ဒါလေးကတော့ ကျွန်တော့်ရဲ့ စုစည်းမှုများထဲက တစ်ခုပေါ့ဗျာ။ ဘယ်အရာကို လေ့လာ လေ့လာ အခြေခံ မပါရှိပါဘဲ မဖြစ်နိုင်လှပါဘူးနော်။ အစကောင်းမှ အနှောင်းသေချာဆိုတဲ့ စကားလိုပါပဲ အခြေခံ ကျေမှသာလျှင် Advanced Level တွေ၊ Intermediate Level တွေ ဆက်သွားတဲ့အခါ လွယ်ကူပါလိမ့်မယ်။ဒါကြောင့် ကွန်ပျူတာ ပညာရပ်ကို လေ့လာတော့ဆိုရင်တော့ အခြေခံအကျဆုံး အရာတွေဖြစ်တဲ့ PC ဆိုတာဘာကိုခေါ်လဲ၊ ကွန်ပျူတာ ဘယ်လို အလုပ်လုပ်သလဲ၊ ကွန်ပျူတာတစ်လုံး ဘယ်လို တည်ဆောက်မလဲ၊ Windows ဆို ဘာလဲ စသည်ဖြင့် အခြေခံအကျဆုံးအရာတွေ လေ့လာစေချင်ပါတယ်။ ပြီးမှသာ မိမိလေ့လာလိုတဲ့ ဘာသာရပ်တစ်ခုဆီကို တက်လှမ်းတာဟာ အကောင်းဆုံး နည်းလမ်းပါပဲ။
တခြားတစ်ခုကတော့ ရှေးလူကြီးတွေ ပြောစကားတစ်ခွန်းရှိပါတယ်။ ဟိုလာလေး နည်းနည်း လေ့လာလိုက်၊ ဒီဟာလေး နည်းနည်း လေ့လာလိုက် လုပ်နေတာဟာ နောက်ဆုံး ဘာတစ်ခုမှ ရေရေရာရာ မသိလိုက်ပါဘဲနဲ့ မျောက်သစ်ကိုင်း လွတ်သလို ဖြစ်တတ်ပါတယ်တဲ့။ ဒါကြောင့် ကျွန်တော့် သူငယ်ချင်းများလည်း ကွန်ပျူတာပိုင်းဆိုင်ရာမှာ Web Developing လေ့လာရင် ကောင်းမလား၊ Hardware လေ့လာရင်ကောင်းမလား၊ Programming လေ့လာရင် ကောင်းမလားဆိုတာ ဖြစ်မနေဘဲ တစ်ဘာသာကို ဇောက်ချလေ့လာပြီး အောင်မြင်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။
အောက်မှာတော့ အခြေခံစာအုပ်လေး ကျွန်တော် စုဆောင်းမိသလောက် တင်ပေးထားပါတယ်ခင်ဗျား။ မပြည့်စုံပေမယ့် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ ဖတ်ရှုလိုသူများအတွက် ကတော့ ....
ဒီမှာဒေါင်းယူနိုင်ပါတယ်ခင်ဗျာ
ကျေးဇူးတင်စွာဖြင့်
မောင်မင်းသိန်း(ရန်ကုန်)
"ရှေးလူကြီးတွေ ပြောစကားတစ်ခွန်းရှိပါတယ်။ ဟိုလာလေး နည်းနည်း လေ့လာလိုက်၊ ဒီဟာလေး နည်းနည်း လေ့လာလိုက် လုပ်နေတာဟာ နောက်ဆုံး ဘာတစ်ခုမှ ရေရေရာရာ မသိလိုက်ပါဘဲနဲ့ မျောက်သစ်ကိုင်း လွတ်သလို ဖြစ်တတ်ပါတယ်တဲ့။ ဒါကြောင့် ကျွန်တော့် သူငယ်ချင်းများလည်း ကွန်ပျူတာပိုင်းဆိုင်ရာမှာ Web Developing လေ့လာရင် ကောင်းမလား၊ Hardware လေ့လာရင်ကောင်းမလား၊ Programming လေ့လာရင် ကောင်းမလားဆိုတာ ဖြစ်မနေဘဲ တစ်ဘာသာကို ဇောက်ချလေ့လာပြီး အောင်မြင်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။"
ReplyDeleteကျနော်နဲ့ တိုက်ဆိုင်လိုက်တာ ဗျာ