိပ်ပြီး၊ change keyboards ကို နှိပ်ပါ။

မလိုအပ်တာများရှိနေခဲ့ရင် click နဲ့ ရွေးပြီး remove လုပ်နိုင်သလို မိမိလိုချင်တဲ့ keyboard ကိုလည်း add လုပ်နိုင်ပါတယ်။ တကယ်လို့ အောက်မှာ ပြထားတဲ့အတိုင်း zawgyi keyboards ကို run ပေးထားရဲ့ သားနဲ့ ရှိမနေခဲ့ဘူးဆိုပါစို့။ ကိုယ့်ဘာသာ ရှာပြီး add ပေးကြည့်ရအောင်။

ပြထားတဲ့အတိုင်း add ကို နှိပ်ပါ။ မြန်မာဘာသာ ဆိုပြီး ၀င်းဒိုးမှာ ထည့်ပေးထားခြင်း မရှိသေးတဲ့အတွက် မြန်မာဇော်ဂျီ ကီးဘုတ်များကို English (United State) အောက်မှာ ထည့်ထားပါတယ်။ ရှာပြီး check ပေးပါ။ ပြီးရင် OK ကိုနှိပ်လိုက်ပါ။

ခုနက add နှိပ်ခဲ့တဲ့ နေရာမှာ ဇော်ဂျီကီးဘုတ် လာဝင်နေပါပြီ။ (အခြားကီးဘုတ်တစ်ခု ထည့်ချင်တယ်ဆိုလည်း ဒီအတိုင်းပါပဲ။ ဘယ်ဘာသာစကားလဲဆိုတာကိုရှာ keyboard ဆိုတာကို check ပေးပြီး apply လိုက်ရုံပါပဲ)။ အဲဒီထည့်လိုက်တဲ့ ကီးဘုတ် အမျိုးမျိုးကို shortcut key တွေသုံးပြီး ပြောင်းရေးနိုင်အောင်အတွက် သတ်မှတ်ပေးလို့ရပါတယ်။ XP မှာတုန်းကတော့ အဲဒီ add နှိပ်ပေးရတဲ့ box ရဲ့ အောက်မှာပဲ key setting ဆိုပြီး ပါတာပါ။ Vista နဲ့ 7 အတွက်တော့ လက်ရှိပွင့်နေတဲ့ box ရဲ့ နောက်ဆုံး tab ဖြစ်တဲ့ Advanced key settings ဆိုတာကိုနှိပ်ပြီး key setting တွေ ပြောင်းပေးလို့ရပါတယ်။

နောက်တစ်ခုက အခုလို ဇော်ဂျီကီးဘုတ် add ပေးထားတာတောင် မိမိ taskbar မှာ keyboard icon ပေါ်မနေဘူးဆိုရင်လည်း စာရိုက်မရတာ ဖြစ်တတ်ပါတယ်။ ခုနက ဖွင့်ထားတဲ့ ဒုတိယ tab မှာ language အတွက် setting တွေ ရှိပါတယ်။ ဖတ်ကြည့်လိုက်ရင် နားလည်မှာပါ။ မိမိရဲ့ keyboard icon ကို ဘယ်မှာ ဘယ်လို ပေါ်ချင်လဲ ရွေးပေးနိုင်ပါတယ်။ တစ်နေရာရာမှာတော့ language bar ရှိမှ ကီးဘုတ်တွေပြောင်းပြီး ဘာသာအမျိုးမျိုးကိုရိုက်နိုင်မှာပါ။

အပေါ်ကအတိုင်း လုပ်ပေးလိုက်ရင်တော့ ဇော်ဂျီဖောင့်ကီးဘုတ်အတွက် အဆင်ပြေပြီး စာရိုက်နိုင်ပါပြီ။ ဒါပေမယ့် မိမိအသုံးပြုခဲ့တဲ့ installer နဲ့ ၀င်းဒိုး အဆင်မပြေတာရှိခဲ့ရင်တော့ ဇော်ဂျီကီးဘုတ်ကို add တဲ့အချိန်မှာ error ပြပါတယ်။ အဲဒါမျိုးဆိုရင်တော့ ဒီဝင်းဒိုးမှာ မိမိသုံးထားတဲ့ ကီးဘုတ်က ဘယ်လိုမှ အသုံးပြုလို့မရတာပါ။ (အပေါ်က manually install လုပ်ဖို့ ပြောခဲ့တာပါ။ အဆင်သင့်သုံးချင်သူများအတွက် အောက်က နည်းအတိုင်းသုံးနိုင်ပါတယ်)။ အခြို့က zawgyi အတွက်ဆိုရင် အနည်းဆုံးနှစ်မျိုးကလေ လေးမျိုးလောက်ထိ run ပေးတတ်ကြတယ်ဗျ။ အဲဒီမှာ ရှုပ်ကုန်ပြီး ပြဿနာတွေလည်း တတ်တတ်ပါတယ်။ နောက်ပြီး လက်ရှိ http://www.mandalayalpha.com/ မှာ ကီးဘုတ်အမျိုးအစား အမျိုးမျိုးနဲ့ removal တွေပါ free download ပေးပါတယ်။ ကျနော်မကြိုက်ပါဘူး။ ဘာလို့လဲတော့ မမေးနဲ့။ အပေါ်က ကျနော်ပေးခဲ့တဲ့ installer တစ်ခုထဲကိုပဲ သုံးကြည့်ပါ။ installing complete ဖြစ်တယ်ဆိုရင် သူတောင်းတဲ့အတိုင်း restart ပေးလိုက်ပါ။ နေရာတိုင်းအတွက် လုံးဝ အဆင်ပြေပါတယ်။ အကယ်၍ အခြို့ ၀င်းဒိုးမှာ installing မပြီးခဲ့ရင် အောက်က keyboard installer ကို run ပေးပါ။ (Vista နဲ့ Windows 7 မှာ ဖြစ်တတ်ပါတယ်။ 64-bit windows ဆိုရင်လည်း အခုပေးတဲ့ ကီးဘုတ်ပဲ အဆင်ပြေမှာပါ)
Zawgyi keyboard installer Download (x86 and x64-bit windows)
ကျနော်ပေးထားတာကို ဇစ်ဖြည်လိုက်ရင် Zawgyil ဆိုပြီး ဖိုဒါတွေ့လိမ့်မယ်။ အဲဒီထဲမှာ setup ဆိုတဲ့ ကမ္ဘာလုံးပုံလေးကို run ပေးပါ။ ၅ စက္ကန့် ခန့်အတွင်း complete လို့ ပြပါလိမ့်မယ်။ (loading တွေ installing တွေ ဘာမှ မပြပါဘူး)။ Finish ဆိုတာကို နှိပ်ပေးလိုက်တာနဲ့ taskbar မှာ ဇော်ဂျီကီးဘုတ် ပေါ်လာမှာ ဖြစ်ပါတယ်။ (ဒီ installer နဲ့ အလွဲအချော်ဖြစ်တာ၊ အဆင်မပြေတာ တခါမှ မတွေ့ဘူးသေးပါဘူး။ ၀င်းဒိုးအားလုံးအတွက် အဆင်ပြေပါတယ်)။ ဒီ installer က ကီးဘုတ် တစ်ခုထဲကိုသာ ထည့်သွင်းပေးတာဖြစ်လို့ ဖောင့်မပါသေးပါဘူး။ (အပေါ်က ပေးခဲ့တဲ့ installer သို့မဟုတ် အခြား Installer တွေ run ပြီးလို့ အဆင်မပြေမှ ဒါကို run တယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး။ ဒါတစ်ခုထဲ run ထားတာ ဆိုရင်တော့ ဖောင့်ကို မိမိဘာသာ ထည့်ပေးရမှာဖြစ်ပါတယ်။
XP မှာ ဖောင့်တစ်ခုကို ထည့်သွင်းဖို့က ဖောင့်ကို copy ယူလာပြီး Control panel – Font ထဲမှာ paste ချပေးပါ။ ပြီးရင် ထည့်ပေးလိုက်တဲ့ ဖောင့်ကို double click နှိပ် (သို့) restart ချပေးမှ ဖောင့် active ဖြစ်ပါတယ်။ ဖောင့်အများကြီးကို install လုပ်ချင်တာ ဆိုရင်တော့ Control panel – Font ရဲ့ နေရာလွတ်တစ်ခုမှာ right-click လုပ်ပြီး install font ကို နှိပ်ပါ။ ပြီးရင် မိမိဖောင့်ထည့်ထားတဲ့နေရာကေို ရွေးပေးပြီး၊ select လုပ်ကာ install လို့ ပေးလိုက်လို့ရပါတယ်။
Vista နဲ့ windows 7 အတွက်တော့ အရမ်းလွယ်သွားပါပြီ။ Install လုပ်ချင်တဲ့ ဖောင့်ပေါ် right-click ထောက်ပြီး install ဆိုတာကို နှိပ်ပေးရုံပဲ။ အများကြီး install လုပ်ချင်ရင် အားလုံးကို select လုပ်ပြီး right-click ထောက် install နှိပ်ပါ။
Zawgyi font ဆိုလို့ သက်တမ်းတစ်လျှောက်မှာ ထူးခြားတဲ့ ဖောင့်တမျိုးရှိပါတယ်။ စာလုံးမှားရေးတတ်သူတွေအတွက် အတော်လေး အထောက်ကူရပါတယ်။ ဥပမာ – သုညနဲ့ ၀လုံးလိုမျိုးပေါ့။ အခြားဖောင့်တွေ အားလုံးက အတူတူပါပဲ။ အဲဒီအတွက် အလွယ်ပဲ ၀လုံးနေရာ သုညကိုပဲ ရေးလိုက်ပါတယ်။ ဒီဖောင့်မှာကျတော့ သုည အပေါက်လေး နှစ်ပေါက် လုပ်ပေးလိုက်တဲ့အတွက် ၀လုံးနဲ့ သိသိသာသာကြီး ကွာခြားသွားပါတယ်။ နောက်ပြီး “နု” ဆိုပြီးရေးမယ်ဆိုပါစို့ မိမိက န ကို အခုအတိုင်း ခြေထောက်ပါတဲ့ အရှည်ရေးမိလိုက်ရင်လည်း -ု ထည့်တဲ့ အချိန်မှာ သူ့ဘာသာ ခြေထောက်မပါတဲ့ နငယ် ဖြစ်အောင် ပြောင်းလဲပြီး နု အဖြစ်ရေးပေးသွားပါတယ်။ အထူးသဖြင့် ယရစ်တွေပေါ့။ မြန်မာစာလုံးမှာ ယရစ်တွေ အမျိုးမျိုးရှိပါတယ်။ လုံးကြီးတင်ပါ ၊ မပါ ၊ ယရစ်ကြီး၊ သေး တွေ ရှိပါတယ်။ြ-ြ-ြ-ြ- စသဖြင့်တွေ့ပါလိမ့်မယ်။ လုံးကြီးတင်ပါရဲ့သားနဲ့ အပြည့်ယရစ်နဲ့ရေးမိရင် မလှသလို၊ လုံးကြီးတင်မပါပဲနဲ့ အပွင့်နဲ့ဆိုလည်း မလှပါဘူး။ အဲလို မျိုးအတွက် ဒီဖောင့်က မိမိကြိုက်တာရေးလိုက် သူ့ဘာသာ ပြောင်းလဲသွားပေးပါတယ်။ ဒါတွေရဲ့ creator က မာ့ခ် လို့ သိရပါတယ်။ ကျနော်ပြောတာထက် အများကြီးပိုပြီး update လုပ်ထားပြီးပါပြီ။   ဒီနေရာမှာ   ဖောင့်တွေအတွက် သူပြောထားတာ အများကြီးရှိပါတယ်။ လေ့လာကြည့်ပါဦး။

ဇော်ဂျီဖောင့်နဲ့ ကီးဘုတ်တွေအတွက် အဆင်မပြေဖြစ်နေသေးသူများအတွက် ဒီပို့စ်ကို ရေးသားပါတယ်။
Ps … http://thanlonnge.net/




နောက်အောက်က ဘလော့ကတော့
http://disketmpz.wordpress.com/2011/02/09/ie-မှာ-zawgyi-font-ပေါ်ချင... ဒီကနေယူလာတာပါဗျာ

မိတ်ဆွေရဲ့ Internet Explorer မှာ ဇော်ဂျီဖောင့် ပေါ်အောင် လုပ်ချင်ရင် အောက်ပါ နည်းလမ်းလေးကို စမ်းကြည့်ပါ ..

Start Menu > Run ကို နှိပ်ပါ ..
nodepad လို့ ရိုက်ထည့်ပြီး Enter နှိပ်ပါ.. Nodepad Window ပေါ်လာပါလိမ့်မယ်။
အောက်မှာ ဖော်ပြထားတဲ့ Style Sheet HTML Code လေးကို ကော်ပီလိုက်ပါ .. ပြီးရင် Nodepad မှာ Right Click လုပ်ပြီး Paste လုပ်ပါ။..
body
{
font-family:Zawgyi-one;
}
input, select , textarea
{
font-family:Zawgyi-one;
}
ပြီးရင် “mmfont.css” လို့ ဖိုင် နာမည်နေရာမှာ ရေးပြီး save လိုက်ပါ.. ကိုယ် မှတ်မိမယ့် တနေရာပေါ့ …
အပေါ်က အဆင့်ပြီးရင် IE ကို ဖွင့်လိုက်ပါ ..
Tools > Internet Option ကို ရွေးလိုက်ပါ ..IE မဖွင့်ပဲ Internet Options တန်းပေါ်ချင်ရင်လည်း Run box ကနေ inetcpl.cpl လို့ ရိုက်ပြီး
Enter ခေါက်လိုက်လို့ ရပါတယ်..
ခု internet options ကို ရောက်ပြီ ထားပါစို့ ..Accessibility ဆို တဲ့ ခလုတ်လေး ညာဘက် အောက်နားလေးမှာ ရှိပါတယ် ..
ကလစ်လိုက်ပါ ..
၁) Ignore fonts style specified on webpages ဆိုတဲ့ Checkbox ကို Check လုပ်ပါ ။
၂) Format documents using my style sheet ဆို တဲ့ Checkbox ကိုလည်း check လုပ်ပါ.. ပြီးရင် Browse ကို နှိပ်ပြီး
ကျွန်တော်တို့ တနေရာမှာ Save ထားခဲ့တဲ့ mmfont.css ဆိုတဲ့ File လေးကို ရှာရွေးပေးပြီး Open ကို ကလစ်ပါ ..

ခု မြန်မာ ဆိုဒ် တဆိုက် ကို IE ကနေ ၀င်ကြည့်လိုက် ပါ ..
မြင်ရလား ?

ကျနော်ကကူးလာတာပါ....ကျနော့်လာမေးရင်တော့ဘာမှမသိဘူးနော်...
ဇော်ဂျီဖောင့်တွေ ဒေါင်းလို့ အဆင်မပြေရင်တော့ စာမျက်နှာ အောက်ဆုံးမှာလင့်ပေး ထားပါတယ်ဗျာ
ကျနော် မြန်မာဇော်ဂျီဖောင့် ၁၄ မျိုး ဒေါင်းလို့ရအောင်ပေးထားတယ်...
နားမလည်တာရှိရင်တော့ မူရင်ဆိုက်မှာမေးကြပါဗျာ......
ဒီမှာကလစ်လိုက်တာနဲ့ဖိုင်ကျလာမှာပါ
ဝင်းဒိုး အိပ်ပီ အတွက်.. ZFK-EG-W ဒီနာမည်နဲ့ ဖိုင်ကအဆင်ပြေပါတယ်
ဝင်းဒိုး ဗစ်တာ ၀င်းဒိုး ဆဲဗင်း 64bit အတွက်လည်း နာမည်နဲ့ သတ်သတ် ပေးထားပါတယ်ဗျာ
<internetchitthulay4@gmail.com>

မူရင်း။ ။  မြန်မာချစ်သူ
Admin@@@မောင်အေးလွင်

မတတ်တာအပြစ်မဟုတ်ပါ...မသင်တာအပြစ်ပါ.....

ကျနော်မတတ်ပါ ကျနော်ဟာ သင်ယူလေ့လာနေသူတစ်ဦးပါ...ဟိဟိ..လိပ်မျိုး
သင်ယူလေ့လာနေသူကတော့ မသင်သူထက်တော့ တတ်မှာပါ....ဟုတ်ဘူးလား :D

Android ဖုန်း နဲ့  zawgyi

Android ဖုန်းတွေမှာ  မြန်မာဖောင့်  (ဇော်ဂျီ)  သွင်းပုံသွင်းနည်းလေးကို  သူငယ်ချင်းတွေမေးကြတာ    များလို့   post အဖြစ်  တင်လိုက်တာပါ......ဘာမှမခက်ခဲပါဘူး..လွယ်လွယ်ကူကူပဲ  မြန်မာဖောင့်ကို  သွင်းလိုရပါတယ် ..
ပထမဆုံး  အနေနဲ့   ဖုန်းကို  WiFi  နဲ့  အရင်ချိတ်လိုက်ပါ..ပီးရင်  Android ရဲ့ Market  မှာ Fontomizer SP  ဆိုတာကို  ရှာလိုက်ပါ  တွေ့ ပီဆိုရင်  ဖုန်းထဲကို  install လုပ်လိုက်ပါ...



ပုံလေးမှာလည်းပြထားပါတယ်  ..logo လေးက  ကျတောဓာတ်ပုံရိုက်ထားတာ   သိပ်မထင်ရှားဘူးဖြစ်နေတယ်..
ဖုန်းထဲကို  Fotomizer SP လေးရောက်လာပီဆိုရင်  open လိုက်ပါ  ပီးရင်  font အမျိုးအစားတွေအများကြီးထဲက  အောက်ဆုံးမှာ Zawgyi -One ဆိုတာလေးကို ရွေးပီး  install လုပ်လိုက်ပါ
 install လုပ်ပီးသွားပီဆိုရင်တော့  ဖုန်းရဲ့ setting ထဲကိုဝင်.....ပီးရင် Display  ->Font style မှာ Zawgyi One TTF ဆိုတာလေးကို  ရွေးလိုက်ရင်  မြန်မာစာကို  မြင်ရပီဖြစ်ပါတယ်
ကျတော်  Samsung  Galaxy S , Galaxy SPlus , Glaxy S2 မှာ အပေါ်က အတိုင်းလုပ်တာ  အဆင်ပြေပါတယ်.. Gtalk , Gmail , Facebook ........   တွေမှာ မြန်မာစာ(ဇော်ဂျီ) ကို ကောင်းမွန်စွာ မြင်ရပါတယ်


မြန်မာစာကို  ရိုက်ဖို့ အတွက်ကတော့  Android ရဲ့ Market    iTextMM2 Keyboard ကို ရှာပီးအင်စတောသွင်းလိုက်ပါ..ပီးသွားတာနဲ့   ဖုန်းရဲ့ settings ထဲကိုဝင်ပါ ..
ပီးရင် Locale and text မှာ iTextMM2 Keyboard ကို အမှတ်ခြစ်လေး လုပ်ပေးလိုက်ပါ..
နောက်တဆင့်က   settings-> Locale and text  ထဲက  Select input method ထဲကို ၀င်ပါ..ပီးရင်
iTextmm2 Keyboard လေးကိုရွေးပေးလိုက်ရင်  မြန်မာလိုရိုက်ဖို့ အတွက်  အဆင်ပြေသွားပါပီ..
ရိုက်ရတာလည်း  အဆင်ပြေလွယ်ကူပါတယ်
ခုကျတော်စမ်းထားတာ ကျတော်သုံးနေတဲ့ Samsung Galaxy SPlus မှာပါ...တချို့  Android ဖုန်းအမျိုးအစားတွေအတွက်  setting ပိုင်းမှာ လုပ်ပုံလုပ်နည်းကွဲလွဲနိုင်ပါတယ်..အဆင်မပြေတာရှိရင် comment မှာ ချန်ထားခဲ့ပါ..
Android Market  က  iTextmm  ရဲ့   မူရင်းလင့်လေးပါတင်ပေးထားပါတယ်  ဒီမှာပါ
မူရင်းလင့်လေးမှာ စာရိုက်ပုံကို ဗီဒီယိုဖိုင်လေးနဲ့ ပါ   တင်ပေးထားပါတယ်..လိုအပ်ရင်ဝင်ကြည့်လိုက်ပါ..

ဇော်ဂျီ နဲ့  window ပြဿနာ

ကျတော့သူငယ်ချင်းတချို့ နဲ့  မိတ်ဆွေတချို့ က စက်မှာ ဇော်ဂျီဖောင့်ကိုသွင်းပီး မြန်မာလို မမြင်ရလို့  .. မြင်ရပီးတော့ gtalk မှာ စာရိုက်လို့ မရလို့ ....စာရိုက်လို့ ရပီး enter ခေါက်လိုက်ရင် အကွက်လေးတွေပဲ ပေါ်လို့  ဆိုပီး လာလာမေးကြတယ်...ဒါနဲ့ ပဲ အဆင်မပြေတဲ့လူတွေပါ တခါတည်းသိအောင်လို့ ဆိုပီး ဒီပိုစ့်လေးရေးလိုက်တာပါ...
အဓိကပြဿနာတက်တာတော့ window 7 နဲ့  64 bits တွေကိုကိုင်တဲ့လူတွေမှာ
အဆင်မပြေတာတွေများပါတယ် ..တကယ်လို့  အဆင်မပြေတဲ့လူတွေရှိရင် အောက်ပါအတိုင်းလေးလုပ်လိုက်ပါ..ကဲစရအောင်ဗျာ..
တခါတလေ စက်ထဲမှာဇော်ဂျီတွေတင်တာများလို့  ရှုပ်ကုန်ပီး အဆင်မပြေဖြစ်နေတတ်ပါတယ်..အဲ့ဒီတော့ ပထမဆုံး ကျတော်ပေးချင်တဲ့ဆော့ဝဲလ်လေးက AlphaZawgyiRemover ဆိုတာလေးပါ...အဲ့ဒီကောင်လေးကို run လိုက်တာနဲ့ စက်ထဲကဇော်ဂျီတွေကို ဖျက်ပေးသွားပါလိမ့်မယ်...ပီးတာနဲ့  စက်ကို restart ချပေးပါလိမ့်မယ်..
ဒီနေရာလေးကနေ ဒေါင်းပါ....
ပီးသွားပီဆိုရင်တော့ ဒီမှာပေးထားတဲ့ Alpha zawgyi unicode font ကိုဒေါင်းလိုက်ပါ...ပီးတာနဲ့  install လုပ်လိုက်ပါ ပီးရင်စက်ကို restart ချလိုက်ပါ...ဒါဆိုရင် အဆင်ပြေပါပီ...
ဒီလိုလုပ်ပီးမှ မြင်ပဲမြင်ရပီး စာရိုက်လို့ မရသေးဘူး ၊ taskbar မှာလည်း keyboard icon လေးမပေါ်ဘူးဆိုရင်တော့ နောက်ထပ် software လေးထပ်ပေးပါမယ်
ယူပီးသွားတာနဲ့  rar ဖိုင်လေးကိုဖြည်လိုက်ရင် zawgyi folder လေးထွက်လာပါမယ်...ဖိုင်ကိုဖွင့်လိုက်ပါ ပီးရင်setup ဆိုတာလေးကို run လိုက်ပါ... loading တို့  install လုပ်တာတို့ မပြပဲ ခဏကြာတာနဲ့  အောက်မှာပြထားတဲ့ပုံလေးအတိုင်း ဘောက်လေးတစ်ခုပေါ်လာပါလိမ့်မယ်...


ပေါ်လာပီဆိုတာနဲ့  close ကိုနှိပ်လိုက်တာနဲ့  taskbar မှာ keyboard icon လေးပေါ်နေမှာပါ..စမ်းရိုက်ကြည့်ပါ ...မြန်မာစာ (ဇော်ဂျီ)ကို အဆင်ပြေစွာ ရိုက်လို့ ရတာ တွေ့ ရပါမယ်..
နောက်ထပ်ပြောချင်တာလေးက IE9 ကို update လုပ်လိုက်ရင် gtalk မှာ အကွက်ထဲမှာ စာရိုက်ရင် မြင်ရပီး enter ခေါက်လိုက်ရင် အကွက်လေးတွေပဲပေါ်ပီး မြန်မာစာကို မမြင်ရတော့ပဲ ဖြစ်တတ်ပါတယ်..
အဲ့ဒီလိုဆိုရင်.. IE ရဲ့ Tools > Internet Options > Fonts မှာ Zawgyi-One ကိုရွေးပေးလိုက်ရင် ရပါပီ..
အဆင်မပြေတာ၇ှိရင် comment လေးချန်ပေးခဲ့ပါ