ကျွန်တော်ငယ်စဉ်ကတည်းက ကျွန်တော့်ဘ၀ကို အလင်းရောင်ပေးခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ပါ။ ကျွန်တော် မှတ်မိသလောက် ကျွန်တော် ၁၂ နှစ်လောက်ကတည်းက ဖတ်ဖြစ်ခဲ့တဲ့ ကဗျာလေးပါ။ ခုချိန်ထိလည်း အဲဒီဝါကျင့်ကျင့် စာရွက်လေးကို သိမ်းထားဆဲပါပဲ။ ကျွန်တော် သွားလေရာ ကမ္ဘာအရပ်ရပ်ကိုလည်း ဒီစာရွက်ကို ယူသွားဆဲပါ။ ကျွန်တော့်ဘ၀မှာ လဲပြိုလောက်တဲ့ ဒုက္ခအခက်အခဲတွေ တွေ့တိုင်းမှာ ဒီအလင်း ရောင်လေးရဲ့ကျေးဇူးကြောင့် ကျွန်တော်ပြန်လည် နိုးထခဲ့တာပါ။ ခုလို Blog ဖန်တီးဖြစ်တော့ မေ့ပျောက်လို့ မဖြစ်နိုင်တဲ့ ဘ၀ရဲ့အလင်းရောင်အဖြစ် မှတ်တမ်းတင်ခြင်းဖြစ်ပါတယ်။
ရုန်းရင်းကန်ရင်း (ဆရာဦးအေးငွေ)
* လေထန်တိုင်းသာ ပွင့်ကြွေပါမူ
ဘယ်မှာ ပန်းများ ကျန်မည်နည်း။
* လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ
ဘယ်မှာ မြေကြီး ကျန်မည်နည်း။
* ကျရှုံးတိုင်းသာ ငိုရပါမူ
ဘယ်မှာ မျက်ရည် ကျန်မည်နည်း။
* အမှောင်တစ်ဝက်၊ လင်းတစ်ဝက်သည်
တစ်ရက်တစ်ခါ၊ ကြုံမြဲသာတည့်။
အရှုံးတစ်လှည့်၊ နိုင်တစ်လှည့်မှာ
မျက်လှည့်ပမာ၊ တွေ့မြဲသာတည့်။
* ဘ၀သည်ကား တိုက်ပွဲများပင်
လှုပ်ရှားရသော လူ့ရွာတောဝယ်
လင်းသော မှောင်သော၊ အောင်သော ရှုံးသော
မုန်းသော ချစ်သော၊ သစ်သော ဟောင်းသော
ကောင်းသော ဆိုးသော၊ ညှိုးသော လန်းသော
ကြမ်းသော နုသော၊ ပူသော အေးသော
စောကြောစိတ်ဖြာမနေသာပေ။
* လဲရာကထ၊ ကျရာကတက်
ပျက်ရာကဆောက်၊ ရှေ့သို့လျှောက်၍
ရောက်ရာဘ၀၊ အားမာန်ပြရင်း
ရုန်းရကန်ရမည်တကား။ ။
ကျေးဇူးတင်စွာဖြင့်
မောင်မင်းသိန်း(ရန်ကုန်)
ဘယ်မှာ ပန်းများ ကျန်မည်နည်း။
* လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ
ဘယ်မှာ မြေကြီး ကျန်မည်နည်း။
* ကျရှုံးတိုင်းသာ ငိုရပါမူ
ဘယ်မှာ မျက်ရည် ကျန်မည်နည်း။
* အမှောင်တစ်ဝက်၊ လင်းတစ်ဝက်သည်
တစ်ရက်တစ်ခါ၊ ကြုံမြဲသာတည့်။
အရှုံးတစ်လှည့်၊ နိုင်တစ်လှည့်မှာ
မျက်လှည့်ပမာ၊ တွေ့မြဲသာတည့်။
* ဘ၀သည်ကား တိုက်ပွဲများပင်
လှုပ်ရှားရသော လူ့ရွာတောဝယ်
လင်းသော မှောင်သော၊ အောင်သော ရှုံးသော
မုန်းသော ချစ်သော၊ သစ်သော ဟောင်းသော
ကောင်းသော ဆိုးသော၊ ညှိုးသော လန်းသော
ကြမ်းသော နုသော၊ ပူသော အေးသော
စောကြောစိတ်ဖြာမနေသာပေ။
* လဲရာကထ၊ ကျရာကတက်
ပျက်ရာကဆောက်၊ ရှေ့သို့လျှောက်၍
ရောက်ရာဘ၀၊ အားမာန်ပြရင်း
ရုန်းရကန်ရမည်တကား။ ။
ကျေးဇူးတင်စွာဖြင့်
မောင်မင်းသိန်း(ရန်ကုန်)
0 comments:
Post a Comment