အလုံခြုံဆုံး Password တစ်ခု ဖန်တီးခြင်း

ကျွန်တော်တို့တွေ အီးမေးအကောင့်တွေ ဖွင့်တဲ့အခါ၊ Facebook အကောင့်တွေ အတွက်၊ site တွေမှာ member ၀င်ခဲ့ခါ Password တစ်ခု မဖြစ်မနေ ပေးရပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာ အလုံခြုံဆုံး Password ကိုတောင် ရှာနိုင်တဲ့ Software တွေ၊ Application တွေ ပေါ်လာပါပြီ။ ဒါကြောင့် မိမိပေးလိုတဲ့ Password ကို မိမိလည်း မှတ်မိလွယ်အောင် အလုံခြုံဆုံးလည်း ဖြစ်အောင် ဘယ်လို ပေးမလဲဆိုတဲ့ အကြောင်းကို ကျွန်တော် တင်ပြထားပါတယ်။

အကောင်းဆုံး Password ဆိုတာ
၁) အဘိဓာန်မှာ ရှာလို့ မတွေ့နိုင်တဲ့ စကားလုံးဖြစ်ရပါမယ်
၂) အက္ခရာ၊ နံပါတ်၊ နောက် အဲဒီ နံပါတ်ကီးပေါ်မှာ ရှိတဲ့ symbols စသည်တွေ ပါရှိရပါမယ်
၃) အက္ခရာအကြီး၊ အသေး နှစ်မျိုးစလုံး ပါဝင်ရပါမယ်
၎) ရှည်လေ ကောင်းလေ (ဘာကြီးပါလိမ့်လို့တော့ မမေးနဲ့နော်), Password ရှည်ရှည်ပေးလေ ခြုံမှုအား ပိုကောင်းပါတယ်။

အင်္ဂလိပ်စာမှာ အက္ခရာ ၂၆ လုံးရှိပါတယ်။ ပြီးတော့ ကိန်းဂဏန်း ၁၀ လုံး။ တခြား symbol ကို ခဏမေ့ထားလိုက်။ Password ကို ၂ လုံးပဲ ပေးပါ။ ဖြစ်နိုင်ခြေ စကားလုံးပေါင်းစပ်မှု ၂၃၆ လုံး(စုစုပေါင်း ၆၈၇, ၀၀၀, ၀၀၀) ရှိပါတယ်။ ဒါဆို Password ၈ လုံးထိ ဆွဲဆန့်လိုက်။ စကားလုံးပေါင်း ၈၃၆ လုံး(စုစုပေါင်း ၃၂၄, ၀၀၀, ၀၀၀, ၀၀၀, ၀၀၀, ၀၀၀, ၀၀၀, ၀၀၀, ၀၀၀, ၀၀၀, ၀၀၀) ပြုလုပ် ဖန်တီးနိုင်ပါတယ်။

ဒါပေမယ့် ဒီဘက်ခေတ်မှာ ထိုးဖောက်(crack, hack) ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုတဲ့ Password မျိုးကိုတောင် ရအောင် ရှာဖွေပေးနိုင်တဲ့ Password Generator တွေ များစွာ ပေါ်ပေါက်နေပါပြီ။

ဒါကြောင့် ပုံမှန်နည်းနဲ့ ပေးမယ့်အစား မိမိလည်း မှတ်မိလွယ်ပြီး တခြားသူလည်း ပြန်ထိုးမဖောက်နိုင်တဲ့ Password မျိုး ဖန်တီးစေချင်ပါတယ်။

ဥပမာ -  gandt3b! (goldilocks and the 3 bears!)
            MWHH2c1d (min, wai, hla, htike, 2 cats, 1 dog – မိသားစုဝင်တွေလေ)

အလုံခြုံဆုံး Password တစ်ခု ပိုင်ဆိုင်နိုင်ကြပါစေ
မောင်မင်းသိန်း(ရန်ကုန်)

0 comments:

Post a Comment