ရန်ကုန် shopping mall များ၌ ထားရှိသင့်သော produce department

ရန်ကုန်၌ shopping mall များ များစွာ ဖွင့်လှစ်ထားခဲ့သည်မှာ လွန်ခဲ့သော ဆယ်စုနှစ်မတိုင်ခင်ကပင် ဖြစ်သည်။ သို့သော် department store ပုံစံမဆန်ဘဲ သာမန် mall အဖြစ်သာ အ၀တ်အထည်၊ အလှကုန်၊ လူသုံးကုန်၊ ဆေးဝါး စသည်ဖြင့် အခြေခံလူသုံးကုန်ပစ္စည်းများကိုသာ ရောင်းချသည်ကို တွေ့မြင်ရသည်။ သို့သော် နိုင်ငံတကာတွင် department ပုံစံမျိုးဖြင့် ဖွင့်လှစ်ထားရှိပြီး Home Center(အရုပ်၊ လျှပ်စစ်ပစ္စည်း၊ sport အ၀တ်အစားများ၊ sport ပစ္စည်းများ)၊ Grocery (or) Supermarket (အခြေခံ အဆင်သင့်ထုပ်ပိုး စားသောက် ကုန်များ)၊ Produce (ဟင်းသီးဟင်းရွက်)၊ Deli & Dairy(အချဉ်စိမ်အစားအသောက်များ၊ ထောပတ်များ၊ နို့ထွက်ကုန်ပစ္စည်းများ)၊ Frozen (ရေခဲရိုက်ထားသော သားငါး၊ ဟင်းသီးဟင်းရွက်များ)၊ Meat & Fish (လတ်လတ် ဆတ်ဆတ် ရောင်းချသော ဒေသထွက်ကုန် သား၊ ငါးများ) စသည်ဖြင့် ခွဲခြားကာ စနစ်တကျ ဖွင့်လှစ်ထားသည်ကို တွေ့မြင်ရပါသည်။ ရန်ကုန်မြို့တွင် City Mart, Ocean စသည်ဖြင့် လွန်စွာ ကျော်ကြားသော Hypermarket ကြီးများရှိသော်လည်း လတ်လတ်ဆတ်ဆတ် ရောင်းချသော ဟင်းသီးဟင်းရွက်ဌာန (Produce Department) ထားရှိသည်ကို မတွေ့ရှိရပေ။ ရန်ကုန်မြို့၌ ပထမဆုံးအနေနဲ့ Capital Hypermarket ၌ ၄င်းဌာန ထားရှိသည်ကို ၀မ်းမြောက်ဖွယ်ရာ တွေ့ရှိရပါသည်။ သို့သော် စုံစုံလင်လင် ရောင်းချရန် များစွာလိုအပ်နေပေသေးသည်။ ထို့ကြောင့် လက်ရှိ ကျွန်တော် လာရောက် လုပ်ကိုင်နေသော TSC(The Sultan Center) ၏ Produce Department ဌာန စုံလင်စွာ ရောင်းချလျှက်ရှိသော နိုင်ငံတကာမှ ဟင်းသီးဟင်းရွက်များနှင့် ပြည်တွင်းထွက် ဟင်းသီးဟင်းရွက်များကို မှတ်တမ်းတင်ကာ တင်ပြလိုက်ပါသည်။


ပြည်တွင်းထွက် ဟင်းသီးဟင်းရွက်များ

ပြည်ပနိုင်ငံမှ တင်သွင်းရောင်းချသော ဟင်းသီးဟင်းရွက်များ
သစ်သီးများကို အဆင်သင့်စားသုံးနိုင်ရန် လှပစွာ ခင်းကျင်းရောင်းချသည့်ပုံ
ပြည်ပနိုင်ငံပေါင်းစုံတင်ပို့လာသော ပန်းသီးများကို ခင်ကျင်းထားပုံ

0 comments:

Post a Comment