ကွန်ပျူတာကို မပိတ်သွားအောင် ဘယ်လိုလုပ်မလဲ [Don't Sleep]

ကျွန်တော်တို့တွေ တစ်ခါတလေ ကွန်ပျူတာကို မပိတ်သွားစေချင်ပါဘူး။ ဘယ်လိုအခါမျိုးတွေမှာလဲဆိုတော့ Download ဆွဲနေတဲ့အခါ၊ Antivirus Scan run နေတဲ့အခါမျိုး၊ Defragmenting လုပ်နေစဉ် စတဲ့အခါမျိုးတွေ မှာဆို ဖြစ်နိုင်ရင် ကွန်ပျူတာကို မပိတ်သွားစေချင်ပါဘူး။ ဒါပေမယ့် တစ်ခါတရံမှာ တချို့သော Windows updates တွေကြောင့် ကွန်ပျူတာဟာ အသုံးပြုသူရဲ့ Permission မရဘဲ Restart ကျ ကျသွားတတ်ပါတယ်။ အဲဒါမျိုးလေး shut down / restart မကျသွားရလေအောင် Don't Sleep ဆိုတဲ့ Program သေးသေးလေး တစ်ခုနဲ့ ကာကွယ်ထားရအောင်။ သူက ကွန်ပျူတာကို shutdown, logging off, hibernate, sleep, restart စတဲ့ ဖြစ်စဉ် တွေကို disable လုပ်ပေးထားမှာပါ။

Don't Sleep ဆိုတာက portable application လေးတစ်ခုပါ။ သူက  shutdown, logging off, hibernate, sleep, restart ဖြစ်စဉ်တွေကို  လိုအပ်တဲ့ အချိန်ကာလတစ်ခုစာ disable လုပ်ပေးနိုင်ပါတယ်။ Screen Saver ကို တက်မလာအောင် တားပေးထား နိုင်တယ်။ monitor ကိုတောင် မပိတ်သွားအောင် လုပ်ပေးနိုင်စွမ်းပါတယ်။ တားမြစ်ထားမယ့် အချိန်ကာလတစ်ခုကို သတ်မှတ်ထားနိုင်ပါတယ်။ ဘာပဲပြောပြော မိမိ လုပ်နေတဲ့ process ကို အနှောင့်အယှက် မဖြစ်တော့ဘူးပေါ့ဗျာ။

ဘယ်လို သုံးမလဲ ကြည့်ရအောင်နော်။
၁) ဒီမှာ Don't sleep.  ကို ဒေါင်းယူပါ။ 64 bit ကိုတော့ ဒီမှာ ယူနိုင်ပါတယ်။
၂) ဒေါင်းလို့ရတဲ့ zip ဖိုင်ကို Extract လုပ်ပါ။
၃) Don't sleep.exe ဖိုင်ကို run ပါ။
၎) အောက်ပါပုံအတိုင်း မိမိလိုချင်တဲ့ option ကို configure လုပ်နိုင်ပါတယ်။ မလိုချင်တဲ့ဟာကို uncheck လုပ် ထားပေးလိုက်ရုံပါပဲ။ အချိန်သတ်မှတ်ဖို့ကိုတော့ User Timer လေးကို အမှန်ခြစ်ပေးပြီး အချိန် သတ်မှတ် ပေး လိုက် ရုံပါပဲ။


ကဲဒါဆို လိုချင်တဲ့အခါမျိုးကို အသုံးပြုနိုင်အောင် သူငယ်ချင်းများအတွက် နည်းလမ်းလေးနဲ့တကွ မျှဝေလိုက် ပါတယ်နော်။ အားလုံး အဆင်ပြေကြပါစေဗျာ။


ဆက်လက်မျှဝေပါဦးမည်။
ကျေးဇူးတင်စွာဖြင့်
iTFree4U

0 comments:

Post a Comment